အနိုင်ရဖို့ဆိုရင် လူစာရင်းက ခန့်မှန်းရ မလွယ်ဖို့ လိုအပ်ပေမယ့်လည်း လီဗာပူးရဲ့ လူစာရင်းကို ခန့်မှန်းရတာက အနည်းငယ် လွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။

ပွဲကြိုမှာတည်းက မန်နေဂျာကလော့ပ်က အပြောင်းအလဲတွေကို ပြုလုပ်မယ့် အကြောင်း ထုတ်မပြောပေမယ့် နေရာအနည်းငယ်အတွက် ဆုံးဖြတ်ချက်ကို နောက်ကျမှ ပြုလုပ်မယ်လို့ ဆိုထားတယ်။ လီဗာပူးလူစာရင်းက တိုက်စစ် ၃ ဦး တွဲ ကစားမလား၊ ၄ ဦးလုံး ထုတ်သုံးမလားက လွဲရင် ထူးထူးခြားခြား အပြောင်းအလဲ ရှိဖွယ် မမြင်ရပါဘူး။

ယူနိုက်တက်ကို ရင်ဆိုင်ကစားမယ့်ပွဲ ပျက်ခဲ့ပေမယ့် အဆိုပါပွဲအတွက် လူစာရင်း ထုတ်ရာမှာ ခံစစ်သမား နက်ဖီးလစ် ပါဝင်လာပါတယ်။ အင်္ဂလန်ခံစစ်သမားဟာ ကြံ့ခိုင်မှုကြောင့် ကုန်ခဲ့တဲ့ ၂ ပွဲမှာ မပါနိုင်ခဲ့ဘူး၊ ဒါပေမယ့် ယူနိုက်တက်ပွဲ လူစာရင်းထဲ ထည့်ခံခဲ့ရသလို လေ့ကျင့်ရေး အစီအစဉ်မှာလည်း ပြန်မြင်လာရပါတယ်။

ကွင်းလယ်အတွဲအဖြစ်လည်း ဖာဘင်ညို၊ မီလ်နာ၊ သီယေဂိုကို ထုတ်ခဲ့ပြီး ပုံမှန် တိုက်စစ်သုံးယောက်တန်းကို ထည့်သုံးခဲ့တယ်။ ဆောက်သမ်တန်ပွဲမှာ အနိုင်သုံးမှတ် သေချာပေါက်ရဖို့ လိုအပ်နေတဲ့ လီဗာပူးဟာ လေးယောက်တန်း တိုက်စစ်ကို သုံးမယ်ဆိုရင်တော့ ကွင်းလယ်အတွဲကို သီယာဂို၊ ဖာဘင်ညိုကိုပဲ ထုတ်သုံးမှာဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ ကုန်ခဲ့တဲ့ လိဂ်ပွဲ ၆ ပွဲမှာ ပေးဂိုး ၁၅ ဂိုးထိ ရှိထားပြီး ခံစစ်က အတော်လေး အခြေအနေဆိုးနေတာပါ။ လီဗာပူးအသင်း နယူးကာဆယ်ကို ရင်ဆိုင်ကစားတုန်းက ၄-၂-၃-၁ ကစားကွက် ထုတ်သုံးခဲ့ပြီး တိုက်စစ်သမားတွေ အဆုံးသတ်ပိုင်း အားနည်းခြင်းကြောင့် နောက်ကျ သွင်းဂိုးဖြင့် သရေကျခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်သေချာပေါက် ရလိုနေတဲ့ လီဗာပူးဟာ ဒီပွဲမှာ အနိုင်သေချာပေါက် ရယူဖို့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ ထုတ်သုံးလာမှာ ဖြစ်ပါတယ်။

ZAwGYI

အႏိုင္ရဖို႔ဆိုရင္ လူစာရင္းက ခန္႔မွန္းရ မလြယ္ဖို႔ လိုအပ္ေပမယ့္လည္း လီဗာပူးရဲ႕ လူစာရင္းကို ခန္႔မွန္းရတာက အနည္းငယ္ လြယ္ကူတဲ့ အေျခအေနျဖစ္ပါတယ္။

ပြဲၾကိဳမွာတည္းက မန္ေနဂ်ာကေလာ့ပ္က အေျပာင္းအလဲေတြကို ျပဳလုပ္မယ့္ အေၾကာင္း ထုတ္မေျပာေပမယ့္ ေနရာအနည္းငယ္အတြက္ ဆံုးျဖတ္ခ်က္ကို ေနာက္က်မွ ျပဳလုပ္မယ္လို႔ ဆိုထားတယ္။ လီဗာပူးလူစာရင္းက တိုက္စစ္ ၃ ဦး တြဲ ကစားမလား၊ ၄ ဦးလံုး ထုတ္သံုးမလားက လြဲရင္ ထူးထူးျခားျခား အေျပာင္းအလဲ ရွိဖြယ္ မျမင္ရပါဘူး။

ယူႏုိက္တက္ကို ရင္ဆိုင္ကစားမယ့္ပြဲ ပ်က္ခဲ့ေပမယ့္ အဆုိပါပြဲအတြက္ လူစာရင္း ထုတ္ရာမွာ ခံစစ္သမား နက္ဖီးလစ္ ပါဝင္လာပါတယ္။ အဂၤလန္ခံစစ္သမားဟာ ၾကံ႕ခိုင္မႈေၾကာင့္ ကုန္ခဲ့တဲ့ ၂ ပြဲမွာ မပါႏုိင္ခဲ့ဘူး၊ ဒါေပမယ့္ ယူႏုိက္တက္ပြဲ လူစာရင္းထဲ ထည့္ခံခဲ့ရသလို ေလ့က်င့္ေရး အစီအစဥ္မွာလည္း ျပန္ျမင္လာရပါတယ္။

ကြင္းလယ္အတြဲအျဖစ္လည္း ဖာဘင္ညိဳ၊ မီလ္နာ၊ သီေယဂိုကို ထုတ္ခဲ့ျပီး ပံုမွန္ တိုက္စစ္သံုးေယာက္တန္းကို ထည့္သံုးခဲ့တယ္။ ေဆာက္သမ္တန္ပြဲမွာ အႏုိင္သံုးမွတ္ ေသခ်ာေပါက္ရဖို႔ လိုအပ္ေနတဲ့ လီဗာပူးဟာ ေလးေယာက္တန္း တိုက္စစ္ကို သံုးမယ္ဆိုရင္ေတာ့ ကြင္းလယ္အတြဲကို သီယာဂို၊ ဖာဘင္ညိဳကိုပဲ ထုတ္သံုးမွာျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာ ကုန္ခဲ့တဲ့ လိဂ္ပြဲ ၆ ပြဲမွာ ေပးဂိုး ၁၅ ဂိုးထိ ရွိထားျပီး ခံစစ္က အေတာ္ေလး အေျခအေနဆိုးေနတာပါ။ လီဗာပူးအသင္း နယူးကာဆယ္ကို ရင္ဆုိင္ကစားတုန္းက ၄-၂-၃-၁ ကစားကြက္ ထုတ္သံုးခဲ့ျပီး တိုက္စစ္သမားေတြ အဆံုးသတ္ပိုင္း အားနည္းျခင္းေၾကာင့္ ေနာက္က် သြင္းဂိုးျဖင့္ သေရက်ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ရမွတ္ေသခ်ာေပါက္ ရလိုေနတဲ့ လီဗာပူးဟာ ဒီပြဲမွာ အႏုိင္ေသခ်ာေပါက္ ရယူဖို႔ အေတာင့္တင္းဆံုး လူစာရင္းကိုပဲ ထုတ္သံုးလာမွာ ျဖစ္ပါတယ္။