လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နွေမှာ ကစားသမား ရှင်းထုတ်မှုတွေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံကာကွယ်ရေးကို အထောက်အပံ့ဖြစ်ဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ The Athletic က ဖော်ပြပါတယ်။

လီဗာပူးအသင်းရဲ့ ကစားသမားခေါ်ယူရေး အဖွဲ့ဟာ လိုဗရန်၊ ဂရုဂျစ်၊ ဝဲလ်ဆန်နှင့် ကားရီးယက်စ်တို့ကို ရောင်းထုတ်ခြင်းဖြင့် ပေါင် သန်း ၆၀ ရှာဖွေဖို့ မျှော်လင့်ခဲ့တာပါ။ ဒါ့အပြင် ရှာကွီရီနှင့် အိုရီဂီတို့ကို ရောင်းထုတ်ခြင်းဖြင့် နောက်ထပ် ပေါင် သန်း ၂၀ ရဖို့ မျှော်လင့်ခဲ့တယ်။ အဆိုပါ ငွေကြေးတွေကို မန်နေဂျာကလော့ပ် လိုအပ်မယ့် နေရာ သုံးခုအတွက် အင်အားဖြည့်ရာမှာ တိုက်ရိုက် ပြန်လည် သုံးစွဲပေးဖို့ အစီအစဉ်ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ကလပ် ရည်မှန်းထားတဲ့ ကစားသမား ၆ ဦးထဲက လိုဗရန် တစ်ဦးကိုပဲ ပေါင် ၁၀.၉ သန်းဖြင့် ရောင်းထုတ်နိုင်ခဲ့တယ်။ ဒါကြောင့် အသင်းဟန်ချက်ညီမှု လိုအပ်ချက်အရ အခြားသော လူငယ်နှစ်ဦးဖြစ်တဲ့ ဟိုဗာနှင့် ဘရူးစတားတိုကိုပဲ ပေါင် ၃၅ သန်းဖြင့် ရောင်းထုတ်ခဲ့ရပါတယ်။

လီဗာပူး ပြန်လည် ခေါ်ယူခဲ့တဲ့ ကိုစတက်၊ ဂျိုတာ၊ သီယာဂိုတို့ဟာ လာမယ့်ရာသီမှာ အရေးပါတဲ့ ကဏ္ဍတွေက ပါဝင်သွားဦးမှာပါ။ သို့ပေမယ့် ရှင်းထုတ်ဖို့ မအောင်မြင်ထားတဲ့ ကစားသမားတွေကို ဒီနွေမှာ ထပ်ရောင်းထုတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ရရှိမယ့် ပြောင်းရွှေ့ကြေးကလည်း မနှစ်က မျှော်လင့်ထားတာရဲ့ ထက်ဝက်လောက်ကို ကျဆင်းဖွယ်ရှိတယ်။

ကလပ်ဘက်ကတော့ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ကို အသင်းရဲ့ ရာသီကြို အစီအစဉ်တွေမှာ ပါဝင်စေပြီး ကမ်းလှမ်းလာတဲ့ ကလပ်တွေရဲ့ အဆိုပါပြုမှုတွေကို နားထောင်ဖို့ စဉ်းစားထားတယ်လို့ The Athletic က ဖော်ပြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ေႏြမွာ ကစားသမား ရွင္းထုတ္မႈေတြျဖင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံကာကြယ္ေရးကို အေထာက္အပံ့ျဖစ္ဖို႔ စီစဥ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ The Athletic က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းရဲ႕ ကစားသမားေခၚယူေရး အဖြဲ႔ဟာ လိုဗရန္၊ ဂရုဂ်စ္၊ ဝဲလ္ဆန္ႏွင့္ ကားရီးယက္စ္တို႔ကို ေရာင္းထုတ္ျခင္းျဖင့္ ေပါင္ သန္း ၆၀ ရွာေဖြဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဒါ့အျပင္ ရွာကီြရီႏွင့္ အိုရီဂီတို႔ကို ေရာင္းထုတ္ျခင္းျဖင့္ ေနာက္ထပ္ ေပါင္ သန္း ၂၀ ရဖို႔ ေမွ်ာ္လင့္ခဲ့တယ္။ အဆိုပါ ေငြေၾကးေတြကို မန္ေနဂ်ာကေလာ့ပ္ လိုအပ္မယ့္ ေနရာ သံုးခုအတြက္ အင္အားျဖည့္ရာမွာ တိုက္ရိုက္ ျပန္လည္ သံုးစြဲေပးဖို႔ အစီအစဥ္ရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ကလပ္ ရည္မွန္းထားတဲ့ ကစားသမား ၆ ဦးထဲက လိုဗရန္ တစ္ဦးကိုပဲ ေပါင္ ၁၀.၉ သန္းျဖင့္ ေရာင္းထုတ္ႏုိင္ခဲ့တယ္။ ဒါေၾကာင့္ အသင္းဟန္ခ်က္ညီမႈ လိုအပ္ခ်က္အရ အျခားေသာ လူငယ္ႏွစ္ဦးျဖစ္တဲ့ ဟိုဗာႏွင့္ ဘရူးစတားတိုကိုပဲ ေပါင္ ၃၅ သန္းျဖင့္ ေရာင္းထုတ္ခဲ့ရပါတယ္။

လီဗာပူး ျပန္လည္ ေခၚယူခဲ့တဲ့ ကိုစတက္၊ ဂ်ိဳတာ၊ သီယာဂိုတို႔ဟာ လာမယ့္ရာသီမွာ အေရးပါတဲ့ က႑ေတြက ပါဝင္သြားဦးမွာပါ။ သို႔ေပမယ့္ ရွင္းထုတ္ဖို႔ မေအာင္ျမင္ထားတဲ့ ကစားသမားေတြကို ဒီေႏြမွာ ထပ္ေရာင္းထုတ္ႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္ျပီး ရရွိမယ့္ ေျပာင္းေရႊ႔ေၾကးကလည္း မႏွစ္က ေမွ်ာ္လင့္ထားတာရဲ႕ ထက္ဝက္ေလာက္ကို က်ဆင္းဖြယ္ရွိတယ္။

ကလပ္ဘက္ကေတာ့ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ကို အသင္းရဲ႕ ရာသီၾကိဳ အစီအစဥ္ေတြမွာ ပါဝင္ေစျပီး ကမ္းလွမ္းလာတဲ့ ကလပ္ေတြရဲ႕ အဆိုပါျပဳမႈေတြကို နားေထာင္ဖို႔ စဥ္းစားထားတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။