မန်နေဂျာယာဂင်ကလော့ပ်က တိုက်စစ်မှူး ဖာမင်နိုအပေါ် ကျရောက်နေတဲ့ ဖိအားတွေကို ငြင်းဆန်လိုက်ပြီး ဘရာဇီးသားဟာ လေ့ကျင့်ရေးမှာ ပုံစံကောင်းတွေ ပြသနိုင်နေဆဲလို့ ထုတ်ပြောလာပါတယ်။

ကိုဗစ်ကပ်ဘေးမှာ မိခင်နိုင်ငံကို ကာလရှည် မပြန်နိုင်ဖြစ်နေတဲ့ ဘော်ဘီဟာ ဒီရာသီမှာ စွမ်းဆောင်ရည် အတော်လေး ကျဆင်းနေတာပါ။ ဒါပေမယ့်လို့ သူ့ရဲ့ ခြေစွမ်းက အောက်ဆုံးကို ကျရောက်နေခြင်းမျိုးတော့ မဟုတ်ဘဲ သူအကောင်းဆုံး ကစားနိုင်တဲ့ ပွဲတွေမှာ အချို့သော အသင်းဖော်တွေရဲ့ ခြေစွမ်း ကျဆင်းမှုကလည်း သူ့ရဲ့ ဖန်တီးပေးမှုတွေကို ဖြုန်းတီးရာ ကျနေပါတယ်။

ဒီရာသီမှာ ဒဏ်ရာ ပြဿနာ၊ ကိုဗစ် ပြဿနာတွေကြောင့် လီဗာပူးအသင်းဟာ ကွင်းတွင်း စွမ်းဆောင်ရည်တွေ ထိခိုက်လာခဲ့ပြီး ယာဂင်ကတော့ သူ့လက်ထက် ပွဲထွက်ခွင့် အများဆုံး ပေးထားတဲ့ ဘော်ဘီအပေါ် ယုံကြည်မှုတွေ ရှိနေဆဲဆိုတာကို ထုတ်ပြောခဲ့တယ်။

ယာဂင်က “ ဘော်ဘီက အိုမင်းပြီး နွမ်းနယ်နေတာ မဟုတ်ပါဘူး။ အဲ့လိုမျိုး ဖြစ်နေတာ မဟုတ်သလို အားလုံးကို ဆုံးရံှူးနေသူလည်း မဟုတ်ပါဘူး။ လေ့ကျင့်ရေးမှာ အားလုံးကို ကျနေ်ာတို့ မြင်နေရတယ်။ လေ့ကျင့်ရေးမှာ မြင်နေသမျှကို ကွင်းထဲမှာ ပြသနိုင်ဖို့ ကျနေ်ာတို့ သေချာအောင် လုပ်နိုင်ဖို့ လိုပါတယ်။

ဘော်ဘီ တစ်ဦးတည်းမှ မဟုတ်ပါဘူး။ ကျနေ်ာတို့ အားလုံး မြက်ခင်းပြင်မှာ အကောင်းဆုံးတွေကို စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီရာသီမှာ ရှုပ်ထွေးတဲ့ ကိစ္စတွေ အများကြီး ဖြစ်ပွားထားပါတယ်။ ဆင်ခြေတွေ ပေးစရာမရှိသလို ဆင်ခြေတွေ ပေးနေရမှာလည်း မဟုတ်ပါဘူး။

ဒီအခြေအနေကို အကောင်းဆုံး ဖော်ပြဖို့ကတော့ အခြေအနေတွေက ရှုပ်ထွေးနေခဲ့တယ်လို့ ပြောရမှာပါပဲ။ ဘော်ဘီက ကောင်းမွန်တဲ့ အခြေအနေတွေမှာ ရှိနေဆဲပါ။ သူကောင်းကောင်းမွန်မွန် လေ့ကျင့်ထားနိုင်တယ် ဒီတော့ အခြေအနေ ကောင်းနေတယ်လို့ပဲ ပြောရပါမယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က တိုက္စစ္မွဴး ဖာမင္ႏိုအေပၚ က်ေရာက္ေနတဲ့ ဖိအားေတြကို ျငင္းဆန္လိုက္ျပီး ဘရာဇီးသားဟာ ေလ့က်င့္ေရးမွာ ပံုစံေကာင္းေတြ ျပသႏုိင္ေနဆဲလို႔ ထုတ္ေျပာလာပါတယ္။

ကိုဗစ္ကပ္ေဘးမွာ မိခင္ႏုိင္ငံကို ကာလရွည္ မျပန္ႏုိင္ျဖစ္ေနတဲ့ ေဘာ္ဘီဟာ ဒီရာသီမွာ စြမ္းေဆာင္ရည္ အေတာ္ေလး က်ဆင္းေနတာပါ။ ဒါေပမယ့္လို႔ သူ႔ရဲ႕ ေျခစြမ္းက ေအာက္ဆံုးကို က်ေရာက္ေနျခင္းမ်ိဳးေတာ့ မဟုတ္ဘဲ သူအေကာင္းဆံုး ကစားႏုိင္တဲ့ ပြဲေတြမွာ အခ်ိဳ႔ေသာ အသင္းေဖာ္ေတြရဲ႔ ေျခစြမ္း က်ဆင္းမႈကလည္း သူ႔ရဲ႕ ဖန္တီးေပးမႈေတြကို ျဖဳန္းတီးရာ က်ေနပါတယ္။

ဒီရာသီမွာ ဒဏ္ရာ ျပႆနာ၊ ကိုဗစ္ ျပႆနာေတြေၾကာင့္ လီဗာပူးအသင္းဟာ ကြင္းတြင္း စြမ္းေဆာင္ရည္ေတြ ထိခိုက္လာခဲ့ျပီး ယာဂင္ကေတာ့ သူ႔လက္ထက္ ပြဲထြက္ခြင့္ အမ်ားဆံုး ေပးထားတဲ့ ေဘာ္ဘီအေပၚ ယံုၾကည္မႈေတြ ရွိေနဆဲဆိုတာကို ထုတ္ေျပာခဲ့တယ္။

ယာဂင္က “ ေဘာ္ဘီက အိုမင္းျပီး ႏြမ္းနယ္ေနတာ မဟုတ္ပါဘူး။ အဲ့လိုမ်ိဳး ျဖစ္ေနတာ မဟုတ္သလို အားလံုးကို ဆံုးရံွဴးေနသူလည္း မဟုတ္ပါဘူး။ ေလ့က်င့္ေရးမွာ အားလံုးကို က်ေန္ာတို႔ ျမင္ေနရတယ္။ ေလ့က်င့္ေရးမွာ ျမင္ေနသမွ်ကို ကြင္းထဲမွာ ျပသႏုိင္ဖို႔ က်ေန္ာတို႔ ေသခ်ာေအာင္ လုပ္ႏုိင္ဖို႔ လိုပါတယ္။

ေဘာ္ဘီ တစ္ဦးတည္းမွ မဟုတ္ပါဘူး။ က်ေန္ာတို႔ အားလံုး ျမက္ခင္းျပင္မွာ အေကာင္းဆံုးေတြကို စြမ္းေဆာင္ျပႏုိင္ဖို႔ လိုအပ္ပါတယ္။ ဒီရာသီမွာ ရႈပ္ေထြးတဲ့ ကိစၥေတြ အမ်ားၾကီး ျဖစ္ပြားထားပါတယ္။ ဆင္ေျခေတြ ေပးစရာမရွိသလို ဆင္ေျခေတြ ေပးေနရမွာလည္း မဟုတ္ပါဘူး။

ဒီအေျခအေနကို အေကာင္းဆံုး ေဖာ္ျပဖို႔ကေတာ့ အေျခအေနေတြက ရႈပ္ေထြးေနခဲ့တယ္လို႔ ေျပာရမွာပါပဲ။ ေဘာ္ဘီက ေကာင္းမြန္တဲ့ အေျခအေနေတြမွာ ရွိေနဆဲပါ။ သူေကာင္းေကာင္းမြန္မြန္ ေလ့က်င့္ထားႏုိင္တယ္ ဒီေတာ့ အေျခအေန ေကာင္းေနတယ္လို႔ပဲ ေျပာရပါမယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။