လီဗာပူးအသင်းသမိုင်းမှာ တတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ခေါ်ယူထားရသူကို လာမယ့်နွေဈေးကွက်မှာ ရောင်းထုတ်သွားဖို့ ဘီဘီစီရေဒီယိုမှ ဘောလုံးကစားပိုင်း သုံးသပ်သူ နိုယေဝဲလ်လန်က တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားဟောင်းက ၂၀၁၈ မှာ လိုက်ဇစ်ကနေ လီဗာပူးကို ပေါင် ၅၂.၇၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကိတ်တာကို ဒီနွေမှာ ရောင်းထုတ်ဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။ လီဗာပူးကစားသမားဘဝ ၃ ရာသီအတွင်း ၇၆ ပွဲ ကစားနိုင်ခဲ့တဲ့ ကိတ်တာဟာ ကိုယ်တိုင် ၇ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ထားပါတယ်။

လီဗာပူးကို ရောက်လာစဉ်တည်းက ဒဏ်ရာ ပြဿနာဖြင့်ပဲ ရုန်းကန်နေရတဲ့ ကိတ်တာဟာ အသင်းပရိသတ်တွေကြားမှာလည်း ရေပန်းမစားသူတစ်ဦး ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် စိတ်ပျက်နေတဲ့ လီဗာပူးပရိသတ်တွေကလည်း ကစားသမားကို ရရာဈေးဖြင့် ရောင်းထုတ်ဖို့ ဆန္ဒရှိလာနေကြပြီဖြစ်တယ်။

ဝဲလ်လန်က ဆိုရာမှာ “ ပြောင်းရွှေ့ကြေး အများကြီးပေးခဲ့ရပေမယ့် ဘောလုံးရာသီတိုင်း ဒဏ်ရာတွေကြောင့် မကစားနိုင်ဘဲ အသင်းအပေါ် အကျိုးမဖြစ်နိုင်ဘူးဆိုရင် အဲ့ကစားသမားကို ရောင်းထုတ်လိုက်တာကပဲ ပိုကောင်းတဲ့ ကြိုးစားမှု ဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရာသီကနဲ့ နှိုင်းယှဉ်ရင် သူက ပိုကောင်းတဲ့ ကစားသမားဖြစ်လာရမယ်ဆိုတာ သံသယရှိစရာ မလိုဘူး။ သူ့က အရွယ်ကောင်းမှာ ရှိနေသေးတာဖြစ်ပြီး နာမည်ကောင်းလည်း ရှိနေသေးတာဖြစ်လို့ ကလပ်တွေက သူ့ကို အခွင့်အရေးတော့ ပေးလိုနေကြဆဲဖြစ်ပါတယ်။

သူ့ကို ခေါ်ယူခဲ့စဉ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးမျိုးကိုတော့ လီဗာပူးအသင်းက ပြန်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြောင်းရွှေ့ကြေး အနည်းငယ်တော့ ပြန်ရဖို့ ရှိနေပါသေးတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကိတ်တာဟာ လိုက်ဇစ်အတွက် ပွဲပေါင်း ၇၁ ပွဲ ကစားပေးခဲ့ချိန်မှာ ကိုယ်တိုင် ၁၇ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၅ ကြိမ် လုပ်ပေးခဲ့တာပါ။ ဘွန်ဒက်လီဂါမှာတော့ တိုက်စစ်ပိုင်း အမြင်ကောင်းသူလို့ ချီးကျူးခံရပြီး ဒီနွေမှာ လီဗာပူးက သူ့ကို ရောင်းထုတ်မယ်ဆိုရင် ပေါင် ၂၅-၃၀ သန်းကြား ရမယ်လို့တော့ ထင်မြင်ချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းသမိုင္းမွာ တတိယေျမာက္ ေစ်းအၾကီးဆံုး ကစားသမားအျဖစ္ ေခၚယူထားရသူကို လာမယ့္ေႏြေစ်းကြက္မွာ ေရာင္းထုတ္သြားဖို႔ ဘီဘီစီေရဒီယိုမွ ေဘာလံုးကစားပိုင္း သံုးသပ္သူ ႏိုေယဝဲလ္လန္က တိုက္တြန္းလိုက္ပါတယ္။

အဂၤလန္ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားေဟာင္းက ၂၀၁၈ မွာ လိုက္ဇစ္ကေန လီဗာပူးကို ေပါင္ ၅၂.၇၅ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ကိတ္တာကို ဒီေႏြမွာ ေရာင္းထုတ္ဖို႔ တိုက္တြန္းခဲ့တာျဖစ္တယ္။ လီဗာပူးကစားသမားဘဝ ၃ ရာသီအတြင္း ၇၆ ပြဲ ကစားႏုိင္ခဲ့တဲ့ ကိတ္တာဟာ ကိုယ္တိုင္ ၇ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ လုပ္ထားပါတယ္။

လီဗာပူးကို ေရာက္လာစဥ္တည္းက ဒဏ္ရာ ျပႆနာျဖင့္ပဲ ရုန္းကန္ေနရတဲ့ ကိတ္တာဟာ အသင္းပရိသတ္ေတြၾကားမွာလည္း ေရပန္းမစားသူတစ္ဦး ျဖစ္လာခဲ့ပါျပီ။ သူ႔ရဲ႕ ၾကံ႕ခိုင္မႈအေပၚ စိတ္ပ်က္ေနတဲ့ လီဗာပူးပရိသတ္ေတြကလည္း ကစားသမားကို ရရာေစ်းျဖင့္ ေရာင္းထုတ္ဖို႔ ဆႏၵရွိလာေနၾကျပီျဖစ္တယ္။

ဝဲလ္လန္က ဆိုရာမွာ “ ေျပာင္းေရႊ႔ေၾကး အမ်ားၾကီးေပးခဲ့ရေပမယ့္ ေဘာလံုးရာသီတိုင္း ဒဏ္ရာေတြေၾကာင့္ မကစားႏုိင္ဘဲ အသင္းအေပၚ အက်ိဳးမျဖစ္ႏုိင္ဘူးဆိုရင္ အဲ့ကစားသမားကို ေရာင္းထုတ္လိုက္တာကပဲ ပိုေကာင္းတဲ့ ၾကိဳးစားမႈ ျဖစ္လာပါလိမ့္မယ္။

ျပီးခဲ့တဲ့ ရာသီကနဲ႔ ႏိႈင္းယွဥ္ရင္ သူက ပိုေကာင္းတဲ့ ကစားသမားျဖစ္လာရမယ္ဆိုတာ သံသယရွိစရာ မလိုဘူး။ သူ႔က အရြယ္ေကာင္းမွာ ရွိေနေသးတာျဖစ္ျပီး နာမည္ေကာင္းလည္း ရွိေနေသးတာျဖစ္လို႔ ကလပ္ေတြက သူ႔ကို အခြင့္အေရးေတာ့ ေပးလိုေနၾကဆဲျဖစ္ပါတယ္။

သူ႔ကို ေခၚယူခဲ့စဥ္ ေပးခဲ့ရတဲ့ ေျပာင္းေရႊ႔ေၾကးမ်ိဳးကိုေတာ့ လီဗာပူးအသင္းက ျပန္ရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေျပာင္းေရႊ႔ေၾကး အနည္းငယ္ေတာ့ ျပန္ရဖို႔ ရွိေနပါေသးတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ကိတ္တာဟာ လိုက္ဇစ္အတြက္ ပြဲေပါင္း ၇၁ ပြဲ ကစားေပးခဲ့ခ်ိန္မွာ ကိုယ္တိုင္ ၁၇ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၁၅ ၾကိမ္ လုပ္ေပးခဲ့တာပါ။ ဘြန္ဒက္လီဂါမွာေတာ့ တိုက္စစ္ပိုင္း အျမင္ေကာင္းသူလို႔ ခ်ီးက်ဴးခံရျပီး ဒီေႏြမွာ လီဗာပူးက သူ႔ကို ေရာင္းထုတ္မယ္ဆိုရင္ ေပါင္ ၂၅-၃၀ သန္းၾကား ရမယ္လို႔ေတာ့ ထင္ျမင္ခ်က္ေတြ ရွိေနဆဲျဖစ္ပါတယ္။