လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူဖို့ အတော်လေး ကြိုးစားလာခဲ့ပြီဖြစ်ကာ အရေးပါတဲ့ ဦးဆောင်ကလပ်အသင်းအဆင့်ပါ ရောက်နေကြောင်းကို The Times က ဖော်ပြပါတယ်။

အစောပိုင်းမှာတည်းက အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမား ဘစ်ဆိုမာဟာ ဘရိုက်တန် ကွင်းလယ်မှာ ဒီရာသီ တောက်ပနေသူ ဖြစ်ပြီး လာမယ့် နွေမှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းထွက်ထားတာပါ။ နောက်ဆုံးသိရမှုမှာတော့ ရာသီသိမ်းခါနီး ပွဲစဉ် အနည်းငယ် အလိုမှာပဲ ဘစ်ဆိုမာက ဘရိုက်တန်ကို အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဘစ်ဆိုမာကို ခေါ်ယူဖို့ အဓိက ကမ်းလှမ်းမယ့် ကလပ် ၄ သင်းက မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ မာဆေးတို့ဖြစ်ကြောင်းလည်း သိရပြီဖြစ်တယ်။ ၎င်းအသင်းတွေထဲမှာ လီဗာပူး၊ အာဆင်နယ်က ရေပန်းအစားဆုံးဖြစ်ပြီး ကစားသမားကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ပိုမို အလိုရှိကာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ကစားခွင့်ကိုလည်း လက်ခံဖို့ ရှိနေပါတယ်။

ဘစ်ဆိုမာက ယာဂင်ကလော့ပ်ရဲ့ ကွင်းလယ် သုံးယောက်တန်းမှာ ဝင်ဖြည့်နိုင်တဲ့သူ ဖြစ်တယ်။ ခံစစ် ကစားရာမှာ သန်မာကာ ကြိးစားကစားပြီး ဘောလုံးနဲ့ အတူ လျင်လျင်မြန်မြန် ရွေ့လျားနိုင်တယ်။ ဘောလုံး ဖြတ်ယူတာတွေ လုပ်နိုင်တဲ့သူဟာ ဝိုက်နယ်ဒန်နေရာ ပုံစံတစ်မျိုးဖြင့် ဖြည့်ကစားနိုင်မယ့်သူမျိုး ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူရဲ့ ကစားပုံ၊ စိတ်နေစိတ်ထားတို့ကို လေ့လာမှုတွေ အတော်လေး လုပ်ထားတာကြောင့် မာဆေးဆိုဒ်ဘက်က စိတ်ဝင်စားမှုဟာ အားကောင်းတဲ့ အနေအထားထိပါ ရှိနေပြီလို့ နားလည်ထားရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘရိုက္တန္ကြင္းလယ္လူ ဘစ္ဆိုမာကို ေခၚယူဖို႔ အေတာ္ေလး ၾကိဳးစားလာခဲ့ျပီျဖစ္ကာ အေရးပါတဲ့ ဦးေဆာင္ကလပ္အသင္းအဆင့္ပါ ေရာက္ေနေၾကာင္းကို The Times က ေဖာ္ျပပါတယ္။

အေစာပိုင္းမွာတည္းက အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမား ဘစ္ဆိုမာဟာ ဘရိုက္တန္ ကြင္းလယ္မွာ ဒီရာသီ ေတာက္ပေနသူ ျဖစ္ျပီး လာမယ့္ ေႏြမွာ ပရီးမီးယားလိဂ္ အသင္းၾကီး တစ္သင္းသင္းထံ ေျပာင္းေရႊ႕ဖြယ္ ရွိတယ္လို႔ သတင္းထြက္ထားတာပါ။ ေနာက္ဆံုးသိရမႈမွာေတာ့ ရာသီသိမ္းခါနီး ပြဲစဥ္ အနည္းငယ္ အလိုမွာပဲ ဘစ္ဆိုမာက ဘရိုက္တန္ကို အသင္းေျပာင္းခြင့္ေပးဖို႔ ေတာင္းဆိုလိုက္ျပီ ျဖစ္ပါတယ္။

ဘစ္ဆိုမာကို ေခၚယူဖို႔ အဓိက ကမ္းလွမ္းမယ့္ ကလပ္ ၄ သင္းက မန္စီးတီး၊ လီဗာပူး၊ အာဆင္နယ္၊ မာေဆးတို႔ျဖစ္ေၾကာင္းလည္း သိရျပီျဖစ္တယ္။ ၄င္းအသင္းေတြထဲမွာ လီဗာပူး၊ အာဆင္နယ္က ေရပန္းအစားဆံုးျဖစ္ျပီး ကစားသမားကေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ပါဝင္ကစားခြင့္ကို ပိုမို အလုိရွိကာ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ ကစားခြင့္ကိုလည္း လက္ခံဖို႔ ရွိေနပါတယ္။

ဘစ္ဆိုမာက ယာဂင္ကေလာ့ပ္ရဲ႕ ကြင္းလယ္ သံုးေယာက္တန္းမွာ ၀င္ျဖည့္နိုင္တဲ့သူ ျဖစ္တယ္။ ခံစစ္ ကစားရာမွာ သန္မာကာ ၾကိးစားကစားျပီး ေဘာလံုးနဲ႕ အတူ လ်င္လ်င္ျမန္ျမန္ ေရြ႕လ်ားနုိင္တယ္။ ေဘာလံုး ျဖတ္ယူတာေတြ လုပ္နုိင္တဲ့သူဟာ ၀ိုက္နယ္ဒန္ေနရာ ပံုစံတစ္မ်ိဳးျဖင့္ ျဖည့္ကစားႏုိင္မယ့္သူမ်ိဳး ျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူရဲ႕ ကစားပံု၊ စိတ္ေနစိတ္ထားတို႔ကို ေလ့လာမႈေတြ အေတာ္ေလး လုပ္ထားတာေၾကာင့္ မာေဆးဆိုဒ္ဘက္က စိတ္ဝင္စားမႈဟာ အားေကာင္းတဲ့ အေနအထားထိပါ ရွိေနျပီလို႔ နားလည္ထားရတာျဖစ္ပါတယ္။