ဟာဗေး အီးလီးယော့ဟာ ၂၀၂၁ ခုနှစ်အတွက် EFL အကောင်းဆုံး လူငယ်ဆုမှာ ဆန်ကာတင် ၃ ဦး စာရင်းထဲ ပါဝင်သွားတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားဟာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းကို အငှားထွက်ကစားနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားကာ ကိုယ်တိုင် ၆ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ် ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူကစားနေတဲ့ ဘလက်ဘန်းက အဆင့် ၁၅ နေရာမှာ ရပ်တည်နေပေမယ့် အကောင်းဆုံးလူငယ်ဆုအတွက် နာမည်စာရင်း ပါလာခဲ့တာပါ။

လီဗာပူးအသင်းက မျှော်လင့်ချက်ကြီးစွာဖြင့် ခေါ်ယူထားတဲ့ အီးလီးယော့ဟာ အနာဂတ်မှာ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် အရေးပါသူ ဖြစ်လာနိုင်တယ်။ မနှစ်တည်းက ကစားသမားကို ပြိုင်ပွဲစုံ ပွဲအများအပြား ပါဝင်ကစားစေခဲ့ပြီး စီနီယာအဆင့် အတွေ့အကြုံရဖို့အတွက် ဒီရာသီမှာ ချန်ပီယံရှစ်ကလပ်ထံ အငှားပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အီးလီးယော့ဟာ အကောင်းဆုံး လူငယ်ဆုအတွက် ရီးဒင်းအသင်းမှ Olise နဲ့ နော်ဝစ်အသင်းမှ အာရွန်တို့ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နော်ဝစ်လူငယ် အာရွန်ဟာဆိုရင် ဘိုင်ယန်မြူးနစ်က ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းမယ်လို့တောင် သတင်းကြီး ထွက်ထားခဲ့တာဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ EA Sports က အွန်လိုင်း မဲပေးမှုကို စတင်ကာ ဆန်ကာတင် သုံးဦးကို မဲပေးဖို့ လုပ်ဆောင်ပေးမှာဖြစ်တယ်။ အွန်လိုင်းမဲပေးမှုကို ၂၅% ရေတွက်မှာဖြစ်ပြီး ကျန် ၇၅% ကတော့ အကဲဖြတ်သူတွေရဲ့ မဲပေးစနစ်ဖြင့် အကောင်းဆုံး လူငယ်ကို ရွေးထုတ်ပါလိမ့်မယ်။

EFL အကောင်းဆုံး လူငယ်ဆုကို လာမယ့် အင်္ဂါနေ့မှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

ZAWGYI

ဟာေဗး အီးလီးေယာ့ဟာ ၂၀၂၁ ခုႏွစ္အတြက္ EFL အေကာင္းဆံုး လူငယ္ဆုမွာ ဆန္ကာတင္ ၃ ဦး စာရင္းထဲ ပါဝင္သြားတယ္လို႔ သိရပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းကို အငွားထြက္ကစားေနတာျဖစ္ျပီး ျပိဳင္ပြဲစံု ၄၁ ပြဲ ကစားကာ ကိုယ္တိုင္ ၆ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ ျပဳလုပ္ထားႏုိင္တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူကစားေနတဲ့ ဘလက္ဘန္းက အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနေပမယ့္ အေကာင္းဆံုးလူငယ္ဆုအတြက္ နာမည္စာရင္း ပါလာခဲ့တာပါ။

လီဗာပူးအသင္းက ေမွ်ာ္လင့္ခ်က္ၾကီးစြာျဖင့္ ေခၚယူထားတဲ့ အီးလီးေယာ့ဟာ အနာဂတ္မွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ အေရးပါသူ ျဖစ္လာႏိုင္တယ္။ မႏွစ္တည္းက ကစားသမားကို ျပိဳင္ပြဲစံု ပြဲအမ်ားအျပား ပါဝင္ကစားေစခဲ့ျပီး စီနီယာအဆင့္ အေတြ႔အၾကံဳရဖို႔အတြက္ ဒီရာသီမွာ ခ်န္ပီယံရွစ္ကလပ္ထံ အငွားပို႔ေပးခဲ့တာ ျဖစ္ပါတယ္။

အီးလီးေယာ့ဟာ အေကာင္းဆံုး လူငယ္ဆုအတြက္ ရီးဒင္းအသင္းမွ Olise နဲ႔ ေနာ္ဝစ္အသင္းမွ အာရြန္တို႔ျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ေနာ္ဝစ္လူငယ္ အာရြန္ဟာဆိုရင္ ဘိုင္ယန္ျမဴးနစ္က ေပါင္ သန္း ၃၀ ျဖင့္ ကမ္းလွမ္းမယ္လို႔ေတာင္ သတင္းၾကီး ထြက္ထားခဲ့တာျဖစ္ပါတယ္။

လာမယ့္ ဗုဒၶဟူးေန႔မွာေတာ့ EA Sports က အြန္လိုင္း မဲေပးမႈကို စတင္ကာ ဆန္ကာတင္ သံုးဦးကို မဲေပးဖို႔ လုပ္ေဆာင္ေပးမွာျဖစ္တယ္။ အြန္လိုင္းမဲေပးမႈကို ၂၅% ေရတြက္မွာျဖစ္ျပီး က်န္ ၇၅% ကေတာ့ အကဲျဖတ္သူေတြရဲ႕ မဲေပးစနစ္ျဖင့္ အေကာင္းဆံုး လူငယ္ကို ေရြးထုတ္ပါလိမ့္မယ္။

EFL အေကာင္းဆံုး လူငယ္ဆုကို လာမယ့္ အဂၤါေန႔မွာ ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။