ယူရိုပါလိဂ် ပြိုင်ပွဲကနေ အာဆင်နယ်အသင်း ထွက်ခွာရမှုက မျှော်လင့်ချက် မှေးမှိန်နေတဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ရိုက်ခတ်မှုရှိကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ စည်းမျဉ်းအရ တစ်နိုင်ငံတည်းကနေ ကလပ် ၅ သင်းကပဲ အမြင့်ဆုံး ဝင်ခွင့်ရထားတာပါ။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ချယ်ဆီး၊ ယူရိုပါလိဂ်မှာ အာဆင်နယ်က ချန်ပီယံဖြစ်ကာ သူတို့နှစ်သင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၄ ပြင်ပမှာပဲ ရှိမယ်ဆိုရင် အင်္ဂလန်လိဂ်ရဲ့ အဆင့် ၄ အသင်းက အစဉ်အလာပုံစံကနေ ခွဲထွက်ကာ ယူရိုပါလိဂ်မှာပဲ ကစားရဖို့ ရှိနေတာဖြစ်တယ်။

ဗီလာရီးရဲလ်ကို အရေးနိမ့်ပြီး အာဆင်နယ်အသင်း ယူရိုပါလိဂ်ကနေ ထွက်ရတာကြောင့် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း က ပုံမှန်အတိုင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်တယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းထဲက ချယ်ဆီးက အဆင့် ၄ ပြင်ပ ရောက်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလိဂ်ဖလား အနိုင်ရမယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရပါမယ်။

လီဗာပူးအတွက်ကတော့ ဒီရာသီ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နိုင်မှု တစ်ခုတည်းကပဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမှာပါ။ လီဗာပူးအသင်းက အမှတ်ပေးဇယား အဆင့် ၇ မှာပဲ ရှိနေတယ်ဆိုပေမယ့် အဆင့် ၄ က ချယ်ဆီးထက် တစ်ပွဲလျော့ ၇ မှတ်၊ အဆင့် ၃ နေရာက လက်စတာထက် တစ်ပွဲလျော့ ၉ မှတ် အကွာမှာ ရပ်တည်နေတာဖြစ်တယ်။

ချယ်ဆီးက လက်ကျန်ပွဲတွေမှာ မန်စီးတီး၊ အာဆင်နယ်၊ လက်စတာ၊ အက်စတွန်ဗီလာတို့ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်လို့ လီဗာပူးက အဆင့် ၄ နေရာ ဝင်ခွင့် မှန်းမျှော်နိုင်ဆဲဖြစ်ပါတယ်။ လက်ကျန် ပွဲတွေအရ ဘာတွေဖြစ်လာမယ်ဆိုတာ သေချာပေါက် မပြောနိုင်သေးပေမယ့် အာဆင်နယ်အသင်း ယူရိုပါလိဂ်ကနေ ထွက်ခွာရမှုက ဥရောပဝင်ခွင့် ပုံစံကို ပိုမို ရှင်းလင်းလာစေခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ယူရိုပါလိဂ္ ျပိဳင္ပြဲကေန အာဆင္နယ္အသင္း ထြက္ခြာရမႈက ေမွ်ာ္လင့္ခ်က္ ေမွးမွိန္ေနတဲ့ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအေပၚ ရိုက္ခတ္မႈရွိေၾကာင္း မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပပါတယ္။

ခ်န္ပီယံလိဂ္ျပိဳင္ပြဲ စည္းမ်ဥ္းအရ တစ္ႏိုင္ငံတည္းကေန ကလပ္ ၅ သင္းကပဲ အျမင့္ဆံုး ဝင္ခြင့္ရထားတာပါ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္မွာ ခ်ယ္ဆီး၊ ယူရိုပါလိဂ္မွာ အာဆင္နယ္က ခ်န္ပီယံျဖစ္ကာ သူတို႔ႏွစ္သင္းက ပရီးမီးယားလိဂ္မွာ အဆင့္ ၄ ျပင္ပမွာပဲ ရွိမယ္ဆိုရင္ အဂၤလန္လိဂ္ရဲ႕ အဆင့္ ၄ အသင္းက အစဥ္အလာပံုစံကေန ခြဲထြက္ကာ ယူရိုပါလိဂ္မွာပဲ ကစားရဖို႔ ရွိေနတာျဖစ္တယ္။

ဗီလာရီးရဲလ္ကို အေရးနိမ့္ျပီး အာဆင္နယ္အသင္း ယူရိုပါလိဂ္ကေန ထြက္ရတာေၾကာင့္ ပရီးမီးယားလိဂ္ ထိပ္ဆံုး ၄ သင္း က ပံုမွန္အတိုင္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္တယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ ႏွစ္သင္းထဲက ခ်ယ္ဆီးက အဆင့္ ၄ ျပင္ပ ေရာက္ခဲ့မယ္ဆိုရင္ေတာင္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရမယ္ဆိုရင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရပါမယ္။

လီဗာပူးအတြက္ကေတာ့ ဒီရာသီ အမွတ္ေပးဇယား အဆင့္ ၄ မွာ ရပ္တည္ႏုိင္မႈ တစ္ခုတည္းကပဲ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေစမွာပါ။ လီဗာပူးအသင္းက အမွတ္ေပးဇယား အဆင့္ ၇ မွာပဲ ရွိေနတယ္ဆိုေပမယ့္ အဆင့္ ၄ က ခ်ယ္ဆီးထက္ တစ္ပြဲေလ်ာ့ ၇ မွတ္၊ အဆင့္ ၃ ေနရာက လက္စတာထက္ တစ္ပြဲေလ်ာ့ ၉ မွတ္ အကြာမွာ ရပ္တည္ေနတာျဖစ္တယ္။

ခ်ယ္ဆီးက လက္က်န္ပြဲေတြမွာ မန္စီးတီး၊ အာဆင္နယ္၊ လက္စတာ၊ အက္စတြန္ဗီလာတို႔ျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ လီဗာပူးက အဆင့္ ၄ ေနရာ ဝင္ခြင့္ မွန္းေမွ်ာ္ႏုိင္ဆဲျဖစ္ပါတယ္။ လက္က်န္ ပြဲေတြအရ ဘာေတြျဖစ္လာမယ္ဆိုတာ ေသခ်ာေပါက္ မေျပာႏုိင္ေသးေပမယ့္ အာဆင္နယ္အသင္း ယူရိုပါလိဂ္ကေန ထြက္ခြာရမႈက ဥေရာပဝင္ခြင့္ ပံုစံကို ပိုမို ရွင္းလင္းလာေစခဲ့ျပီျဖစ္ပါတယ္။