အမ်ဘတ်ပီ ထွက်ရင် ဆာလက်ကို ခေါ်ဖို့ကြံနေတဲ့ ပီအက်စ်ဂျီ

အမ်ဘတ်ပီနဲ့ ပီအက်စ်ဂျီရဲ့ လက်ရှိစာချုပ်က နောက်ရာသီ ကုန်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပေမယ့် အခုထိ သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပါဘူး။ ဒါကြောင့် ဘတ်ပီသာ ထွက်ခွာမယ် ဆိုရင် ပီအက်စ်ဂျီက အစားထို့ ပစ်မှတ် အဖြစ် လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဝိုက်နယ်ဒန် နေရာအစားထိုး ပစ်မှတ်

လီဗာပူးအသင်းဟာ ရာသီကုန်ရင် ထွက်ခွာတော့မယ့် ဝိုက်နယ်ဒန် နေရာ အစားထိုးဖို့ အတွက် ရိုးမား ကွင်းလယ် ကစားသမား လိုရန်ဇို ပယ်လီဂရီနီ ကို ချိတ်ဆက်နေပြီး ရိုးမားနည်းပြသစ် မော်ရင်ညိုက လာမယ့်နွေမှာ အပြောင်းအလဲတွေ လုပ်ဖို့ ရှိတာကြောင့် ပယ်လီဂရီနီကိုလည်း ရောင်းချနိုင်ခြေ ရှိနေပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ မက်ဂွဲရား

လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပြန်ကန်မယ့် ပွဲကို လာမယ့် မေ ၁၃ ရက်မှာ ကစားရတော့မှာ ဖြစ်ပြီး ယူနိုက်တက် ဘက်က အသင်းခေါင်းဆောင် ခံစစ်မှူး မက်ဂွဲရားဟာ ဗီလာနဲ့ ပွဲက ခြေကျင်းဝတ် နာသွားတဲ့ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာသေးဘဲ ရှိပါတယ်။

လက်စတာကို အခွင့်ကောင်းပေးပြီး လီဗာပူးကို ထိုးနှက်မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည လက်စတာနဲ့ ကစားမယ့် ပွဲမှာ အကယ်ဒမီထွက်နဲ့ အသင်း လူငယ်ကစားသမားတွေ အများစုကိုသာ အသုံးပြု ကစားသွားမယ်လို့ သိရပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြိုင်ဘက်တစ်သင်း ဖြစ်တဲ့ လက်စတာ က အခွင့်ကောင်း ရဖွယ် ရှိပါတယ်။

လီဗာပူးနဲ့ အနာဂတ်ကောင်း ရှိနေသေးတဲ့ မီနာမီနို

ဆောက်သမ်တန်မှာ အငှား သွားရောက် ကစားနေတဲ့ မီနာမီနိုက ကောင်းမွန်စွာ လုပ်ပြထားနိုင်ပြီး ဒီအတွက် အံ့အားမသင့် မိကြောင်း လီဗာပူး နည်းပြ ကလော့ပ်က ဆိုပါတယ်။ မီနာမီနိုက လီဗာပူးအတွက် အရေးကြီး ကစားသမား တစ်ဦး ဖြစ်တာကြောင့် ပြန်ခေါ်ပြီး အနာဂတ် အစီအစဉ်တွေထဲ ထည့်သွင်းသွားမှာ ဖြစ်ကြောင်းလည်း ကလော့ပ်က ဆိုပါတယ်။

Zawgyi

အမ္ဘတ္ပီ ထြက္ရင္ ဆာလက္ကို ေခၚဖို႔ၾကံေနတဲ့ ပီအက္စ္ဂ်ီ

အမ္ဘတ္ပီနဲ႕ ပီအက္စ္ဂ်ီရဲ႕ လက္ရွိစာခ်ဳပ္က ေနာက္ရာသီ ကုန္မွာ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ အခုထိ သက္တမ္းတိုးဖို႔ သေဘာတူညီမႈ မရေသးပါဘူး။ ဒါေၾကာင့္ ဘတ္ပီသာ ထြက္ခြာမယ္ ဆိုရင္ ပီအက္စ္ဂ်ီက အစားထို႔ ပစ္မွတ္ အျဖစ္ လီဗာပူး တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

၀ိုက္နယ္ဒန္ ေနရာအစားထိုး ပစ္မွတ္

လီဗာပူးအသင္းဟာ ရာသီကုန္ရင္ ထြက္ခြာေတာ့မယ့္ ၀ိုက္နယ္ဒန္ ေနရာ အစားထိုးဖို႔ အတြက္ ရိုးမား ကြင္းလယ္ ကစားသမား လိုရန္ဇို ပယ္လီဂရီနီ ကို ခ်ိတ္ဆက္ေနျပီး ရိုးမားနည္းျပသစ္ ေမာ္ရင္ညိဳက လာမယ့္ေႏြမွာ အေျပာင္းအလဲေတြ လုပ္ဖို႔ ရွိတာေၾကာင့္ ပယ္လီဂရီနီကိုလည္း ေရာင္းခ်နုိင္ေျခ ရွိေနပါတယ္။

လီဗာပူးနဲ႕ ပြဲမွာ ပါ၀င္နိုင္ဖို႔ မေသခ်ာေသးတဲ့ မက္ဂြဲရား

လီဗာပူးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္နဲ႕ ျပန္ကန္မယ့္ ပြဲကို လာမယ့္ ေမ ၁၃ ရက္မွာ ကစားရေတာ့မွာ ျဖစ္ျပီး ယူနိုက္တက္ ဘက္က အသင္းေခါင္းေဆာင္ ခံစစ္မွဴး မက္ဂြဲရားဟာ ဗီလာနဲ႕ ပြဲက ေျခက်င္း၀တ္ နာသြားတဲ့ ဒဏ္ရာေၾကာင့္ ပါ၀င္ဖို႔ မေသခ်ာေသးဘဲ ရွိပါတယ္။

လက္စတာကို အခြင့္ေကာင္းေပးျပီး လီဗာပူးကို ထိုးနွက္မယ့္ ယူနိုက္တက္

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီည လက္စတာနဲ႕ ကစားမယ့္ ပြဲမွာ အကယ္ဒမီထြက္နဲ႕ အသင္း လူငယ္ကစားသမားေတြ အမ်ားစုကိုသာ အသံုးျပဳ ကစားသြားမယ္လို႔ သိရျပီး လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ျပိဳင္ဘက္တစ္သင္း ျဖစ္တဲ့ လက္စတာ က အခြင့္ေကာင္း ရဖြယ္ ရွိပါတယ္။

လီဗာပူးနဲ႕ အနာဂတ္ေကာင္း ရွိေနေသးတဲ့ မီနာမီနို

ေဆာက္သမ္တန္မွာ အငွား သြားေရာက္ ကစားေနတဲ့ မီနာမီနိုက ေကာင္းမြန္စြာ လုပ္ျပထားနုိင္ျပီး ဒီအတြက္ အံ့အားမသင့္ မိေၾကာင္း လီဗာပူး နည္းျပ ကေလာ့ပ္က ဆိုပါတယ္။ မီနာမီနိုက လီဗာပူးအတြက္ အေရးၾကီး ကစားသမား တစ္ဦး ျဖစ္တာေၾကာင့္ ျပန္ေခၚျပီး အနာဂတ္ အစီအစဥ္ေတြထဲ ထည့္သြင္းသြားမွာ ျဖစ္ေၾကာင္းလည္း ကေလာ့ပ္က ဆိုပါတယ္။