လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဆောက်သမ်တန်ကို ရင်ဆိုင်တဲ့ပွဲမှာ အသင်းသား ၄ ဦး ဒဏ်ရာရနေတာကြောင့် အရန်လူစာရင်းကို ပြင်ဆင်ခဲ့ရပါတယ်။

ရိုင်းဝီလီယမ်က ဝိုက်နယ်ဒမ်၊ ဂျိုတာတို့နှင့်အတူ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတယ်။ အရန်စာရင်းမှာတော့ အသင်းသား နှစ်ဦး ဒဏ်ရာရနေခြင်းကြောင့် ကိုမတ်တီယို၊ ဝုဒ်ဘမ်းတို့ကိုပါ ထည့်သွင်းခဲ့ရပြီး လီဗာပူး လူစာရင်းဟာ အပြောင်းအလဲတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

လီဗာပူးဘက်က ခါဘတ်၊ ဘမ်ဒေးဗစ်၊ မီလ်နာနဲ့ ကိတ်တာတို့ဟာ အသေးစား ဒဏ်ရာတွေ ရှိနေတယ်လို့ ဖော်ပြထားတယ်။ စကိုင်းစပေါ့နှင့် အင်တာဗျူးမှာ ယာဂင်ကလော့ပ်ကတော့ လေးဦးလုံးဟာ အသေးစား ဒဏ်ရာတွေပဲဖြစ်ပြီး စိုးရိမ်စရာ မရှိပေမယ့် ဆောက်သမ်တန်ပွဲမှာ ထည့်ကစားဖို့တော့ မဖြစ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

ယာဂင်က “ မီလ်နာရဲ့ ဒဏ်ရာက သိပ်ကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ နောက်အပတ်ပွဲမှာ သူပြန်လာဖို့ မျှော်လင့်ထားတယ်။ အိုဇန်ရဲ့ အခြေအနေကတော့ အတိအကျ မသိရသေးဘဲ အခြေအနေကို သိနိုင်ဖို့ စောင့်ရပါဦးမယ်။

ကြွက်သားဒဏ်ရာဖြစ်နိုင်ပြီး ပြင်းထန်မှု မရှိပေမယ့် ဆောက်သမ်တန်ပွဲမှာ ထည့်ကစားလို့တော့ မရနိုင်ခဲ့ဘူး။ ဘမ်ဒေးဗစ်ရဲ့ အခြေအနေကလည်း အတူတူပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိတ်တာရဲ့ အခြေအနေကို ထည့်တွင်းပြောခြင်း မရှိပေမယ့် ဂူနီယာသားရဲ့ ဒဏ်ရာ မှတ်တမ်းတွေအရ သူ့ကို လူစာရင်းမှာ မမြင်ရတာဟာ အသေးစား ဒဏ်ရာကြောင့်ဖြစ်မယ်ဆိုတာကို ပရိသတ်တွေက နားလည်လွယ်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၄ အျဖစ္ ေဆာက္သမ္တန္ကို ရင္ဆိုင္တဲ့ပြဲမွာ အသင္းသား ၄ ဦး ဒဏ္ရာရေနတာေၾကာင့္ အရန္လူစာရင္းကို ျပင္ဆင္ခဲ့ရပါတယ္။

ရိုင္းဝီလီယမ္က ဝိုက္နယ္ဒမ္၊ ဂ်ိဳတာတို႔ႏွင့္အတူ ပြဲထြက္လူစာရင္းမွာ ပါဝင္လာတယ္။ အရန္စာရင္းမွာေတာ့ အသင္းသား ႏွစ္ဦး ဒဏ္ရာရေနျခင္းေၾကာင့္ ကိုမတ္တီယို၊ ဝုဒ္ဘမ္းတို႔ကိုပါ ထည့္သြင္းခဲ့ရျပီး လီဗာပူး လူစာရင္းဟာ အေျပာင္းအလဲေတြ ရွိလာခဲ့တာျဖစ္ပါတယ္။

လီဗာပူးဘက္က ခါဘတ္၊ ဘမ္ေဒးဗစ္၊ မီလ္နာနဲ႔ ကိတ္တာတို႔ဟာ အေသးစား ဒဏ္ရာေတြ ရွိေနတယ္လို႔ ေဖာ္ျပထားတယ္။ စကိုင္းစေပါ့ႏွင့္ အင္တာဗ်ဴးမွာ ယာဂင္ကေလာ့ပ္ကေတာ့ ေလးဦးလံုးဟာ အေသးစား ဒဏ္ရာေတြပဲျဖစ္ျပီး စိုးရိမ္စရာ မရွိေပမယ့္ ေဆာက္သမ္တန္ပြဲမွာ ထည့္ကစားဖို႔ေတာ့ မျဖစ္ႏုိင္ခဲ့ေၾကာင္း ေျပာပါတယ္။

ယာဂင္က “ မီလ္နာရဲ႕ ဒဏ္ရာက သိပ္ၾကီးတဲ့ ကိစၥ မဟုတ္ပါဘူး။ ေနာက္အပတ္ပြဲမွာ သူျပန္လာဖို႔ ေမွ်ာ္လင့္ထားတယ္။ အိုဇန္ရဲ႕ အေျခအေနကေတာ့ အတိအက် မသိရေသးဘဲ အေျခအေနကို သိႏုိင္ဖို႔ ေစာင့္ရပါဦးမယ္။

ၾကြက္သားဒဏ္ရာျဖစ္ႏုိင္ျပီး ျပင္းထန္မႈ မရွိေပမယ့္ ေဆာက္သမ္တန္ပြဲမွာ ထည့္ကစားလို႔ေတာ့ မရႏုိင္ခဲ့ဘူး။ ဘမ္ေဒးဗစ္ရဲ႕ အေျခအေနကလည္း အတူတူပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိတ္တာရဲ႕ အေျခအေနကို ထည့္တြင္းေျပာျခင္း မရွိေပမယ့္ ဂူနီယာသားရဲ႕ ဒဏ္ရာ မွတ္တမ္းေတြအရ သူ႔ကို လူစာရင္းမွာ မျမင္ရတာဟာ အေသးစား ဒဏ္ရာေၾကာင့္ျဖစ္မယ္ဆိုတာကို ပရိသတ္ေတြက နားလည္လြယ္ခဲ့တာျဖစ္ပါတယ္။