ဒီအပတ် ကြားရက်မှာ ပွဲကျန်အဖြစ် လီဗာပူးက ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ အဝေးကွင်းထံသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ခါဘတ်ဟာ ကြွက်သားဒဏ်ရာ ရနေတယ်လို့ သိထားရပြီး ၎င်းဟာ ဂျိမ်းမီလ်နာ၊ နာဘီကိတ်တာ၊ ဘမ်ဒေးဗစ်တို့နည်းတူ ဆောက်သမ်တန်ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ယူနိုက်တက်ပွဲမှာလည်း သူတို့အားလုံး ပါဝင်သွားဖွယ် မရှိဘူးလို့ သိရပြီး မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ရဖွယ် ရှိနေပါတယ်။

ရာသီကုန် မတိုင်ခင်မှာ လီဗာပူးဟာ ၃ ရက် တစ်ပွဲနှုန်းလောက်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ကာ တစ်ရာသီလုံး အသင်းကို ထိခိုက်ထားစေတဲ့ ခံစစ်ပြဿနာကို လက်ကျန် ၄ ပွဲမှာလည်း ဆက်လက် ရင်ဆိုင်ရဖွယ်ရှိတယ်။ အထူးသဖြင့် ဖေဖော်ဝါရီက စတင်ကာ လီဗာပူးခံစစ်အတွက် အဓိက ပါဝင်ထားတဲ့ ခါဘတ်ကို အသုံးပြုနိုင်ခြင်း မရှိတာက အထိနာမှုလည်း ဖြစ်ပါတယ်။

လီဗာပူးသတင်းထောက် James Pearce က အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ လေ့ကျင့်ရေးမှာ ကြွက်သားဒဏ်ရာ ရခဲ့ခြင်းဖြစ်ကာ ယူနိုက်တက်ပွဲအတွင်း ပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ဖော်ပြထားတယ်။ အနိုင်ရဖို့ လိုအပ်နေတဲ့ အဆိုပါပွဲမှာ ခါဘတ် မကစားနိုင်ရင် ခံစစ်အတွဲအဖြစ် နက်ဖီးလစ်ကို ရိုင်းဝီလီယမ်ဖြင့် မတွဲဘဲ ဖာဘင်ညိုဖြင့် တွဲဘက်စေမယ်လို့လည်း သူကမြင်တယ်။

ဖာဘင်ညိုကို ခံစစ်ကစားစေခြင်းက ကွင်းလယ်တွဲဘက်မှုကိုပါ ပြန်လည် ပြောင်းလဲရဖွယ်ရှိကာ သီယာဂို၊ ဝိုက်နယ်ဒမ် အတွဲကို ကွင်းလယ်ထောက်တိုင်အဖြစ် အဓိက အသုံးပြုရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဆောက်သမ်တန်ပွဲမှာ မန်နေဂျာကလော့ပ်ဟာ ခံစစ်မှူး ကိုမတ်တီယိုကို အရန်စာရင်းထဲ ထည့်ကစားခဲ့တယ်။ ချန်ပီယံရှစ်ကလပ် ပရီစတန်ကနေ ခံစစ်မှူး ဗန်ဒန်ဘက် ပြန်ရောက်လာနေပေမယ့် ယူနိုက်တက်ပွဲမှာ သူ့ကို ပါဝင်စေဖို့တော့ အခွင့်အရေး နည်းပါးနေဆဲဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ၾကားရက္မွာ ပြဲက်န္အျဖစ္ လီဗာပူးက ယူႏုိက္တက္ကို ယွဥ္ျပိဳင္ဖို႔ အေဝးကြင္းထံသြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ခါဘတ္ဟာ ၾကြက္သားဒဏ္ရာ ရေနတယ္လို႔ သိထားရျပီး ၄င္းဟာ ဂ်ိမ္းမီလ္နာ၊ နာဘီကိတ္တာ၊ ဘမ္ေဒးဗစ္တို႔နည္းတူ ေဆာက္သမ္တန္ပြဲမွာ မပါႏုိင္ခဲ့ပါဘူး။ ယူႏုိက္တက္ပြဲမွာလည္း သူတို႔အားလံုး ပါဝင္သြားဖြယ္ မရွိဘူးလို႔ သိရျပီး မန္ေနဂ်ာကေလာ့ပ္က ခံစစ္ပိုင္းကို အေျပာင္းအလဲ ျပဳလုပ္ရဖြယ္ ရွိေနပါတယ္။

ရာသီကုန္ မတိုင္ခင္မွာ လီဗာပူးဟာ ၃ ရက္ တစ္ပြဲႏႈန္းေလာက္ျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္ကာ တစ္ရာသီလံုး အသင္းကို ထိခိုက္ထားေစတဲ့ ခံစစ္ျပႆနာကို လက္က်န္ ၄ ပြဲမွာလည္း ဆက္လက္ ရင္ဆိုင္ရဖြယ္ရွိတယ္။ အထူးသျဖင့္ ေဖေဖာ္ဝါရီက စတင္ကာ လီဗာပူးခံစစ္အတြက္ အဓိက ပါဝင္ထားတဲ့ ခါဘတ္ကို အသံုးျပဳႏုိင္ျခင္း မရွိတာက အထိနာမႈလည္း ျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ James Pearce က အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ေလ့က်င့္ေရးမွာ ၾကြက္သားဒဏ္ရာ ရခဲ့ျခင္းျဖစ္ကာ ယူႏုိက္တက္ပြဲအတြင္း ပါဝင္ဖို႔ မျဖစ္ႏုိင္ဘူးလို႔ ေဖာ္ျပထားတယ္။ အႏုိင္ရဖို႔ လိုအပ္ေနတဲ့ အဆိုပါပြဲမွာ ခါဘတ္ မကစားႏုိင္ရင္ ခံစစ္အတြဲအျဖစ္ နက္ဖီးလစ္ကို ရိုင္းဝီလီယမ္ျဖင့္ မတြဲဘဲ ဖာဘင္ညိဳျဖင့္ တြဲဘက္ေစမယ္လို႔လည္း သူကျမင္တယ္။

ဖာဘင္ညိဳကို ခံစစ္ကစားေစျခင္းက ကြင္းလယ္တြဲဘက္မႈကိုပါ ျပန္လည္ ေျပာင္းလဲရဖြယ္ရွိကာ သီယာဂို၊ ဝိုက္နယ္ဒမ္ အတြဲကို ကြင္းလယ္ေထာက္တိုင္အျဖစ္ အဓိက အသံုးျပဳရဖြယ္ ရွိေနပါတယ္။

ျပီးခဲ့တဲ့ ေဆာက္သမ္တန္ပြဲမွာ မန္ေနဂ်ာကေလာ့ပ္ဟာ ခံစစ္မွဴး ကိုမတ္တီယိုကို အရန္စာရင္းထဲ ထည့္ကစားခဲ့တယ္။ ခ်န္ပီယံရွစ္ကလပ္ ပရီစတန္ကေန ခံစစ္မွဴး ဗန္ဒန္ဘက္ ျပန္ေရာက္လာေနေပမယ့္ ယူႏိုက္တက္ပြဲမွာ သူ႔ကို ပါဝင္ေစဖို႔ေတာ့ အခြင့္အေရး နည္းပါးေနဆဲျဖစ္ပါတယ္။