လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အိုထရတ်ဖိုဒ့်မှာ သရဲနီပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် သက်ရောက်မှုဖြစ်လာတဲ့ အခြေအနေတွေအတွက် တုန့်ပြန်မှု ပြုလုပ်လာပါတယ်။

ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်မှုအပြင် ဒေသခံရဲတွေကို ထိခိုက်နာကျင်စေမှုတွေကြောင့် အင်္ဂလန်ရဲ့ အကောင်းဆုံး ဒါဘီပွဲကို ရွှေ့ဆိုင်းခဲ့ရတာပါ။ ယူနိုက်တက်နှင့် လီဗာပူးပွဲမှာ မာဆေးဆိုဒ်ကလပ်က အနိုင်ရမယ်ဆိုရင် ဒီရာသီရဲ့ အမှတ်ပေးချန်ပီယံပါ ပေါ်ထွက်လာဖို့ ရှိနေခဲ့တာဖြစ်တယ်။

သရဲနီတွေရဲ့ ဆန္ဒပြမှုအပေါ် ယာဂင်က ပြောရာမှာ ” ပရိသတ်တွေ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေတဲ့အပေါ် ကျနော် အံသြမိသလားဆိုရင် မအံ့သြပါဘူး။ ကျနော်က ဒီမိုကရေစီစနစ်ကို ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။

လူတွေက သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ပြောဆိုကြတာက ကျနော်အတွက် အဆင်ပြေပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်သူမှ ဒဏ်ရာ မရတာမျိုး အမြဲတမ်း မဖြစ်နိုင်ဘူးဆိုတာ ကျနော် သိပါတယ်။

ဒါကြောင့်လည်း အရင်အပတ်တွေတုန်းက သုံးသပ်သူတွေ ကျနော်ကို မေးကြချိန်မှာ ကျနေ်ာတို့အားလုံး ဂရုစိုက်ကြဖို့ လိုကြောင်းနဲ့ မှန်ကန်တဲ့ ကိစ္စတွေအတွက် တည်ငြိမ်ဖို့လိုတယ်လို့ ပြန်ဖြေခဲ့တယ်။

ယူနိုက်တက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော် သေချာမသိပါဘူး။ ရဲသားအချို့ ဒဏ်ရာရတဲ့အကြောင်း ကျနော် ကြားထားခဲ့ပါတယ်။ သေချာတော့ မဟုတ်ပါဘူး။ ကွင်းထဲကို ချိုးဖောက် ဝင်ရောက်တာမျိုးတော့ မလုပ်သင့်ဘူးပေါ့ဗျာ။

ကိုယ်ရဲ့ အမြင်တွေကို ထုတ်ပြောတာ၊ ကမ္ဘာကြီးကို ကိုယ်ရဲ့ အမြင်တွေကို ထုတ်ပြောတာက ငြိမ်းငြိမ်းချမ်းချမ်း လုပ်နေသမျှတော့ အဆင်ပြေပါတယ်။ ကျနော် သိသလောက်ကတော့ ငြိမ်ငြိမ်းချမ်းချမ်း မလုပ်ဘူးဆိုရင်တော့ အခြေအနေတွေက အဆင်မပြေတော့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်ဟာ ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ ဆန္ဒမပြခြင်းကို မြင်လေ့ရှိတဲ့ ဒီမိုကရေစီ နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဥပဒေမဲ့ နှိပ်ကွပ်တတ်တဲ့ အာဏာပိုင်းတွေအကြောင်း သူသိတဲ့တစ်ရက် ဘာတွေများ တုန့်ပြန်မလဲဆိုတာက စိတ်ဝင်စားစရာပဲဖြစ်ပါလိမ့်မယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အိုထရတ္ဖိုဒ့္မွာ သရဲနီပရိသတ္ေတြရဲ႕ ဆႏၵျပမႈေၾကာင့္ သက္ေရာက္မႈျဖစ္လာတဲ့ အေျခအေနေတြအတြက္ တုန္႔ျပန္မႈ ျပဳလုပ္လာပါတယ္။

ကြင္းအတြင္း ခ်ိဳးေဖာက္ဝင္ေရာက္မႈအျပင္ ေဒသခံရဲေတြကို ထိခိုက္နာက်င္ေစမႈေတြေၾကာင့္ အဂၤလန္ရဲ႕ အေကာင္းဆုံး ဒါဘီပြဲကို ေရႊ႔ဆိုင္းခဲ့ရတာပါ။ ယူႏုိက္တက္ႏွင့္ လီဗာပူးပြဲမွာ မာေဆးဆိုဒ္ကလပ္က အႏုိင္ရမယ္ဆိုရင္ ဒီရာသီရဲ႕ အမွတ္ေပးခ်န္ပီယံပါ ေပၚထြက္လာဖုိ႔ ရွိေနခဲ့တာျဖစ္တယ္။

သရဲနီေတြရဲ႕ ဆႏၵျပမႈအေပၚ ယာဂင္က ေျပာရာမွာ ” ပရိသတ္ေတြ ဆႏၵထုတ္ေဖာ္မႈေတြ လုပ္ေနတဲ့အေပၚ က်ေနာ္ အံၾသမိသလားဆိုရင္ မအံ့ၾသပါဘူး။ က်ေနာ္က ဒီမိုကေရစီစနစ္ကို ယံုၾကည္သူတစ္ဦးျဖစ္ပါတယ္။

လူေတြက သူတို႔ရဲ႕ အျမင္ေတြကို ထုတ္ေဖာ္ေျပာဆိုၾကတာက က်ေနာ္အတြက္ အဆင္ေျပပါတယ္။ ဒီလိုအေျခအေနမွာ ဘယ္သူမွ ဒဏ္ရာ မရတာမ်ိဳး အျမဲတမ္း မျဖစ္ႏုိင္ဘူးဆိုတာ က်ေနာ္ သိပါတယ္။

ဒါေၾကာင့္လည္း အရင္အပတ္ေတြတုန္းက သံုးသပ္သူေတြ က်ေနာ္ကို ေမးၾကခ်ိန္မွာ က်ေန္ာတို႔အားလံုး ဂရုစိုက္ၾကဖို႔ လိုေၾကာင္းနဲ႔ မွန္ကန္တဲ့ ကိစၥေတြအတြက္ တည္ျငိမ္ဖို႔လိုတယ္လို႔ ျပန္ေျဖခဲ့တယ္။

ယူႏိုက္တက္မွာ ဘာေတြျဖစ္ေနတယ္ဆိုတာ က်ေနာ္ ေသခ်ာမသိပါဘူး။ ရဲသားအခ်ိဳ႔ ဒဏ္ရာရတဲ့အေၾကာင္း က်ေနာ္ ၾကားထားခဲ့ပါတယ္။ ေသခ်ာေတာ့ မဟုတ္ပါဘူး။ ကြင္းထဲကို ခ်ိဳးေဖာက္ ဝင္ေရာက္တာမ်ိဳးေတာ့ မလုပ္သင့္ဘူးေပါ့ဗ်ာ။

ကိုယ္ရဲ႕ အျမင္ေတြကို ထုတ္ေျပာတာ၊ ကမၻာၾကီးကို ကိုယ္ရဲ႕ အျမင္ေတြကို ထုတ္ေျပာတာက ျငိမ္းျငိမ္းခ်မ္းခ်မ္း လုပ္ေနသမွ်ေတာ့ အဆင္ေျပပါတယ္။ က်ေနာ္ သိသေလာက္ကေတာ့ ျငိမ္ျငိမ္းခ်မ္းခ်မ္း မလုပ္ဘူးဆိုရင္ေတာ့ အေျခအေနေတြက အဆင္မေျပေတာ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဟာ ဆႏၵျပသူေတြ ျငိမ္းခ်မ္းစြာ ဆႏၵမျပျခင္းကို ျမင္ေလ့ရွိတဲ့ ဒီမိုကေရစီ ႏုိင္ငံသားတစ္ဦးျဖစ္ပါတယ္။ ျငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ဥပေဒမဲ့ ႏွိပ္ကြပ္တတ္တဲ့ အာဏာပိုင္းေတြအေၾကာင္း သူသိတဲ့တစ္ရက္ ဘာေတြမ်ား တုန္႔ျပန္မလဲဆိုတာက စိတ္ဝင္စားစရာပဲျဖစ္ပါလိမ့္မယ္။