ကွင်းလယ်လူ သီယာဂိုက လီဗာပူးကစားသမားဘဝ ပထမဆုံးသော သွင်းဂိုးအတွက် သူ့ရဲ့ အောင်ပွဲခံမှုဟာ ဘာအဓိပ္ပာယ်လဲဆိုတာကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောသွားပါတယ်။

သီယာဂိုက ” ကွင်းထဲ ဝင်မကစားရတဲ့ အသင်းဖော်တွေနဲ့ ကျနော်ကြားမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေးတွေရှိတယ်ဆိုတာ သေချာပါတယ်။ ကိုယ်ကစားခွင့်ရနေချိန်တွေမှာလည်း သူတို့အတွက် အမြဲတမ်း စဉ်းစားပါတယ်။

အသင်းဖော်တွေ ဘယ်လို အလုပ်လုပ်သလဲ၊ သူတို့ မကစားရရင်တောင်မှ သူတို့ရဲ့ ပြုမှုပုံက ဘယ်လိုရှိလဲသလဲဆိုတာတွေကိုလည်း စဉ်းစားမိတယ်။ ဒီတော့ ဂိုးသွင်းခဲ့တာက အရန်ခုံက အသင်းဖော်တွေအတွက်လည်း ပါဝင်တယ်ဆိုတာကို ပြသ အောင်ပွဲခံခဲ့တာဖြစ်ပါတယ် ” လို့ ရှင်းပြခဲ့တယ်။

ဆောက်သမ်တန်နှင့်ပွဲမှာ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသွင်းရှင် မာနေးနဲ့ သီယာဂိုတို့ မဟုတ်ခဲ့ပါဘူး။ လီဗာပူးရဲ့ ဘရာဇီးဂိုးသမား အယ်လီဆန်ဟာ အရေးပါတဲ့ ကာကွယ်မှု ၆ ကြိမ်ဖြင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တာပါ။

အယ်လီဆန်ရဲ့ တန်းဖိုးနှင့်ပတ်သက်ပြီး သီယာဂိုက ” ကျနေ်ာတို့နှင့်အတူ ကမ္ဘာအကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ အရှေ့မှာရှိနေတဲ့ အသင်းဖော်တွေကလည်း ဂိုးသွင်းဖို့တင် မဟုတ်ဘဲ ခံစစ်ကို ကာကွယ်ဖို့ တာဝန်လည်း ယူထားကြတယ်။ ဒီတော့ ဟန်ချက်ညီမှုက ကျနေ်ာတို့ကို အနိုင်ရလဒ်တွေ ရစေပါတယ်။ ” လို့ ပြောဆိုသွားပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ပါဘူး။ ကလပ်အတွက် အရေးကြီး ကိစ္စက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးဖြစ်ပြီး ဒါကို အသင်းက လုပ်နိုင်မလားဆိုတာ လာမယ့် ၄ ပွဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ကြင္းလယ္လူ သီယာဂိုက လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ သြင္းဂိုးအတြက္ သူ႔ရဲ႕ ေအာင္ပြဲခံမႈဟာ ဘာအဓိပၸာယ္လဲဆိုတာကို အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာသြားပါတယ္။

သီယာဂိုက ” ကြင္းထဲ ဝင္မကစားရတဲ့ အသင္းေဖာ္ေတြနဲ႔ က်ေနာ္ၾကားမွာ သိပ္ေကာင္းတဲ့ ဆက္ဆံေရးေတြရွိတယ္ဆိုတာ ေသခ်ာပါတယ္။ ကိုယ္ကစားခြင့္ရေနခ်ိန္ေတြမွာလည္း သူတို႔အတြက္ အျမဲတမ္း စဥ္းစားပါတယ္။

အသင္းေဖာ္ေတြ ဘယ္လို အလုပ္လုပ္သလဲ၊ သူတို႔ မကစားရရင္ေတာင္မွ သူတို႔ရဲ႕ ျပဳမႈပံုက ဘယ္လိုရွိလဲသလဲဆိုတာေတြကိုလည္း စဥ္းစားမိတယ္။ ဒီေတာ့ ဂိုးသြင္းခဲ့တာက အရန္ခံုက အသင္းေဖာ္ေတြအတြက္လည္း ပါဝင္တယ္ဆိုတာကို ျပသ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္ ” လို႔ ရွင္းျပခဲ့တယ္။

ေဆာက္သမ္တန္ႏွင့္ပြဲမွာ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရခဲ့ေပမယ့္ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားက ဂိုးသြင္းရွင္ မာေနးနဲ႔ သီယာဂိုတို႔ မဟုတ္ခဲ့ပါဘူး။ လီဗာပူးရဲ႕ ဘရာဇီးဂိုးသမား အယ္လီဆန္ဟာ အေရးပါတဲ့ ကာကြယ္မႈ ၆ ၾကိမ္ျဖင့္ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့တာပါ။

အယ္လီဆန္ရဲ႕ တန္းဖိုးႏွင့္ပတ္သက္ျပီး သီယာဂိုက ” က်ေန္ာတို႔ႏွင့္အတူ ကမၻာအေကာင္းဆံုး ဂိုးသမားေတြထဲက တစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ အေရွ႔မွာရွိေနတဲ့ အသင္းေဖာ္ေတြကလည္း ဂိုးသြင္းဖို႔တင္ မဟုတ္ဘဲ ခံစစ္ကို ကာကြယ္ဖို႔ တာဝန္လည္း ယူထားၾကတယ္။ ဒီေတာ့ ဟန္ခ်က္ညီမႈက က်ေန္ာတို႔ကို အႏုိင္ရလဒ္ေတြ ရေစပါတယ္။ ” လို႔ ေျပာဆိုသြားပါတယ္။

ဒီရာသီမွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို မကာကြယ္ႏုိင္ခဲ့ပါဘူး။ ကလပ္အတြက္ အေရးၾကီး ကိစၥက လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေရးျဖစ္ျပီး ဒါကို အသင္းက လုပ္ႏုိင္မလားဆိုတာ လာမယ့္ ၄ ပြဲမွာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။