လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်တိုက်စစ်သမား ဘမ်ဖိုဒ့်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆိုပါ ကိစ္စက ဖြစ်လာနိုင်ဖို့ ခဲယဉ်လွန်းတယ်လို့ သိရပါတယ်။

တနင်္လာနေ့က The Athletic မှာ သတင်းထောက် David Ornstein ဖော်ပြခဲ့တာက ၂၀၂၂ ခုနှစ်မှာ လိဒ်နဲ့ စာချုပ်ကုန်မယ့် ဘမ်ဖိုဒ့်ဟာ ၂၀၂၃ ခုနှစ်ထိ သက်တမ်းရှိမယ့် တစ်နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားခဲ့ပြီလို့ ဖော်ပြတယ်။ ဒါကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုမျိုး မဟုတ်ဘူးဆိုရင် လိဒ်ဘက်က လက်ခံစဉ်းစားပေးမှာ မဟုတ်ပါဘူး။

ဘမ်ဖိုဒ့်ကို လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားမှုတွေ ရှိထားခဲ့တယ်။ ယာဂင်ကလော့ပ် ကိုယ်တိုင်က ဘမ်ဖိုဒ့်ရဲ့ အရည်အချင်းကို ချီးကျူးထားခဲ့ပြီး အလားအလာရှိသူအဖြစ် ထောက်ခံမှုပါ လုပ်ထားခဲ့သေးတာဖြစ်ပါတယ်။

ဘီရယ်ဆာရဲ့ အသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် အသုံးတော်ခံနေတဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားကို လိဒ်ယူနိုက်တက် ပရိသတ်တွေကလည်း နှစ်သက်မှုရှိတယ်။ သူဟာ ဒီရာသီမှာ ပွဲပေါင်း ၃၅ ပွဲ ကစားပြီး ကိုယ်တိုင် ၁၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ထားနိုင်သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ကလော့ပ် လက်ထက်မှာ ဝါရင့်ကစားသမား ခေါ်ယူမှု နည်းပါးတဲ့ မှတ်တမ်းလည်း ရှိထားပါတယ်။ စက်တင်ဘာမှာ အသက် ၂၈ နှစ်ပြည့်မယ့် ဘမ်ဖိုဒ့် မတိုင်ခင် လီဗာပူး ခေါ်ယူဖူးတဲ့ ဝါရင့်ကစားသမားဆိုလို့ ကလာဗန် (၂၇ နှစ်)၊ သီယာဂို (၂၉ နှစ်) တို့ဖြစ်ပါတယ်။

လာမယ့်ရာသီ လီဗာပူးအသင်းမှာ ချိန်ဘာလိန်က အသက် ၂၈ နှစ် ပြည့်တော့မှာဖြစ်ကာ ဆာလာ၊ မာနေး၊ ဗန်ဒိုက်၊ ဖာမင်နို၊ ရှာကွီရီ၊ မာတစ်၊ ဟန်ဒါဆန်၊ သီယာဂို၊ မီလ်နာတို့ကတော့ ၂၉ နှစ်နဲ့ အထက်တွေ ဖြစ်လာတော့မှာမို့ နောက်ထပ် အရွယ်ကောင်း ကစားသမားတစ်ဦး ခေါ်ယူဖို့ဆိုတာ ဖြစ်နိုင်ချေ သိပ်နည်းသွားပြီလို့ သုံးသပ်ရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လိဒ္ယူႏုိက္တက္တိုက္စစ္သမား ဘမ္ဖိုဒ့္ကို ေခၚယူမယ္လို႔ သတင္းေတြ ထြက္္ေပၚေနေပမယ့္ အဆိုပါ ကိစၥက ျဖစ္လာႏုိင္ဖို႔ ခဲယဥ္လြန္းတယ္လို႔ သိရပါတယ္။

တနလၤာေန႔က The Athletic မွာ သတင္းေထာက္ David Ornstein ေဖာ္ျပခဲ့တာက ၂၀၂၂ ခုႏွစ္မွာ လိဒ္နဲ႔ စာခ်ဳပ္ကုန္မယ့္ ဘမ္ဖိုဒ့္ဟာ ၂၀၂၃ ခုႏွစ္ထိ သက္တမ္းရွိမယ့္ တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ကို ခ်ဳပ္ဆိုထားခဲ့ျပီလို႔ ေဖာ္ျပတယ္။ ဒါေၾကာင့္ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈမ်ိဳး မဟုတ္ဘူးဆိုရင္ လိဒ္ဘက္က လက္ခံစဥ္းစားေပးမွာ မဟုတ္ပါဘူး။

ဘမ္ဖိုဒ့္ကို လီဗာပူး အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ေတြက စိတ္ဝင္စားမႈေတြ ရွိထားခဲ့တယ္။ ယာဂင္ကေလာ့ပ္ ကိုယ္တုိင္က ဘမ္ဖိုဒ့္ရဲ႕ အရည္အခ်င္းကို ခ်ီးက်ဴးထားခဲ့ျပီး အလားအလာရွိသူအျဖစ္ ေထာက္ခံမႈပါ လုပ္ထားခဲ့ေသးတာျဖစ္ပါတယ္။

ဘီရယ္ဆာရဲ႕ အသင္းမွာ အဓိက ကစားသမားတစ္ဦးအျဖစ္ အသံုးေတာ္ခံေနတဲ့ အသက္ ၂၇ ႏွစ္အရြယ္ ကစားသမားကို လိဒ္ယူႏုိက္တက္ ပရိသတ္ေတြကလည္း ႏွစ္သက္မႈရွိတယ္။ သူဟာ ဒီရာသီမွာ ပြဲေပါင္း ၃၅ ပြဲ ကစားျပီး ကိုယ္တိုင္ ၁၅ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ လုပ္ထားႏုိင္ေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးအသင္းဟာ ကေလာ့ပ္ လက္ထက္မွာ ဝါရင့္ကစားသမား ေခၚယူမႈ နည္းပါးတဲ့ မွတ္တမ္းလည္း ရွိထားပါတယ္။ စက္တင္ဘာမွာ အသက္ ၂၈ ႏွစ္ျပည့္မယ့္ ဘမ္ဖိုဒ့္ မတိုင္ခင္ လီဗာပူး ေခၚယူဖူးတဲ့ ဝါရင့္ကစားသမားဆိုလို႔ ကလာဗန္ (၂၇ ႏွစ္)၊ သီယာဂို (၂၉ ႏွစ္) တို႔ျဖစ္ပါတယ္။

လာမယ့္ရာသီ လီဗာပူးအသင္းမွာ ခ်ိန္ဘာလိန္က အသက္ ၂၈ ႏွစ္ ျပည့္ေတာ့မွာျဖစ္ကာ ဆာလာ၊ မာေနး၊ ဗန္ဒိုက္၊ ဖာမင္ႏုိ၊ ရွာကီြရီ၊ မာတစ္၊ ဟန္ဒါဆန္၊ သီယာဂို၊ မီလ္နာတို႔ကေတာ့ ၂၉ ႏွစ္နဲ႔ အထက္ေတြ ျဖစ္လာေတာ့မွာမို႔ ေနာက္ထပ္ အရြယ္ေကာင္း ကစားသမားတစ္ဦး ေခၚယူဖို႔ဆိုတာ ျဖစ္ႏုိင္ေခ် သိပ္နည္းသြားျပီလို႔ သံုးသပ္ရတာျဖစ္ပါတယ္။