သီယေဂိုဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့တာကြောင့် ကလပ်ရဲ့ ၁၄၀ ဦး မြောက်သော ပရီးမီးယားလိဂ်သွင်းဂိုးရှင် ဖြစ်လာပါတယ်။

ဒါ့အပြင် ဖာမင်နိုရဲ့ ဧရိယာထိပ်က ပေးမှုကို ဧရိယာထိပ်နားမှာပဲ အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် ၂၀၁၅ ခုနှစ်က အိုရီဂီနောက်ပိုင်း ပထမဆုံးသော လီဗာပူးအတွက် သွင်းဂိုးကို ဧရိယာပြင်ပကနေ အဆုံးသတ် ရယူသူလည်း ဖြစ်လာခဲ့တယ်။

ဆောက်သမ်တန်ကို အနိုင်သေချာစေခဲ့တဲ့ သွင်းဂိုးနှင့် ပတ်သက်ပြီး သီယေဂိုက ” အကောင်းဆုံးတွေ စွမ်းဆောင်နိုင်ဖို့ ကျနော် အမြဲတမ်း ကြိုးစားပါတယ်။ လက်ရှိ အခြေအနေအပေါ်မှာ ကျနေ်ာတို့တွေ မပျော်နိုင်ကြပါဘူး။ ဒါပေမယ့် အနိုင်ရခဲ့တာအတွက် ကျနေ်ာတို့ ပျော်ရွှင်နေမိပါတယ်။ အသင်းအတွက် ဂိုးသွင်းယူပေးပြီး ကူညီနိုင်တာကလည်း သိပ်ကောင်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

အခွင့်အရေး သေးသေးလေးရှိနေပြီး ဒါကို ရာသီကုန်ထိ ဆက်ပြီး တိုက်ခိုက်သွားလိုပါတယ်။ ဂိုးသွင်းရတာက သိပ်ကောင်းတဲ့ ခံစားချက်ကို ပေးပေမယ့် အရေးကြီးဆုံးက အနိုင် သုံးမှတ်ပဲဖြစ်တယ်။ အံဖွယ်ကိစ္စ သေးသေးလေးအတွက် ကျနေ်ာတို့ ဆက်ပြီး တိုက်ခိုက်ရပါမယ်။

ကိုယ်ရဲ့ ဘောလုံးကို အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ ဘောလုံးမရှိချိန်မှာလည်း ပြင်းပြစိတ်တွေဖြင့် ကစားနိုင်ဖို့ ကြိုးစားခဲ့တယ်။ ကျနော်က ဂိုးသွင်းယူလေ့ရှိတဲ့ ကစားသမားမျိုး မဟုတ်ပေမယ့် ဧရိယာထဲကို ခပ်နီးနီးသွားဖို့ ကြိုးစားပြီး ဖန်တီးမှု (သို့) ကန်သွင်းမှု လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဂိုးရလိုက်တာက တကယ်ကို ထူးရှယ်ပါပဲ။

ကျနော်တို့ ကစားသမားတွေက သိပ်ကိုကောင်းတဲ့ အန်ဖီးကွင်းမှာ ကစားပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာအတွက် အမြဲတမ်း ဂုဏ်ယူကြပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ အခွင့်အရေး ရှိခဲ့ပေမယ့် ကျနေ်ာတို့ အရမယူနိုင်ခဲ့ဘူး။ ဒါပေမယ့် အားလုံးက လမ်းပွင့်နေဆဲပါ ဒီတံခါးထဲကို ကျနေ်ာတို့ တိုးဝင်သွားနိုင်အောင် ကြိုးစားရမှာပါ ” လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ZAWGYI

သီေယဂိုဟာ လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ပရီးမီးယားလိဂ္သြင္းဂိုးကို ရယူႏုိင္ခဲ့တာေၾကာင့္ ကလပ္ရဲ႕ ၁၄၀ ဦး ေျမာက္ေသာ ပရီးမီးယားလိဂ္သြင္းဂိုးရွင္ ျဖစ္လာပါတယ္။

ဒါ့အျပင္ ဖာမင္ႏိုရဲ႕ ဧရိယာထိပ္က ေပးမႈကို ဧရိယာထိပ္နားမွာပဲ အဆံုးသတ္ႏုိင္ခဲ့ျခင္းေၾကာင့္ ၂၀၁၅ ခုႏွစ္က အိုရီဂီေနာက္ပိုင္း ပထမဆံုးေသာ လီဗာပူးအတြက္ သြင္းဂိုးကို ဧရိယာျပင္ပကေန အဆံုးသတ္ ရယူသူလည္း ျဖစ္လာခဲ့တယ္။

ေဆာက္သမ္တန္ကို အႏုိင္ေသခ်ာေစခဲ့တဲ့ သြင္းဂိုးႏွင့္ ပတ္သက္ျပီး သီေယဂိုက ” အေကာင္းဆံုးေတြ စြမ္းေဆာင္ႏုိင္ဖုိ႔ က်ေနာ္ အျမဲတမ္း ၾကိဳးစားပါတယ္။ လက္ရွိ အေျခအေနအေပၚမွာ က်ေန္ာတို႔ေတြ မေပ်ာ္ႏုိင္ၾကပါဘူး။ ဒါေပမယ့္ အႏုိင္ရခဲ့တာအတြက္ က်ေန္ာတို႔ ေပ်ာ္ရႊင္ေနမိပါတယ္။ အသင္းအတြက္ ဂိုးသြင္းယူေပးျပီး ကူညီႏုိင္တာကလည္း သိပ္ေကာင္းတဲ့ အခိုက္အတန္႔ျဖစ္ပါတယ္။

အခြင့္အေရး ေသးေသးေလးရွိေနျပီး ဒါကို ရာသီကုန္ထိ ဆက္ျပီး တိုက္ခိုက္သြားလိုပါတယ္။ ဂိုးသြင္းရတာက သိပ္ေကာင္းတဲ့ ခံစားခ်က္ကို ေပးေပမယ့္ အေရးၾကီးဆံုးက အႏုိင္ သံုးမွတ္ပဲျဖစ္တယ္။ အံဖြယ္ကိစၥ ေသးေသးေလးအတြက္ က်ေန္ာတို႔ ဆက္ျပီး တိုက္ခိုက္ရပါမယ္။

ကိုယ္ရဲ႕ ေဘာလံုးကို အေကာင္းဆံုး ကစားႏုိင္ဖို႔ ၾကိဳးစားခဲ့ၾကတယ္။ ေဘာလံုးမရွိခ်ိန္မွာလည္း ျပင္းျပစိတ္ေတြျဖင့္ ကစားႏုိင္ဖို႔ ၾကိဳးစားခဲ့တယ္။ က်ေနာ္က ဂိုးသြင္းယူေလ့ရွိတဲ့ ကစားသမားမ်ိဳး မဟုတ္ေပမယ့္ ဧရိယာထဲကို ခပ္နီးနီးသြားဖို႔ ၾကိဳးစားျပီး ဖန္တီးမႈ (သို႔) ကန္သြင္းမႈ လုပ္ႏုိင္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဂိုးရလိုက္တာက တကယ္ကို ထူးရွယ္ပါပဲ။

က်ေနာ္တို႔ ကစားသမားေတြက သိပ္ကိုေကာင္းတဲ့ အန္ဖီးကြင္းမွာ ကစားျပီး ပရိသတ္ေတြကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏုိင္တာအတြက္ အျမဲတမ္း ဂုဏ္ယူၾကပါတယ္။ ျပီးခဲ့တဲ့ ပြဲေတြမွာ အခြင့္အေရး ရွိခဲ့ေပမယ့္ က်ေန္ာတို႔ အရမယူႏုိင္ခဲ့ဘူး။ ဒါေပမယ့္ အားလံုးက လမ္းပြင့္ေနဆဲပါ ဒီတံခါးထဲကို က်ေန္ာတို႔ တိုးဝင္သြားႏုိင္ေအာင္ ၾကိဳးစားရမွာပါ ” လို႔ ထုတ္ေျပာသြားခဲ့ပါတယ္။