ဒီအပတ်မှာ လီဗာပူးအသင်းက ဆောက်သမ်တန်ကို ဧည့်ခံကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေကို ယူပြနိုင်စွမ်းတွေ ရှိရတော့မှာ ဖြစ်ပါတယ်။

မနေ့တုန်းက လက်စတာက နယူးကာဆယ်ကို အရေးနိမ့်ခဲ့တယ်။ လီဗာပူးနှင့် လက်စတာကြားမှာ ရမှတ် ၉ မှတ် ကွာဟနေတယ် ဆိုပေမယ့် လီဗာပူးက နှစ်ပွဲလျော့ ကစားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ကို အနိုင်ရမယ်ဆိုရင် လီဗာပူးအတွက် ချန်ပီယံလိဂ် မျှော်လင့်ချက်က ပိုမို ရှင်သန်လာဖို့ ရှိနေပါတယ်။

အိုဝင်က ” အရင်အပတ်က ယူနိုက်တက်နှင့် ရင်ဆိုင်ရမယ့်ပွဲ ရွှေ့ဆိုင်းခဲ့တာကြောင့် ဒီပွဲမှာ လီဗာပူးက လန်းဆန်းနေတဲ့ ပုံစံဖြင့် ယှဉ်ပြိုင်လာသင့်ပါတယ်။ လီဗာပူးက သူတို့ရဲ့ တိုက်စစ်သမား အားလုံးကို ထုတ်သုံးလို့ ရနေပါတယ်။ ယာဂင်ကလော့ပ်အတွက် ဒီရာသီမှာ အဲ့သည် အခွင့်အရေးက အမြဲတမ်း ရနေတာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့အပတ်က လက်စတာကို ရင်ဆိုင်ရာမှာ ရမှတ်ယူနိုင်ခဲ့တဲ့ ဆောက်သမ်တန်ကို အသိအမှတ် ပြုရပါမယ်။ စိန့်ကစားသမားတွေက ၁၀ ယောက်တည်းဖြင့် ပွဲချိန် အများအပြားကို ကစားခဲ့ရတာဖြစ်တယ်။ မန်နေဂျာဟက်ဆန်ဟက်ကလည်း အဲ့အတွက် ကျေနပ်နေပါမယ်။ ဒါပေမယ့်လို့ ဒီအပတ်တွေမှာ သူ့အသင်း ထိခိုက်မှုတွေ ရှိထားတာဖြစ်ပါတယ်။

ဒီရာသီ အစောတုန်းက လီဗာပူးအသင်း ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရချိန်မှာ ဆောက်သမ်တန်က အနိုင်ကစားထားတယ်။ အခုတော့ အဲ့ ဒဏ်ရာစာရင်းက လျော့နည်းလာပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်ကို အာရုံစိုက်နေတဲ့ လီဗာပူးက ရမှတ်တွေ ရယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနှင့် ဆောက်သမ်တန်ပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းရလ်းကတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ လီဗာပူးအသင္းက ေဆာက္သမ္တန္ကို ဧည့္ခံကစားျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ရမွတ္ေတြကို ယူျပႏုိင္စြမ္းေတြ ရွိရေတာ့မွာ ျဖစ္ပါတယ္။

မေန႔တုန္းက လက္စတာက နယူးကာဆယ္ကို အေရးနိမ့္ခဲ့တယ္။ လီဗာပူးႏွင့္ လက္စတာၾကားမွာ ရမွတ္ ၉ မွတ္ ကြာဟေနတယ္ ဆိုေပမယ့္ လီဗာပူးက ႏွစ္ပြဲေလ်ာ့ ကစားထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဆာက္သမ္တန္ကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးအတြက္ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္က ပိုမို ရွင္သန္လာဖို႔ ရွိေနပါတယ္။

အိုဝင္က ” အရင္အပတ္က ယူႏုိက္တက္ႏွင့္ ရင္ဆိုင္ရမယ့္ပြဲ ေရႊ႔ဆိုင္းခဲ့တာေၾကာင့္ ဒီပြဲမွာ လီဗာပူးက လန္းဆန္းေနတဲ့ ပံုစံျဖင့္ ယွဥ္ျပိဳင္လာသင့္ပါတယ္။ လီဗာပူးက သူတို႔ရဲ႕ တိုက္စစ္သမား အားလံုးကို ထုတ္သံုးလို႔ ရေနပါတယ္။ ယာဂင္ကေလာ့ပ္အတြက္ ဒီရာသီမွာ အဲ့သည္ အခြင့္အေရးက အျမဲတမ္း ရေနတာ မဟုတ္ပါဘူး။

ျပီးခဲ့တဲ့အပတ္က လက္စတာကို ရင္ဆိုင္ရာမွာ ရမွတ္ယူႏုိင္ခဲ့တဲ့ ေဆာက္သမ္တန္ကို အသိအမွတ္ ျပဳရပါမယ္။ စိန္႔ကစားသမားေတြက ၁၀ ေယာက္တည္းျဖင့္ ပြဲခ်ိန္ အမ်ားအျပားကို ကစားခဲ့ရတာျဖစ္တယ္။ မန္ေနဂ်ာဟက္ဆန္ဟက္ကလည္း အဲ့အတြက္ ေက်နပ္ေနပါမယ္။ ဒါေပမယ့္လို႔ ဒီအပတ္ေတြမွာ သူ႔အသင္း ထိခိုက္မႈေတြ ရွိထားတာျဖစ္ပါတယ္။

ဒီရာသီ အေစာတုန္းက လီဗာပူးအသင္း ဒဏ္ရာ ျပႆနာေတြ ရင္ဆိုင္ေနရခ်ိန္မွာ ေဆာက္သမ္တန္က အႏုိင္ကစားထားတယ္။ အခုေတာ့ အဲ့ ဒဏ္ရာစာရင္းက ေလ်ာ့နည္းလာပါျပီ။ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အာရံုစိုက္ေနတဲ့ လီဗာပူးက ရမွတ္ေတြ ရယူသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးႏွင့္ ေဆာက္သမ္တန္ပြဲအတြက္ အိုဝင္ရဲ႕ ခန္႔မွန္းရလး္ကေတာ့ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။