လီဗာပူး ဂိုးသမား အယ်လစ်ဆန်ဟာ ညက ဆောက်သမ်တန်ကို နိုင်တဲ့ ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲစဉ် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲကနေ သူ့ရဲ့ တကိုယ်ရည် စံချိန်မှတ်တမ်းသစ် လည်း ရခဲ့ပါတယ်။

ဘရာဇီးသားရဲ့ လက်စွမ်းပြမှုတွေက လီဗာပူးကို ပေးဂိုး မရှိ သုံးမှတ်ပြည့် ရအောင် ကြီးစွာ အကူအညီ ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပထမဂိုး ပေးလိုက်ရပြီးနောက် ဆောက်သမ်တန်ရဲ့ တရကြမ်း တိုက်စစ်ကို အယ်လစ်ဆန်က သေချာ ကာကွယ်ပေးခဲ့တာပါ။

ထိုပွဲမှာ အယ်လစ်ဆန် ကာကွယ်ခဲ့တဲ့ ဂိုးကန်ချက် ၆ ကြိမ်ထိ ရှိခဲ့ပြီး ထို အရေအတွက်ဟာ လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ် ပွဲ ၉၆ ပွဲ ကစားထားခဲ့သမျှထဲ အများဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် အမြင့်ဘော တစ်ကြိမ်၊ လက်သီးနဲ့ ကာကွယ်ချက် တစ်ကြိမ် အပြင် တစ်ဦးချင်း အတွေ့မှာ ဂိုးပေးရလုနီးပါး အနေအထား ၃ ကြိမ်လုံးမှာလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဘောလုံး လာတိုင်း သူ့ရဲ့ sweeper-keeper စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့တာပါ။

ပွဲချိန်အတွင်း တစ်ကြိမ် အပေးမှားကာ ဂိုးခြိမ်းခြောက်မှု တိုက်ရိုက် ခံရတာကိုလည်း ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးအသင်းဘက်က ပေးအပ်ခဲ့တဲ့ ပွဲစဉ် အကောင်းဆုံး ကစားသမား ဆု ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူး ဂိုးသမား အယ္လစ္ဆန္ဟာ ညက ေဆာက္သမ္တန္ကို နုိင္တဲ့ ပြဲမွာ လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ျပီး ပြဲစဥ္ အေကာင္းဆံုး ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ဒီပြဲကေန သူ႔ရဲ႕ တကုိယ္ရည္ စံခ်ိန္မွတ္တမ္းသစ္ လည္း ရခဲ့ပါတယ္။

ဘရာဇီးသားရဲ႕ လက္စြမ္းျပမႈေတြက လီဗာပူးကို ေပးဂိုး မရွိ သံုးမွတ္ျပည့္ ရေအာင္ ၾကီးစြာ အကူအညီ ေပးနုိင္ခဲ့တယ္လို႔ ဆိုနိုင္ပါတယ္။ ပထမဂိုး ေပးလိုက္ရျပီးေနာက္ ေဆာက္သမ္တန္ရဲ႕ တရၾကမ္း တိုက္စစ္ကို အယ္လစ္ဆန္က ေသခ်ာ ကာကြယ္ေပးခဲ့တာပါ။

ထိုပြဲမွာ အယ္လစ္ဆန္ ကာကြယ္ခဲ့တဲ့ ဂိုးကန္ခ်က္ ၆ ၾကိမ္ထိ ရွိခဲ့ျပီး ထို အေရအတြက္ဟာ လီဗာပူးနဲ႕ အတူ ပရီးမီးယားလိဂ္ ပြဲ ၉၆ ပြဲ ကစားထားခဲ့သမွ်ထဲ အမ်ားဆံုး ျဖစ္ပါတယ္။

ဒါ့အျပင္ အျမင့္ေဘာ တစ္ၾကိမ္၊ လက္သီးနဲ႕ ကာကြယ္ခ်က္ တစ္ၾကိမ္ အျပင္ တစ္ဦးခ်င္း အေတြ႔မွာ ဂိုးေပးရလုနီးပါး အေနအထား ၃ ၾကိမ္လံုးမွာလည္း ကာကြယ္နိုင္ခဲ့ပါတယ္။ ေဘာလံုး လာတိုင္း သူ႔ရဲ႕ sweeper-keeper စြမ္းရည္ေကာင္းေတြကို ျပသနုိင္ခဲ့တာပါ။

ပြဲခ်ိန္အတြင္း တစ္ၾကိမ္ အေပးမွားကာ ဂိုးျခိမ္းေျခာက္မႈ တုိက္ရိုက္ ခံရတာကိုလည္း ကာကြယ္နိုင္ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးအသင္းဘက္က ေပးအပ္ခဲ့တဲ့ ပြဲစဥ္ အေကာင္းဆံုး ကစားသမား ဆု ကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာ ျဖစ္ပါတယ္။