စကော့သား မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ မွေးရပ်မြေမှာ ထူးချွန်စွာ တောက်ပနေတဲ့ လူငယ်မန်နေဂျာ စတီဗင်ဂျရတ်ကို ထုတ်ဖော် ချီးကျူးမှု လုပ်သွားပါတယ်။

စတီဗင်ဟာ ဖာဂူဆန်နှင့် ရေစက်တွေများခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးဟာ ပြိုင်ဘက်အသင်းတွေရဲ့ သက်ဆိုင်သူတွေအဖြစ် အတော်လည်း ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆာအဲလက်စ်က အတိတ်တုန်းကလည်း စတီဗင်ကို ဝေဖန်မှုကော၊ ချီးကျူးမှုပါ လုပ်ခဲ့ဖူးပြီး စတီဗင်ကလည်း ဆာအဲလက်စ်နှင့် ပတ်သက်လို့ လေးစားမှုကော ဝေဖန်မှုပါ လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

ဂါးဒီးယန်းနှင့် အင်တာဗျူးမှာ ဖာဂူဆန်က “ အို့ သူက သိပ်ကိုထူးထူးချွန်ချွန် လုပ်ထားနိုင်တာပဲ။ ကွင်းတွင်းမှာကော ကွင်းပြင်မှာပါ သူတကယ်ကို အကောင်းဆုံး လုပ်ထားနိုင်ပါတယ် ” ဆိုပြီး ချီးကျူးပါတယ်။

စတီဗင်ဂျရတ်က စကော့တလန်လိဂ်ကို ဆယ်စုနှစ်ကြာ လွှမ်းမိုးထားတဲ့ ဆဲလ်တစ်ကို ဖောက်ထွက်ပြီး ရိန်းဂျားအသင်း လိဂ်ချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးနိုင်ခဲ့တယ်။ သူဟာ ရိန်းဂျားအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်လာနိုင်ဖို့ အဓိက စွမ်းဆောင်ပေးသူလည်းဖြစ်ပါတယ်။

မာဆေးဆိုဒ်သား စတီဗင်ဟာ ကစားသမားဘဝမှာ ဦးဆောင်မှုကောင်းပြီး ပေါက်ကွဲ ကစားနိုင်သူအဖြစ် ထင်ရှားခဲ့တယ်။ မန်နေဂျာဘဝမှာလည်း ပြင်းပြင်းပြပြဖြင့် ဆန္ဒထက်သန်လွန်းတဲ့ မန်နေဂျာအဖြစ် အမှတ်ပေးခံရပါတယ်။

ဆာအဲလစ်ကပဲ “ ပွဲနှင့်ပတ်သက်တဲ့ အင်တာဗျူးတွေက ကိုယ်ရဲ့ မန်နေဂျာအလုပ်ကိုတောင် ပြုတ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် စတီဗင်ရဲ့ ပွဲအင်တာဗျူးတွေကတော့ အတော်လေး ထူးချွန်တယ် ပြောရမှာပါ။ သူက အေးဆေးတယ်၊ စိတ်ထိန်းနိုင်တယ်၊ မှန်ကန်တဲ့အဖြေတွေကို ပြန်ပေးလေ့ရှိပါတယ်။ မန်နေဂျာအလုပ်ဟာ အနုပညာဆန်ပြီး သူက တကယ်ကို ထိပ်တန်းပါပဲ ” လို့ စတီဗင်ကို ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စေကာ့သား မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္က သူ႔ရဲ႕ ေမြးရပ္ေျမမွာ ထူးခၽြန္စြာ ေတာက္ပေနတဲ့ လူငယ္မန္ေနဂ်ာ စတီဗင္ဂ်ရတ္ကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈ လုပ္သြားပါတယ္။

စတီဗင္ဟာ ဖာဂူဆန္ႏွင့္ ေရစက္ေတြမ်ားခဲ့သူျဖစ္ျပီး သူတို႔ႏွစ္ဦးဟာ ျပိဳင္ဘက္အသင္းေတြရဲ႕ သက္ဆိုင္သူေတြအျဖစ္ အေတာ္လည္း ယွဥ္ျပိဳင္ခဲ့ရတာပါ။ ဆာအဲလက္စ္က အတိတ္တုန္းကလည္း စတီဗင္ကို ေဝဖန္မႈေကာ၊ ခ်ီးက်ဴးမႈပါ လုပ္ခဲ့ဖူးျပီး စတီဗင္ကလည္း ဆာအဲလက္စ္ႏွင့္ ပတ္သက္လို႔ ေလးစားမႈေကာ ေဝဖန္မႈပါ လုပ္ခဲ့ဖူးတာျဖစ္ပါတယ္။

ဂါးဒီးယန္းႏွင့္ အင္တာဗ်ဴးမွာ ဖာဂူဆန္က “ အို႔ သူက သိပ္ကိုထူးထူးခၽြန္ခၽြန္ လုပ္ထားႏုိင္တာပဲ။ ကြင္းတြင္းမွာေကာ ကြင္းျပင္မွာပါ သူတကယ္ကို အေကာင္းဆံုး လုပ္ထားႏုိင္ပါတယ္ ” ဆိုျပီး ခ်ီးက်ဴးပါတယ္။

စတီဗင္ဂ်ရတ္က စေကာ့တလန္လိဂ္ကို ဆယ္စုႏွစ္ၾကာ လႊမ္းမိုးထားတဲ့ ဆဲလ္တစ္ကို ေဖာက္ထြက္ျပီး ရိန္းဂ်ားအသင္း လိဂ္ခ်န္ပီယံျဖစ္လာေအာင္ ဦးေဆာင္ေပးႏုိင္ခဲ့တယ္။ သူဟာ ရိန္းဂ်ားအသင္းကို ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပါဝင္လာႏုိင္ဖို႔ အဓိက စြမ္းေဆာင္ေပးသူလည္းျဖစ္ပါတယ္။

မာေဆးဆိုဒ္သား စတီဗင္ဟာ ကစားသမားဘဝမွာ ဦးေဆာင္မႈေကာင္းျပီး ေပါက္ကြဲ ကစားႏုိင္သူအျဖစ္ ထင္ရွားခဲ့တယ္။ မန္ေနဂ်ာဘဝမွာလည္း ျပင္းျပင္းျပျပျဖင့္ ဆႏၵထက္သန္လြန္းတဲ့ မန္ေနဂ်ာအျဖစ္ အမွတ္ေပးခံရပါတယ္။

ဆာအဲလစ္ကပဲ “ ပြဲႏွင့္ပတ္သက္တဲ့ အင္တာဗ်ဴးေတြက ကိုယ္ရဲ႕ မန္ေနဂ်ာအလုပ္ကိုေတာင္ ျပဳတ္သြားေစႏုိင္ပါတယ္။ ဒါေပမယ့္ စတီဗင္ရဲ႕ ပြဲအင္တာဗ်ဴးေတြကေတာ့ အေတာ္ေလး ထူးခၽြန္တယ္ ေျပာရမွာပါ။ သူက ေအးေဆးတယ္၊ စိတ္ထိန္းႏုိင္တယ္၊ မွန္ကန္တဲ့အေျဖေတြကို ျပန္ေပးေလ့ရွိပါတယ္။ မန္ေနဂ်ာအလုပ္ဟာ အႏုပညာဆန္ျပီး သူက တကယ္ကို ထိပ္တန္းပါပဲ ” လို႔ စတီဗင္ကို ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။