လွန်ခဲ့တဲ့ နှစ်နှစ် ဒီလိုရက်မှာ လီဗာပူးအသင်းဟာ ဘာစီလိုနာကို အန်ဖီးကွင်းမှာ ၄-၀ ဖြင့် အနိုင်ရပြီး နာမည်ကျော် Epic Comeback ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။

အဆိုပါပွဲမှာ ဆာလက် မပါခဲ့ဘူး၊ ဖာမင်နို မပါခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီဦးဆောင်တဲ့ ဘာစီလိုနာကို လီဗာပူးက အသင်းလိုက် စိတ်ဓါတ်ကောင်းဖြင့် အနိုင်ယူပြခဲ့ပါတယ်။ ဒါကလည်း အန်ဖီးကွင်းမှာ လီဗာပူးအသင်းသားတွေနဲ့ ပရိသတ်တို့ ပေါင်းစည်းနိုင်ခဲ့မှုမှာ ထွက်ပေါ်ခဲ့တဲ့ အံ့မခန်းတဲ့ ရလဒ်လည်း ဖြစ်ခဲ့ပါတယ်။

ပွဲအပြီး လွှတ်တင်တဲ့ ဟိုက်လိုက်တစ်ခုဟာဆိုရင် ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမှာ ကြည့်နှုန်း ၉.၈ သန်းထိ ရှိခဲ့တာဖြစ်တယ်။ ဒါဟာ ၂၀၁၉ ခုနှစ်အတွင်း ဗြိတိန်ဒေသကြီး တစ်ခုလုံးက ဖန်တီးခဲ့တဲ့ ဘယ်လို ဗီဒီယို အမျိုးအစားထက်မဆို ပိုများတဲ့ ကြည့်နှုန်းလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလန် ရုပ်သံချန်နယ်ဖြစ်တဲ့ BT Sport ကနေ အဆိုပါ ဗီဒီယိုတိုကို ဖော်ပြခဲ့တာဖြစ်ပြီး ၂၀၁၉ ရဲ့ ခေတ်အစားဆုံးသော ဗီဒီယိုထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာဘောလုံးလောကကိုပါ အံ့သြစေခဲ့တဲ့ အဆိုပါပွဲဟာ ဘာစီလိုနာနှင့် ကမ္ဘာကျော် ကစားသမား ဘက်စ်ကွက်ကိုလည်း အတော်လေး အရှက်ရစေခဲ့တာပါ။ ဘက်စ်ကွက်ဟာ တွစ်တာလူမှုကွန်ယက်ကို ပုံမှန်သုံးစွဲသူတစ်ဦး ဖြစ်ခဲ့ပေမယ့် လီဗာပူးကို အရေးနိမ့်အပြီးမှာတော့ သူ့ရဲ့ တွစ်တာကို လုံးဝ (လုံးဝ) အသုံးမပြုတော့ပါဘူး။

၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့မှာ လီဗာပူးက ဘာစီလိုနာကို ၄-၀ ဖြင့် အနိုင်ရခြင်း နှစ်နှစ်ပြည့်လည်းဖြစ်တယ်။ ယနေ့အချိန်ထိ ဘက်စ်ကွက်က သူ့ရဲ့ တွစ်တာကို လုံးဝ အသုံးပြုခြင်း မရှိသေးဘဲ သူနောက်ဆုံး တင်ခဲ့တဲ့ ပိုစ့်ကတော့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲကြို အန်ဖီးကွင်းမှာ ကွင်းစမ်း လေ့ကျင့်ခဲ့စဉ် သူတင်ခဲ့တဲ့ ” လီဗာပူး V ဘာစီလိုနာ ငါတို့ကတော့ အဆင်သင့်ပါပဲ ” ဆိုတဲ့ စာသားပဲဖြစ်ပါတယ်။

ZAWGYI

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ ဒီလိုရက္မွာ လီဗာပူးအသင္းဟာ ဘာစီလိုနာကို အန္ဖီးကြင္းမွာ ၄-၀ ျဖင့္ အႏုိင္ရျပီး နာမည္ေက်ာ္ Epic Comeback ပြဲတစ္ပြဲကို ကစားခဲ့ပါတယ္။

အဆိုပါပြဲမွာ ဆာလက္ မပါခဲ့ဘူး၊ ဖာမင္ႏို မပါခဲ့ပါဘူး။ ဒါေပမယ့္ မက္ဆီဦးေဆာင္တဲ့ ဘာစီလိုနာကို လီဗာပူးက အသင္းလိုက္ စိတ္ဓါတ္ေကာင္းျဖင့္ အႏိုင္ယူျပခဲ့ပါတယ္။ ဒါကလည္း အန္ဖီးကြင္းမွာ လီဗာပူးအသင္းသားေတြနဲ႔ ပရိသတ္တို႔ ေပါင္းစည္းႏုိင္ခဲ့မႈမွာ ထြက္ေပၚခဲ့တဲ့ အံ့မခန္းတဲ့ ရလဒ္လည္း ျဖစ္ခဲ့ပါတယ္။

ပြဲအျပီး လႊတ္တင္တဲ့ ဟိုက္လိုက္တစ္ခုဟာဆိုရင္ ရက္ပိုင္းအတြင္း ကမၻာတစ္ဝန္းမွာ ၾကည့္ႏႈန္း ၉.၈ သန္းထိ ရွိခဲ့တာျဖစ္တယ္။ ဒါဟာ ၂၀၁၉ ခုႏွစ္အတြင္း ျဗိတိန္ေဒသၾကီး တစ္ခုလံုးက ဖန္တီးခဲ့တဲ့ ဘယ္လို ဗီဒီယို အမ်ိဳးအစားထက္မဆို ပိုမ်ားတဲ့ ၾကည့္ႏႈန္းလည္း ျဖစ္ခဲ့ပါတယ္။ အဂၤလန္ ရုပ္သံခ်န္နယ္ျဖစ္တဲ့ BT Sport ကေန အဆိုပါ ဗီဒီယိုတိုကို ေဖာ္ျပခဲ့တာျဖစ္ျပီး ၂၀၁၉ ရဲ႕ ေခတ္အစားဆံုးေသာ ဗီဒီယိုထဲကတစ္ခု ျဖစ္ခဲ့ပါတယ္။

ကမၻာေဘာလံုးေလာကကိုပါ အံ့ၾသေစခဲ့တဲ့ အဆိုပါပြဲဟာ ဘာစီလိုနာႏွင့္ ကမၻာေက်ာ္ ကစားသမား ဘက္စ္ကြက္ကိုလည္း အေတာ္ေလး အရွက္ရေစခဲ့တာပါ။ ဘက္စ္ကြက္ဟာ တြစ္တာလူမႈကြန္ယက္ကို ပံုမွန္သံုးစြဲသူတစ္ဦး ျဖစ္ခဲ့ေပမယ့္ လီဗာပူးကို အေရးနိမ့္အျပီးမွာေတာ့ သူ႔ရဲ႕ တြစ္တာကို လံုးဝ (လံုးဝ) အသံုးမျပဳေတာ့ပါဘူး။

၂၀၂၁ ခုႏွစ္ ေမလ ၈ ရက္ေန႔မွာ လီဗာပူးက ဘာစီလိုနာကို ၄-၀ ျဖင့္ အႏုိင္ရျခင္း ႏွစ္ႏွစ္ျပည့္လည္းျဖစ္တယ္။ ယေန႔အခ်ိန္ထိ ဘက္စ္ကြက္က သူ႔ရဲ႕ တြစ္တာကို လံုးဝ အသံုးျပဳျခင္း မရွိေသးဘဲ သူေနာက္ဆံုး တင္ခဲ့တဲ့ ပိုစ့္ကေတာ့ ခ်န္ပီယံလိဂ္ဆီးမီးဖိုင္နယ္ပြဲၾကိဳ အန္ဖီးကြင္းမွာ ကြင္းစမ္း ေလ့က်င့္ခဲ့စဥ္ သူတင္ခဲ့တဲ့ ” လီဗာပူး V ဘာစီလိုနာ ငါတို႔ကေတာ့ အဆင္သင့္ပါပဲ ” ဆိုတဲ့ စာသားပဲျဖစ္ပါတယ္။