ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် လီဗာပူးက ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အနိုင်သုံးမှတ် သေချာပေါက် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ဒီတစ်ကြိမ် အန်ဖီးကို လာရောက်ရာမှာ ဒန်နီအင့်၊ ဘာထရန့်၊ ရိုမီယူ၊ စမောဘုန်း၊ မီနာမီနိုတို့ ပါဝင်သွားဖို့ မရှိပါဘူး။ ဗတ်စတာဂတ်ကလည်း လက်စတာကို သရေကျတဲ့ပွဲမှာ တိုက်ရိုက် အနီကဒ် ထိခဲ့တာဖြစ်ကာ အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ သိထားရပြီး ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်တယ်။

ပွဲနှင့်ပတ်သက်လို့ လော်ရိုးက ” ဒန်နီအင့် မပါနိုင်မယ့် ဆောက်သမ်တန်ကို လီဗာပူးအသင်းက အနိုင်ရသွားမယ်လို့ ကျနော် ထင်ပါတယ်။ တိုက်စစ်သမား မပါဝင်တဲ့ ဆောက်သမ်တန်က သိပ်ပြီး ကစားနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ စနေနေ့ပွဲမှာ လီဗာပူးက အနိုင် သုံးမှတ်ရမယ်ဆိုရင်တောင် အခုချိန်မှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက အဆင့်လေး ဝင်ခွင့်အတွက် တကယ်ကို ရုန်းကန်ရတော့မယ့် အနေအထားကို ရောက်နေခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ လီဗာပူးရဲ့ အခြေအနေက အထက်က အသင်းတွေ ခြေချော်သွားမှရမယ့် အပေါ်မှာလည်း မူတည်နေတယ်။ ဒါကလည်း ဖြစ်လာနိုင်မယ်လို့ မမြင်ပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးက လိုအပ်တဲ့ ရလဒ်ကောင်းတွေကို ဆက်တိုက် ယူနိုင်ဖို့ရာ လီဗာပူးက လုံလောက်အောင် ကစားပုံ သိပ်ကောင်းမနေတာဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနှင့် ဆေက်သမ်တန်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ အျဖစ္ လီဗာပူးက ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး အႏုိင္သံုးမွတ္ ေသခ်ာေပါက္ ရယူႏုိင္ဖို႔ လိုအပ္ေနပါတယ္။

ဒီတစ္ၾကိမ္ အန္ဖီးကို လာေရာက္ရာမွာ ဒန္နီအင့္၊ ဘာထရန္႔၊ ရိုမီယူ၊ စေမာဘုန္း၊ မီနာမီႏိုတို႔ ပါဝင္သြားဖို႔ မရွိပါဘူး။ ဗတ္စတာဂတ္ကလည္း လက္စတာကို သေရက်တဲ့ပြဲမွာ တိုက္ရိုက္ အနီကဒ္ ထိခဲ့တာျဖစ္ကာ အဆိုပါ ျပစ္ဒဏ္ကို အယူခံဝင္သြားမယ္လို႔ သိထားရျပီး ပါဝင္ႏုိင္ဖို႔ မေသခ်ာေသးတာျဖစ္တယ္။

ပြဲႏွင့္ပတ္သက္လို႔ ေလာ္ရိုးက ” ဒန္နီအင့္ မပါႏုိင္မယ့္ ေဆာက္သမ္တန္ကို လီဗာပူးအသင္းက အႏုိင္ရသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။ တိုက္စစ္သမား မပါဝင္တဲ့ ေဆာက္သမ္တန္က သိပ္ျပီး ကစားႏုိင္မွာ မဟုတ္ပါဘူး။

ဒါေပမယ့္လို႔ စေနေန႔ပြဲမွာ လီဗာပူးက အႏုိင္ သံုးမွတ္ရမယ္ဆိုရင္ေတာင္ အခုခ်ိန္မွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက အဆင့္ေလး ဝင္ခြင့္အတြက္ တကယ္ကို ရုန္းကန္ရေတာ့မယ့္ အေနအထားကို ေရာက္ေနခ့ဲပါတယ္။

ပထမဆံုးအေနနဲ႔ လီဗာပူးရဲ႕ အေျခအေနက အထက္က အသင္းေတြ ေျခေခ်ာ္သြားမွရမယ့္ အေပၚမွာလည္း မူတည္ေနတယ္။ ဒါကလည္း ျဖစ္လာႏုိင္မယ္လို႔ မျမင္ပါဘူး။ ဒါေပမယ့္ အေရးၾကီးဆံုးက လိုအပ္တဲ့ ရလဒ္ေကာင္းေတြကို ဆက္တိုက္ ယူႏုိင္ဖို႔ရာ လီဗာပူးက လံုေလာက္ေအာင္ ကစားပံု သိပ္ေကာင္းမေနတာျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးႏွင့္ ေဆက္သမ္တန္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။