လီဗာပူးက ဆောက်သမ်တန်ကို မာနေး၊ သီယာဂိုတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရတဲ့နောက် ချန်ပီယံလိဂ်ဝင်ခွင့်က မဖြစ်နိုင်တဲ့ အနေအထား မဟုတ်တော့ပါဘူးလို့ မန်နေဂျာကလော့ပ်က ဆိုပါတယ်။

လီဗာပူးဟာ အမှတ်ပေးဇယား အဆင့် ၆ မှာရှိနေပြီး အဆင့် လေးနေရာက လက်စတာနှင့် တစ်ပွဲလျော့ကစား ၆ မှတ်အကွာ၊ အဆင့် ၅ နေရာက ဝက်ဟမ်းနှင့် ပွဲတူ ၁ မှတ်အကွာ အနေအထားမှာ ရှိနေတာပါ။ အဆင့် ၃ နေရာက ချယ်ဆီးနှင့်လည်း တစ်ပွဲလျော့ ၇ မှတ် အကွာမှာ ရှိနေတာဖြစ်ပါတယ်။

ကလော့ပ်က ပြောရာမှာ ” အနိုင်ရဖို့ ခက်ခဲမယ်ဆိုတာ အရင်တည်းက ကျနေ်ာတို့ သိပါတယ်။ အနိုင်ရဖို့ တစ်ခုတည်းသော နည်းလမ်းကလည်း ပြင်းပြင်းထန်ထန် ကြိုးစားဖြစ်ပြီး ဒီကနေ့ညမှာ ကျနေ်ာတို့ လုပ်ပြနိုင်ခဲ့တယ်။

ဆောက်သမ်တန်က စုဖွဲ့မှု သိပ်ကောင်းပြီး ပြင်းပြင်းထန်ထန် ကစားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့ကလည်း သူတို့ ပုံစံတွေအတိုင်း လှုပ်ရှား ကစားခဲ့တယ်။ သူတို့ အခွင့်အရေးကြီးတွေရဖို့ ကျနေ်ာတို့ ကိုယ်တိုင်ကပဲ စီစဉ်ပေးမှုတွေ ရှိခဲ့ပါတယ် ဒါပေမယ့် ကျနေ်ာတို့က အနိုင်သုံးမှတ်ရဖို့ ထိုက်တန်ပါတယ်။

သိပ်ကောင်းတဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တယ်။ ပွဲကို စောစောမဖြတ်နိုင်တာက ကျနေ်ာတို့အတွက် မထူးဆန်းတဲ့ ကိစ္စတောင်ဖြစ်လာနေခဲ့ပါပြီ။ ဒါကြောင့် ပွဲထဲမှာ ဆက်ရှိနေဖို့ ကြိုးစားခဲ့ပြီး သိပ်ကောင်းတဲ့ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် စိတ်သက်သာရာ ရခဲ့ပါတယ်။ ကျနေ်ာတို့ တိုက်ခိုက်ပြီး အနိုင်သုံးမှတ် ရခဲ့တာက သိပ်ကောင်းပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားသွားမှာပါ။ အဲ့တာက မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခက်ခဲပါလိမ့်မယ်။ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားပြီး ကိုယ်ဘာရနိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေဆာက္သမ္တန္ကို မာေနး၊ သီယာဂိုတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရတဲ့ေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္က မျဖစ္ႏုိင္တဲ့ အေနအထား မဟုတ္ေတာ့ပါဘူးလို႔ မန္ေနဂ်ာကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးဟာ အမွတ္ေပးဇယား အဆင့္ ၆ မွာရွိေနျပီး အဆင့္ ေလးေနရာက လက္စတာႏွင့္ တစ္ပြဲေလ်ာ့ကစား ၆ မွတ္အကြာ၊ အဆင့္ ၅ ေနရာက ဝက္ဟမ္းႏွင့္ ပြဲတူ ၁ မွတ္အကြာ အေနအထားမွာ ရွိေနတာပါ။ အဆင့္ ၃ ေနရာက ခ်ယ္ဆီးႏွင့္လည္း တစ္ပြဲေလ်ာ့ ၇ မွတ္ အကြာမွာ ရွိေနတာျဖစ္ပါတယ္။

ကေလာ့ပ္က ေျပာရာမွာ ” အႏုိင္ရဖို႔ ခက္ခဲမယ္ဆိုတာ အရင္တည္းက က်ေန္ာတို႔ သိပါတယ္။ အႏုိင္ရဖို႔ တစ္ခုတည္းေသာ နည္းလမ္းကလည္း ျပင္းျပင္းထန္ထန္ ၾကိဳးစားျဖစ္ျပီး ဒီကေန႔ညမွာ က်ေန္ာတို႔ လုပ္ျပႏုိင္ခဲ့တယ္။

ေဆာက္သမ္တန္က စုဖြဲ႔မႈ သိပ္ေကာင္းျပီး ျပင္းျပင္းထန္ထန္ ကစားႏိုင္တဲ့ အသင္းျဖစ္ပါတယ္။ သူတို႔ကလည္း သူတို႔ ပံုစံေတြအတိုင္း လႈပ္ရွား ကစားခဲ့တယ္။ သူတို႔ အခြင့္အေရးၾကီးေတြရဖို႔ က်ေန္ာတို႔ ကိုယ္တိုင္ကပဲ စီစဥ္ေပးမႈေတြ ရွိခဲ့ပါတယ္ ဒါေပမယ့္ က်ေန္ာတို႔က အႏုိင္သံုးမွတ္ရဖို႔ ထိုက္တန္ပါတယ္။

သိပ္ေကာင္းတဲ့ ပထမဆံုး သြင္းဂိုးကို ရယူႏုိင္ခဲ့တယ္။ ပြဲကို ေစာေစာမျဖတ္ႏုိင္တာက က်ေန္ာတို႔အတြက္ မထူးဆန္းတဲ့ ကိစၥေတာင္ျဖစ္လာေနခဲ့ပါျပီ။ ဒါေၾကာင့္ ပြဲထဲမွာ ဆက္ရွိေနဖို႔ ၾကိဳးစားခဲ့ျပီး သိပ္ေကာင္းတဲ့ ဒုတိယဂိုးကို သြင္းယူႏုိင္ခ့ဲတာေၾကာင့္ စိတ္သက္သာရာ ရခဲ့ပါတယ္။ က်ေန္ာတို႔ တိုက္ခိုက္ျပီး အႏုိင္သံုးမွတ္ ရခဲ့တာက သိပ္ေကာင္းပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ၾကိဳးစားသြားမွာပါ။ အဲ့တာက မျဖစ္ႏုိင္တဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ ခက္ခဲပါလိမ့္မယ္။ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားျပီး ကိုယ္ဘာရႏုိင္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။