ပရီးမီးယားလိဂ် ကစားသမားဟောင်း မိုက်ကယ်အိုဝင်က လီဗာပူးကွင်းလယ်လူ သီယာဂိုရဲ့ ခက်ခဲနေတဲ့ အခြေအနေတွေနှင့် ပတ်သက်ပြီး စကားပြောမှု လုပ်ခဲ့ပါတယ်။

သူကတော့ အရည်အချင်း ကြွယ်ဝတဲ့ ကွင်းလယ်လူဟာ နယ်မြေသစ်မှာ ရုန်းကန်နေရတယ်ဆိုတဲ့ အမြင်ကို လက်ခံတယ်။ ဒီလို ရုန်းကန်နေရတယ်ဆိုတာကလည်း လီဗာပူးအသင်းမှာကိုက ဒဏ်ရာပြဿနာတွေ များနေခြင်း၊ ခြေစွမ်းတွေ ကျဆင်းနေကြခြင်းကြောင့်ဖြစ်ပြီး သီယာဂိုရဲ့ အရည်အချင်းက မေးခွန်းထုတ်စရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သီယာဂိုနှင့် ပတ်သက်လို့ အိုဝင်က …

“ လီဗာပူးအသင်း ခြေချော်မှု၊ ခြေစွမ်းကျဆင်းမှုတွေနှင့် သွားပြီး တိုက်ဆိုင်နေတာကလည်း သီယာဂိုအတွက် အရမ်းကို ခက်ခဲစေပါတယ်။ ကမ္ဘာချန်ပီယံ၊ ဥရောပချန်ပီယံနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆိုတဲ့ အသင်းသစ်ကို သူက ပြောင်းလာခဲ့သူပါ။ စိတ်ထဲမှာတော့ ဆုဖလားတွေကို ဆက်ပြီး အနိုင်ရမှာပဲလို့ ထင်ခဲ့ပေမယ့် အခြေအနေက အဲ့လို မဖြစ်လာခဲ့ပါဘူး။

လီဗာပူးရဲ့ ခြေစွမ်းတွေက ကြီးကြီးမားမား ထိုးကျခဲ့တယ်။ ဒဏ်ရာ ပြဿနာတွေက သိပ်ကို များပြားလွန်းတယ်။ အဲ့အကြောင်းရင်းတွေအရပဲ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီကလို တူညီတဲ့ အခြေအနေမှာ ရှိမနေပါဘူး။

ဝါရင့် ကစားသမားဟောင်းအဖြစ် သူက ဒါကို ရင်ဆိုင်ရပါမယ်။ သူက သိပ်ကို ထူးချွန်တဲ့ ကစားသမားပါ ဒါပေမယ့် လီဗာပူးကစားဟန်မှာ သူအံဝင်ပါ့မလားဆိုတာက အပြင်မှာ မေးခွန်းထုတ်နေကြတဲ့ ကိစ္စဖြစ်နေဆဲပါပဲ။

ဗန်ဒိုက် ဒဏ်ရာရနေပြီး ဒဏ်ရာရကစားသမားတွေ သိပ်ကိုများပြားနေချိန်မှာ ဒီမေးခွန်းအတွက် အဖြေပေးဖို့ဆိုတာကလည်း လက်ခဲပါတယ်။ ဒါပေမယ့် သူကစားတာကို ကြည့်ချိန်မှာ ပြုံးပျော်မိတယ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။ သူက အံ့မခန်းတဲ့ အရည်အချင်းရှိသူ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကစားသမားေဟာင္း မိုက္ကယ္အိုဝင္က လီဗာပူးကြင္းလယ္လူ သီယာဂိုရဲ႕ ခက္ခဲေနတဲ့ အေျခအေနေတြႏွင့္ ပတ္သက္ျပီး စကားေျပာမႈ လုပ္ခဲ့ပါတယ္။

သူကေတာ့ အရည္အခ်င္း ၾကြယ္ဝတဲ့ ကြင္းလယ္လူဟာ နယ္ေျမသစ္မွာ ရုန္းကန္ေနရတယ္ဆိုတဲ့ အျမင္ကို လက္ခံတယ္။ ဒီလို ရုန္းကန္ေနရတယ္ဆိုတာကလည္း လီဗာပူးအသင္းမွာကိုက ဒဏ္ရာျပႆနာေတြ မ်ားေနျခင္း၊ ေျခစြမ္းေတြ က်ဆင္းေနၾကျခင္းေၾကာင့္ျဖစ္ျပီး သီယာဂိုရဲ႕ အရည္အခ်င္းက ေမးခြန္းထုတ္စရာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

သီယာဂိုႏွင့္ ပတ္သက္လို႔ အိုဝင္က …

“ လီဗာပူးအသင္း ေျခေခ်ာ္မႈ၊ ေျခစြမ္းက်ဆင္းမႈေတြႏွင့္ သြားျပီး တိုက္ဆိုင္ေနတာကလည္း သီယာဂိုအတြက္ အရမ္းကို ခက္ခဲေစပါတယ္။ ကမၻာခ်န္ပီယံ၊ ဥေရာပခ်န္ပီယံႏွင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆိုတဲ့ အသင္းသစ္ကို သူက ေျပာင္းလာခဲ့သူပါ။ စိတ္ထဲမွာေတာ့ ဆုဖလားေတြကို ဆက္ျပီး အႏိုင္ရမွာပဲလို႔ ထင္ခဲ့ေပမယ့္ အေျခအေနက အဲ့လို မျဖစ္လာခဲ့ပါဘူး။

လီဗာပူးရဲ႕ ေျခစြမ္းေတြက ၾကီးၾကီးမားမား ထိုးက်ခဲ့တယ္။ ဒဏ္ရာ ျပႆနာေတြက သိပ္ကို မ်ားျပားလြန္းတယ္။ အဲ့အေၾကာင္းရင္းေတြအရပဲ လီဗာပူးဟာ ျပီးခဲ့တဲ့ ရာသီကလို တူညီတဲ့ အေျခအေနမွာ ရွိမေနပါဘူး။

ဝါရင့္ ကစားသမားေဟာင္းအျဖစ္ သူက ဒါကို ရင္ဆိုင္ရပါမယ္။ သူက သိပ္ကို ထူးခၽြန္တဲ့ ကစားသမားပါ ဒါေပမယ့္ လီဗာပူးကစားဟန္မွာ သူအံဝင္ပါ့မလားဆိုတာက အျပင္မွာ ေမးခြန္းထုတ္ေနၾကတဲ့ ကိစၥျဖစ္ေနဆဲပါပဲ။

ဗန္ဒိုက္ ဒဏ္ရာရေနျပီး ဒဏ္ရာရကစားသမားေတြ သိပ္ကိုမ်ားျပားေနခ်ိန္မွာ ဒီေမးခြန္းအတြက္ အေျဖေပးဖို႔ဆိုတာကလည္း လက္ခဲပါတယ္။ ဒါေပမယ့္ သူကစားတာကို ၾကည့္ခ်ိန္မွာ ျပံဳးေပ်ာ္မိတယ္ဆိုတာကေတာ့ မျငင္းႏုိင္ပါဘူး။ သူက အံ့မခန္းတဲ့ အရည္အခ်င္းရွိသူ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။