လီဗာပူးအသင်းဆိုင်ရာ ဂုဏ်သိက္ခာရှိ သတင်းထောက်ဖြစ်သူ James Pearce က ဆာလာကို ချယ်ဆီးက ပြန်လည် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

The Athletic သတင်းဌာနမှာ အသင်းပရိသတ်တွေဖြင့် ပြုလုပ်တဲ့ အမေးအဖြေ ကဏ္ဍအတွင်း James Pearce က ဖြေဆိုပေးခဲ့တာဖြစ်ပြီး အင်္ဂလန်ပြိုင်ဘက်အသင်းထံ အဓိက ကစားသမားကို ရောင်းထုတ်ခြင်းကို လီဗာပူးဘက်က လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပြပါတယ်။

James Pearce က ပြောရာမှာ “ ဒီနွေမှာ ချယ်ဆီးထံ ဆာလာ ပြန်သွားဖို့ဆိုတာက ဇီးရိုး ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိထားပါတယ်။ လီဗာပူးက ဆာလာကို ရောင်းထုတ်ဖို့ စိတ်ကူး မရှိသေးသလို အကယ်လို့ သူ့ကို ထွက်ခွာခွင့် ပေးရမယ်ဆိုရင်တောင် အခြားသော အင်္ဂလန်ကလပ်ကို ပြောင်းခွင့်ပေးဖွယ် မရှိပါဘူး။

ချယ်ဆီးအသင်းက ဒီနွေမှာ ခေါ်ယူမယ့် လူစာရင်းမှာ ဆာလာကို ဆန်ကာတင်စာရင်းထဲ ထည့်ထားတယ်လို့တောင် ယုံကြည်ပေးဖို့ ခက်ခဲပါတယ်။ လီဗာပူးထံက ဆာလာကို ခေါ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ချယ်ဆီး ကိုယ်တိုင်လည်း သိထားပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆာလာကို ချယ်ဆီးအသင်းက ခေါ်ယူလိုနေတယ်ဆိုတဲ့ သတင်းကို ဂျာမာန်သတင်းထောက် Christian Falk က ဖော်ပြလာခဲ့တာပါ။ အတိတ်တုန်းက ချယ်ဆီးနှင့် လီဗာပူးကြားမှာ အပြောင်းအရွှေ့ ဆက်နွယ်မှုတွေ မကြာခဏ ရှိခဲ့ပြီး တောရက်စ်ကို ပေါင် သန်း ၅၀ ဖြင့် ရောင်းထုတ်ပြီးနောက်မှာ နှစ်သင်းကြား အပြောင်းအရွှေ့ ကိစ္စကြီးတွေ ထပ်မရှိတော့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဆိုင္ရာ ဂုဏ္သိကၡာရွိ သတင္းေထာက္ျဖစ္သူ James Pearce က ဆာလာကို ခ်ယ္ဆီးက ျပန္လည္ ေခၚယူမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္လိုက္ပါတယ္။

The Athletic သတင္းဌာနမွာ အသင္းပရိသတ္ေတြျဖင့္ ျပဳလုပ္တဲ့ အေမးအေျဖ က႑အတြင္း James Pearce က ေျဖဆိုေပးခဲ့တာျဖစ္ျပီး အဂၤလန္ျပိဳင္ဘက္အသင္းထံ အဓိက ကစားသမားကို ေရာင္းထုတ္ျခင္းကို လီဗာပူးဘက္က လံုးဝ လက္ခံမွာ မဟုတ္ဘူးလို႔ သူက ေျပာျပပါတယ္။

James Pearce က ေျပာရာမွာ “ ဒီေႏြမွာ ခ်ယ္ဆီးထံ ဆာလာ ျပန္သြားဖို႔ဆိုတာက ဇီးရိုး ရာခိုင္ႏႈန္းပဲ အခြင့္အေရး ရွိထားပါတယ္။ လီဗာပူးက ဆာလာကို ေရာင္းထုတ္ဖို႔ စိတ္ကူး မရွိေသးသလို အကယ္လို႔ သူ႔ကို ထြက္ခြာခြင့္ ေပးရမယ္ဆိုရင္ေတာင္ အျခားေသာ အဂၤလန္ကလပ္ကို ေျပာင္းခြင့္ေပးဖြယ္ မရွိပါဘူး။

ခ်ယ္ဆီးအသင္းက ဒီေႏြမွာ ေခၚယူမယ့္ လူစာရင္းမွာ ဆာလာကို ဆန္ကာတင္စာရင္းထဲ ထည့္ထားတယ္လို႔ေတာင္ ယံုၾကည္ေပးဖို႔ ခက္ခဲပါတယ္။ လီဗာပူးထံက ဆာလာကို ေခၚထုတ္ဖို႔ဆိုတာ မျဖစ္ႏုိင္ဘူးဆိုတာ ခ်ယ္ဆီး ကိုယ္တိုင္လည္း သိထားပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဆာလာကို ခ်ယ္ဆီးအသင္းက ေခၚယူလိုေနတယ္ဆိုတဲ့ သတင္းကို ဂ်ာမာန္သတင္းေထာက္ Christian Falk က ေဖာ္ျပလာခဲ့တာပါ။ အတိတ္တုန္းက ခ်ယ္ဆီးႏွင့္ လီဗာပူးၾကားမွာ အေျပာင္းအေရႊ႔ ဆက္ႏြယ္မႈေတြ မၾကာခဏ ရွိခဲ့ျပီး ေတာရက္စ္ကို ေပါင္ သန္း ၅၀ ျဖင့္ ေရာင္းထုတ္ျပီးေနာက္မွာ ႏွစ္သင္းၾကား အေျပာင္းအေရႊ႔ ကိစၥၾကီးေတြ ထပ္မရွိေတာ့တာ ျဖစ္ပါတယ္။