ဒီအပတ်မှာပဲ လီဗာပူးအသင်းက ချန်ပီယံရှစ်နှင့် လိဂ်ဝမ်းတွေထံ အငှားချထားတဲ့ လူငယ်ငယ်ကစားသမား ၆ ဦးဟာ သက်ဆိုင်ရာကလပ်တွေဖြင့် အငှားစာချုပ် ကုန်ဆုံးခြင်းကြောင့် လီဗာပူးအသင်းထံ ပြန်လာခဲ့ကြပြီဖြစ်ပါတယ်။

အီးလီးယော့၊ ဝဲလ်ဆန်၊ ဗန်ဒန်ဘက်၊ အိုဂျို၊ မီလာ၊ အဒမ်လူးဝစ်တို့ဟာ အက်ဆာလေ့ကျင့်ရေးမှာ အသင်းဖြင့် ပူးပေါင်းကြမှာဖြစ်တယ်။ ၎င်းတို့ သွားရောက်ကစားနေတဲ့ ဘလက်ဘန်း၊ ကာဒစ်၊ ချာတန်၊ ပလိုင်းမောက်အသင်းတို့ဟာ သက်ဆိုင်ရာလိဂ်တွေမှာ playoff တွေ ကစားရဖို့ မရှိခြင်းကလည်း လီဗာပူးထံ ခပ်စောစောပြန်လာဖို့ ဖြစ်လာစေပါတယ်။

ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး လီဗာပူးဘက်က ဘာတွေလုပ်မလဲဆိုတာ စဉ်းစားရမှာဖြစ်တယ်။ အဲ့မတိုင်ခင်မှာတော့ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်ပေးဦးမှာဖြစ်ကာ ရာသီကြို လေ့ကျင့်ရေးတွေမှာလည်း ပူးပေါင်းသွားကြဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းမှာ ခါဘတ်၊ မီလ်နာ၊ ကိတ်တာ၊ အိုရီဂီနှင့် ဘမ်ဒေးဗစ်တို့ဟာ ဒဏ်ရာပြဿနာတွေ ရှိနေတာပါ။ အခြားသော စီနီယာတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ ဟန်ဒါဆန်၊ မာတစ်တို့ကလည်း ကာလရှည် ဒဏ်ရာတွေ ရှိနေတာဖြစ်တယ်။ ဆောက်သမ်တန်နှင့်ပွဲမှာ အရန်စာရင်း ရှားပါးမှုကြောင့် မန်နေဂျာကလော့ပ်က ကိုမတ်တီယိုနှင့် ဝုဒ်ဘမ်းကိုပါ ခေါ်ယူခဲ့ရတယ်။

ဒါပေမယ့်လည်း အငှားကနေ ပြန်လာတဲ့ လူငယ်တွေဟာ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ပေးနိုင်မှာကလွဲလို့ ပွဲနေ့တွေမှာ ပါဝင်ကစားပေးနိုင်ဖို့ မရှိပါဘူး။ ဒါကလည်း ပရီးမီးယားလိဂ်ရဲ့ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေကြောင့်ပဲဖြစ်တယ်။ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတုန်းကတော့ လူငယ်ကစားသမား ဆာဂျီကာနိုစ်ဟာ အငှားကပြန်လာပြီး ပွဲကစားခွင့်ရပေမယ့် ဒီရာသီမှာ အီးလီးယော့တို့ဟာ တူညီတဲ့ အခွင့်အရေး ရဖို့ မရှိတာပဲဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာပဲ လီဗာပူးအသင္းက ခ်န္ပီယံရွစ္ႏွင့္ လိဂ္ဝမ္းေတြထံ အငွားခ်ထားတဲ့ လူငယ္ငယ္ကစားသမား ၆ ဦးဟာ သက္ဆိုင္ရာကလပ္ေတြျဖင့္ အငွားစာခ်ဳပ္ ကုန္ဆံုးျခင္းေၾကာင့္ လီဗာပူးအသင္းထံ ျပန္လာခဲ့ၾကျပီျဖစ္ပါတယ္။

အီးလီးေယာ့၊ ဝဲလ္ဆန္၊ ဗန္ဒန္ဘက္၊ အိုဂ်ိဳ၊ မီလာ၊ အဒမ္လူးဝစ္တို႔ဟာ အက္ဆာေလ့က်င့္ေရးမွာ အသင္းျဖင့္ ပူးေပါင္းၾကမွာျဖစ္တယ္။ ၄င္းတို႔ သြားေရာက္ကစားေနတဲ့ ဘလက္ဘန္း၊ ကာဒစ္၊ ခ်ာတန္၊ ပလိုင္းေမာက္အသင္းတို႔ဟာ သက္ဆိုင္ရာလိဂ္ေတြမွာ playoff ေတြ ကစားရဖို႔ မရွိျခင္းကလည္း လီဗာပူးထံ ခပ္ေစာေစာျပန္လာဖို႔ ျဖစ္လာေစပါတယ္။

ဒီကစားသမားေတြနဲ႔ ပတ္သက္ျပီး လီဗာပူးဘက္က ဘာေတြလုပ္မလဲဆိုတာ စဥ္းစားရမွာျဖစ္တယ္။ အဲ့မတိုင္ခင္မွာေတာ့ အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ ပါဝင္ေပးဦးမွာျဖစ္ကာ ရာသီၾကိဳ ေလ့က်င့္ေရးေတြမွာလည္း ပူးေပါင္းသြားၾကဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းမွာ ခါဘတ္၊ မီလ္နာ၊ ကိတ္တာ၊ အိုရီဂီႏွင့္ ဘမ္ေဒးဗစ္တို႔ဟာ ဒဏ္ရာျပႆနာေတြ ရွိေနတာပါ။ အျခားေသာ စီနီယာေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ ဟန္ဒါဆန္၊ မာတစ္တို႔ကလည္း ကာလရွည္ ဒဏ္ရာေတြ ရွိေနတာျဖစ္တယ္။ ေဆာက္သမ္တန္ႏွင့္ပြဲမွာ အရန္စာရင္း ရွားပါးမႈေၾကာင့္ မန္ေနဂ်ာကေလာ့ပ္က ကိုမတ္တီယိုႏွင့္ ဝုဒ္ဘမ္းကိုပါ ေခၚယူခဲ့ရတယ္။

ဒါေပမယ့္လည္း အငွားကေန ျပန္လာတဲ့ လူငယ္ေတြဟာ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ပါဝင္ေပးႏုိင္မွာကလြဲလို႔ ပြဲေန႔ေတြမွာ ပါဝင္ကစားေပးႏုိင္ဖို႔ မရွိပါဘူး။ ဒါကလည္း ပရီးမီးယားလိဂ္ရဲ႕ ေျပာင္းလဲလိုက္တဲ့ စည္းမ်ဥ္းေတြေၾကာင့္ပဲျဖစ္တယ္။ ၂၀၁၅-၂၀၁၆ ေဘာလံုးရာသီတုန္းကေတာ့ လူငယ္ကစားသမား ဆာဂ်ီကာႏိုစ္ဟာ အငွားကျပန္လာျပီး ပြဲကစားခြင့္ရေပမယ့္ ဒီရာသီမွာ အီးလီးေယာ့တို႔ဟာ တူညီတဲ့ အခြင့္အေရး ရဖို႔ မရွိတာပဲျဖစ္ပါတယ္။