လီဗာပူး လူငယ်အသင်းဖြစ်တဲ့ ယူ-၁၈ အသင်းဟာ မေလ ၁၂ ရက်နေ့မှာ Ipswich Town အသင်းဖြင့် လူငယ်အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်ကို ကစားရမှာဖြစ်ပါတယ်။

အဆိုပါပွဲကို Ipswich Town အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ကွာတားအဆင့်မှာ အာဆင်နယ်ကို ၃-၁ ဖြင့် အနိုင်ရလာတဲ့ လီဗာပူးအသင်းဟာ ဆီမီးမှာ Ipswich Town ကို အနိုင်ရမယ်ဆိုရင် အက်စတွန်ဗီလာ V ဝက်စ်ဘရွန်းအတွဲမှာ အနိုင်လာမယ့် အသင်းဖြင့် ဗိုလ်လုရမှာဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီတုန်းက လီဗာပူးအသင်းဟာ မန်စီးတီးအသင်းကို ပင်နယ်တီဖြင့် အနိုင်ရပြီး လူငယ်အက်ဖ်အေဖလားကို ဗိုလ်စွဲခဲ့တယ်။ ဒါဟာ လူငယ်ဖလားကို ၆ ကြိမ်ဆက် အနိုင်ရခဲ့တဲ့ ချယ်ဆီးထံက လူငယ်အက်ဖ်အေဖလားကို လွဲပြောင်းရယူမှုဖြစ်ခဲ့ပါတယ်။

ထိုစဉ်တုန်းက ဘော်ဘီဒွန်းကန့်၊ ပေါလ်ဂလေဇယ်၊ ရိုင်းဝီလီယမ်၊ နီကိုး ဝီလီယမ်၊ လာရိုစီ၊ ဂျိတ်ကိန်း၊ ကလာဆန်တို့လို လူငယ်တွေ ထွက်ပေါ်လာခဲ့တယ်။ ဘော်ဘီက လီဗာပူးကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့သလို ဂလေဇယ်က ကာလရှည် ဒဏ်ရာရခဲ့တယ်။ ဝီလီယမ်နှစ်ဦးက စီနီယာအဆင့်ကို တက်လာခဲ့ကာ လာရိုစီ၊ ဂျိတ်ကိန်းနဲ့ ကလာဆန်တို့ကတော့ လီဗာပူးလေ့ကျင့်ရေးတွေမှာ မကြာမကြာ ပါဝင်ခွင့် ရခဲ့ပါတယ်။

ဒီရာသီ လီဗာပူးလူငယ်အသင်းမှာတော့ တိုက်စစ်သမား ဘလာဂီဇီ၊ ပြင်သစ်လူငယ် ခံစစ်မှူး ကိုမတ်တီယို၊ ပိုလန်သား မြူဇီယာလိုစကီး တို့ဟာ အတော်လေး နာမည်ရလာတဲ့ ကစားသမားတွေဖြစ်တယ်။ အထူးသဖြင့် မြူဇီယာလိုစကီးကို ဒေါ့မွန်ဘက်ကပါ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စီနီယာကစားသမားတွေ စာချုပ်ပြည့်ဖို့ နီးလာမှု၊ အသက်အရွယ် ကြီးလာမှုတွေကြားမှာ လူငယ်မျိုးဆက်ကို ထူထောင်ဖို့ စတင်ရတော့မှာပါ။ ဒီတစ်ကြိမ် လူငယ်အသင်းက အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင်တော့ စီနီယာအဆင့်ကို ရောက်လာဖို့ မှတ်ကျောက်တင်နိုင်မှု ဖြစ်လာဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး လူငယ္အသင္းျဖစ္တဲ့ ယူ-၁၈ အသင္းဟာ ေမလ ၁၂ ရက္ေန႔မွာ Ipswich Town အသင္းျဖင့္ လူငယ္အက္ဖ္ေအဖလား ဆီးမီးဖိုင္နယ္ကို ကစားရမွာျဖစ္ပါတယ္။

အဆိုပါပြဲကို Ipswich Town အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ ကြာတားအဆင့္မွာ အာဆင္နယ္ကို ၃-၁ ျဖင့္ အႏုိင္ရလာတဲ့ လီဗာပူးအသင္းဟာ ဆီမီးမွာ Ipswich Town ကို အႏုိင္ရမယ္ဆိုရင္ အက္စတြန္ဗီလာ V ဝက္စ္ဘရြန္းအတြဲမွာ အႏုိင္လာမယ့္ အသင္းျဖင့္ ဗိုလ္လုရမွာျဖစ္ပါတယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီတုန္းက လီဗာပူးအသင္းဟာ မန္စီးတီးအသင္းကို ပင္နယ္တီျဖင့္ အႏုိင္ရျပီး လူငယ္အက္ဖ္ေအဖလားကို ဗိုလ္စြဲခဲ့တယ္။ ဒါဟာ လူငယ္ဖလားကို ၆ ၾကိမ္ဆက္ အႏုိင္ရခဲ့တဲ့ ခ်ယ္ဆီးထံက လူငယ္အက္ဖ္ေအဖလားကို လြဲေျပာင္းရယူမႈျဖစ္ခဲ့ပါတယ္။

ထိုစဥ္တုန္းက ေဘာ္ဘီဒြန္းကန္႔၊ ေပါလ္ဂေလဇယ္၊ ရိုင္းဝီလီယမ္၊ နီကိုး ဝီလီယမ္၊ လာရိုစီ၊ ဂ်ိတ္ကိန္း၊ ကလာဆန္တို႔လို လူငယ္ေတြ ထြက္ေပၚလာခဲ့တယ္။ ေဘာ္ဘီက လီဗာပူးကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့သလို ဂေလဇယ္က ကာလရွည္ ဒဏ္ရာရခဲ့တယ္။ ဝီလီယမ္ႏွစ္ဦးက စီနီယာအဆင့္ကို တက္လာခဲ့ကာ လာရိုစီ၊ ဂ်ိတ္ကိန္းနဲ႔ ကလာဆန္တို႔ကေတာ့ လီဗာပူးေလ့က်င့္ေရးေတြမွာ မၾကာမၾကာ ပါဝင္ခြင့္ ရခဲ့ပါတယ္။

ဒီရာသီ လီဗာပူးလူငယ္အသင္းမွာေတာ့ တိုက္စစ္သမား ဘလာဂီဇီ၊ ျပင္သစ္လူငယ္ ခံစစ္မွဴး ကိုမတ္တီယို၊ ပိုလန္သား ျမဴဇီယာလိုစကီး တို႔ဟာ အေတာ္ေလး နာမည္ရလာတဲ့ ကစားသမားေတြျဖစ္တယ္။ အထူးသျဖင့္ ျမဴဇီယာလိုစကီးကို ေဒါ့မြန္ဘက္ကပါ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ စီနီယာကစားသမားေတြ စာခ်ဳပ္ျပည့္ဖို႔ နီးလာမႈ၊ အသက္အရြယ္ ၾကီးလာမႈေတြၾကားမွာ လူငယ္မ်ိဳးဆက္ကို ထူေထာင္ဖို႔ စတင္ရေတာ့မွာပါ။ ဒီတစ္ၾကိမ္ လူငယ္အသင္းက အက္ဖ္ေအဖလား အႏုိင္ရမယ္ဆိုရင္ေတာ့ စီနီယာအဆင့္ကို ေရာက္လာဖို႔ မွတ္ေက်ာက္တင္ႏုိင္မႈ ျဖစ္လာဖို႔ ရွိေနတာျဖစ္ပါတယ္။