နယ်သာလန် လက်ရွေးစင် အသင်း နည်းပြ ဖရန့် ဒီဘိုးဝါးကတော့ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာနေတဲ့ လီဗာပူး ခံစစ်မှူး ဗာဂျေး ဗန်ဒိုက်ဟာ နိုင်ငံအသင်းနဲ့ အတူ နွေမှာ ကစားရမယ့် ယူရိုပြိုင်ပွဲမှာ ပါဝင်မလား ဆိုတာ ကစားသမား ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိကြောင်း ဆိုလိုက်ပြီး ပါဝင်လာဖို့လည်း မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

တစ်နှစ်ရွှေ့ထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဟာ ဒီနွေမှာ ကစားရတော့မှာ ဖြစ်ပြီး ဗန်ဒိုက်ကတော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတည်းက ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ် ကုသမှု ခံယူခဲ့ကာ အနားယူရင်း ပြန်လည် ထူထောင်ရေး အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ခွဲစိတ်မှု အောင်မြင်ခဲ့ပေမယ့် ဗန်ဒိုက် ကွင်းထဲဝင် ပြန် ကစားနိုင်မယ့် အချိန်ကတော့ မသေချာသေးဘဲ အခုချိန်ထိလည်း လီဗာပူးအသင်းဖော်တွေနဲ့ အတူ ပါဝင် လေ့ကျင့်နိုင်ခြင်း မရှိသေးပါဘူး။ ပြန်ကောင်းလာကာစ ဗန်ဒိုက်ကို နိုင်ငံအသင်းနဲ့ အတူ ပြိုင်ပွဲဝင်စေဖို့ကလည်း ကလပ်အသင်းနဲ့ ကလော့ပ် အတွက် စွန့်စားရမလို ဖြစ်နေတာပါ။

နယ်သာလန် နည်းပြ ဖရန့် ဒီဘိုးဝါးကတော့ ယူရိုမှာ ဗန်ဒိုက် ပါ မပါက ကစားသမား ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် ပြိုင်ပွဲ အမှီ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ပါလာနိုင်မယ်လို့ အကောင်းမြင်နေပါတယ်။

” ဒီကိစ္စ ဗန်ဒိုက်ပဲ ဆုံးဖြတ်ရမှာပါ။ သူ့ ကစားသမား ဘဝနဲ့လည်း ဆိုင်နေတာကို။ သူ ဘယ်လို အခက်တွေ့နေမယ် ဆိုတာ ကျနော်လည်း တွေးမိပါတယ်။ လိမ္မော်ရောင်တွေ (နယ်သာလန်) အတွက် တစ်ခုခုများ ထူးနိုင်မလား။ ကျနော်ကတော့ သူ့ ကြံ့ခိုင်မှုအတွက် ခြေလှမ်းကြီး လှမ်းပြီး ပြန်ကောင်းလာဖို့ မျှော်လင့်တာပေါ့။ ” လို့ ဒီဘိုးဝါးက ဆိုပါတယ်။

ကလော့ပ်ကလည်း ဗန်ဒိုက် ယူရိုပါမှာ ပါဝင်ကစားတာမျိုး မြင်ချင်ပေမယ့် ပွဲထဲ ကြံ့ခိုင်မှုပြည့် အသားကျလာဖို့ လေ့ကျင့်ဖို့က အချိန် နည်းနည်းသာ ရမှာကို စိတ်ပူနေပါတယ်။ ဗန်ဒိုက်က လောလောဆယ်မှာတော့ တစ်ဦးတည်း လေ့ကျင့်မှုများကို ဆက်လက် လုပ်ဆောင်နေပြီး ထရိန်နင် အပြည့် ဘယ်တော့ ဆင်းနိုင်မလဲ ဆိုတာ မရေရာသေးဘဲ ရှိပါတယ်။

Zawgyi – နယ္သာလန္ လက္ေရြးစင္ အသင္း နည္းျပ ဖရန္႔ ဒီဘိုး၀ါးကေတာ့ ဒူးဒဏ္ရာကေန ျပန္ေကာင္းလာေနတဲ့ လီဗာပူး ခံစစ္မွဴး ဗာေဂ်း ဗန္ဒိုက္ဟာ နိုင္ငံအသင္းနဲ႕ အတူ ေႏြမွာ ကစားရမယ့္ ယူရိုျပိဳင္ပြဲမွာ ပါ၀င္မလား ဆိုတာ ကစားသမား ကိုယ္တိုင္ ဆံုးျဖတ္ခြင့္ ရွိေၾကာင္း ဆိုလိုက္ျပီး ပါ၀င္လာဖို႔လည္း ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တစ္နွစ္ေရႊ႕ထားတဲ့ ယူရို ၂၀၂၀ ျပိဳင္ပြဲဟာ ဒီေႏြမွာ ကစားရေတာ့မွာ ျဖစ္ျပီး ဗန္ဒိုက္ကေတာ့ ျပီးခဲ့တဲ့နွစ္ ေအာက္တိုဘာလတည္းက ဒူးအရြတ္ ဒဏ္ရာေၾကာင့္ ခြဲစိတ္ ကုသမႈ ခံယူခဲ့ကာ အနားယူရင္း ျပန္လည္ ထူေထာင္ေရး အတြက္ ၾကိဳးစားေနတာ ျဖစ္ပါတယ္။

ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ေပမယ့္ ဗန္ဒိုက္ ကြင္းထဲ၀င္ ျပန္ ကစားနိုင္မယ့္ အခ်ိန္ကေတာ့ မေသခ်ာေသးဘဲ အခုခ်ိန္ထိလည္း လီဗာပူးအသင္းေဖာ္ေတြနဲ႕ အတူ ပါ၀င္ ေလ့က်င့္နုိင္ျခင္း မရွိေသးပါဘူး။ ျပန္ေကာင္းလာကာစ ဗန္ဒိုက္ကို နုိင္ငံအသင္းနဲ႕ အတူ ျပိဳင္ပြဲ၀င္ေစဖို႔ကလည္း ကလပ္အသင္းနဲ႕ ကေလာ့ပ္ အတြက္ စြန္႔စားရမလုိ ျဖစ္ေနတာပါ။

နယ္သာလန္ နည္းျပ ဖရန္႔ ဒီဘိုး၀ါးကေတာ့ ယူရိုမွာ ဗန္ဒိုက္ ပါ မပါက ကစားသမား ကုိယ္တိုင္ ဆံုးျဖတ္ရမွာ ျဖစ္ေပမယ့္ ျပိဳင္ပြဲ အမွီ ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ျပန္ပါလာနုိင္မယ္လို႔ အေကာင္းျမင္ေနပါတယ္။

” ဒီကိစၥ ဗန္ဒိုက္ပဲ ဆံုးျဖတ္ရမွာပါ။ သူ႔ ကစားသမား ဘ၀နဲ႕လည္း ဆိုင္ေနတာကို။ သူ ဘယ္လို အခက္ေတြ႔ေနမယ္ ဆိုတာ က်ေနာ္လည္း ေတြးမိပါတယ္။ လိေမၼာ္ေရာင္ေတြ (နယ္သာလန္) အတြက္ တစ္ခုခုမ်ား ထူးနုိင္မလား။ က်ေနာ္ကေတာ့ သူ႔ ၾကံ႕ခိုင္မႈအတြက္ ေျခလွမ္းၾကီး လွမ္းျပီး ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္တာေပါ့။ ” လို႔ ဒီဘိုး၀ါးက ဆိုုပါတယ္။

ကေလာ့ပ္ကလည္း ဗန္ဒိုက္ ယူရိုပါမွာ ပါ၀င္ကစားတာမ်ိဳး ျမင္ခ်င္ေပမယ့္ ပြဲထဲ ၾကံ႕ခိုင္မႈျပည့္ အသားက်လာဖို႔ ေလ့က်င့္ဖို႔က အခ်ိန္ နည္းနည္းသာ ရမွာကို စိတ္ပူေနပါတယ္။ ဗန္ဒိုက္က ေလာေလာဆယ္မွာေတာ့ တစ္ဦးတည္း ေလ့က်င့္မႈမ်ားကို ဆက္လက္ လုပ္ေဆာင္ေနျပီး ထရိန္နင္ အျပည့္ ဘယ္ေတာ့ ဆင္းနုိင္မလဲ ဆုိတာ မေရရာေသးဘဲ ရွိပါတယ္။