လီဗာပူး ပစ်မှတ် ဘာရာဒီအတွက် ဆက်ဆိုလို အသင်း ဈေးသတ်မှတ်

အီတလီဘက်က သတင်းတွေ အရတော့ စီးရီးအေကလပ် ဆက်ဆိုလို အသင်းဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ ၎င်းတို့ တောင်ပံတိုက်စစ်သမား အတွက် ယူရို သန်း ၄၀ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ ဘာရာဒီဟာ ယူရိုပြိုင်ပွဲမှာ အထင်ကြီးဖွယ် ခြေစွမ်းပြခဲ့သလို စီးရီးအေမှာလည်း ပြီးခဲ့တဲ့ ရာသီက ၁၇ ဂိုးသွင်း ၈ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

ဘာရာဒီကို ခေါ်ယူမယ် ဆိုရင် လီဗာပူးအသင်းဟာ အီတလီသား အတွက် လက်စတာ၊ အေစီမီလန်နဲ့ လာဇီယို အသင်းတို့ကို ပြိုင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

အိုတာဗီယို အတွက် ကမ်းလှမ်းခဲ့တဲ့ လီဗာပူး

ပေါ်တူဂီ သတင်းဌာန အဆိုအရတော့ လီဗာပူးအသင်းဟာ ပေါ်တို ကွင်းလယ် ကစားသမား အိုတာဗီယို အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းအတွက် လီဗာပူးက ပြောင်းရွှေ့ကြေး ယူရို ၂၃ သန်းနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက ပေါ်တိုမှာ အငှားကစားခဲ့တဲ့ ဂရူဂျစ်ကိုပါ ထည့်သွင်းကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တိုကတော့ အိုတာဗီယို ရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင် ယူရို သန်း ၄၀ တောင်းဆိုနေကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးလူငယ် အဒမ် လူးဝစ်ရဲ့ ဆုံးဖြတ်ချက် အတွက် ချီးကျူးမှု

လီဗာပူး လူငယ် အဒမ် လူးဝစ်ဟာ စကော့တလန် လိဂ်မှ လစ်ဗင်စတန် အသင်းထံ အငှား သွားရောက် ကစားခဲ့ပြီး ဒါက စကော့တလန် ဘောလုံးလောကအတွက် ကောင်းမွန်မှု ဖြစ်ကြောင်း မန်နေဂျာသစ် ဒေးဗစ်က ချီးကျူးခဲ့ပါတယ်။

” အင်္ဂလိပ် အသင်းတွေက ကစားသမား ခေါ်ယူမှု ပုံစံ ပြောင်းလဲနေပြီ။ သူတို့က ပြည်ပ ကစားသမားတွေကို ခေါ်တယ် ဒါပေမယ့် အခု စကော့တလန်ဘက်ကို ကြည့်လာတာ ကောင်းတဲ့ အချက်ပဲ။ လီဗာပူး က လူငယ်တွေကို ဒီလာ ကစားဖို့ ဆွဲဆောင်နိုင်တာ ကလပ်အတွက် ကောင်းမွန်ခြင်းပဲ။ ” လို့ မန်နေဂျာသစ် ဒေးဗစ်က ဆိုပါတယ်။

Zawgyi

လီဗာပူး ပစ္မွတ္ ဘာရာဒီအတြက္ ဆက္ဆိုလို အသင္း ေစ်းသတ္မွတ္

အီတလီဘက္က သတင္းေတြ အရေတာ့ စီးရီးေအကလပ္ ဆက္ဆိုလို အသင္းဟာ လီဗာပူးအသင္း ပစ္မွတ္ထားေနတဲ့ ၄င္းတို႔ ေတာင္ပံတိုက္စစ္သမား အတြက္ ယူရို သန္း ၄၀ လို႔ ေစ်းသတ္မွတ္လိုက္ပါတယ္။ ဘာရာဒီဟာ ယူရိုျပိဳင္ပြဲမွာ အထင္ၾကီးဖြယ္ ေျခစြမ္းျပခဲ့သလို စီးရီးေအမွာလည္း ျပီးခဲ့တဲ့ ရာသီက ၁၇ ဂိုးသြင္း ၈ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ခဲ့ပါတယ္။

ဘာရာဒီကို ေခၚယူမယ္ ဆိုရင္ လီဗာပူးအသင္းဟာ အီတလီသား အတြက္ လက္စတာ၊ ေအစီမီလန္နဲ႕ လာဇီယို အသင္းတို႔ကို ျပိဳင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

အိုတာဗီယို အတြက္ ကမ္းလွမ္းခဲ့တဲ့ လီဗာပူး

ေပၚတူဂီ သတင္းဌာန အဆိုအရေတာ့ လီဗာပူးအသင္းဟာ ေပၚတို ကြင္းလယ္ ကစားသမား အိုတာဗီယို အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ၄င္းအတြက္ လီဗာပူးက ေျပာင္းေရႊ႕ေၾကး ယူရို ၂၃ သန္းနဲ႕ အတူ ျပီးခဲ့တဲ့ ရာသီက ေပၚတိုမွာ အငွားကစားခဲ့တဲ့ ဂရူဂ်စ္ကိုပါ ထည့္သြင္းကမး္လွမ္းခဲ့ပါတယ္။

ဒါေပမယ့္ ေပၚတိုကေတာ့ အိုတာဗီယို ရဲ႕ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္ ယူရို သန္း ၄၀ ေတာင္းဆိုေနေၾကာင္း အဆိုပါ သတင္းမွာ ေဖာ္ျပထားပါတယ္။

လီဗာပူးလူငယ္ အဒမ္ လူး၀စ္ရဲ႕ ဆံုးျဖတ္ခ်က္ အတြက္ ခ်ီးက်ဴးမႈ

လီဗာပူး လူငယ္ အဒမ္ လူး၀စ္ဟာ စေကာ့တလန္ လိဂ္မွ လစ္ဗင္စတန္ အသင္းထံ အငွား သြားေရာက္ ကစားခဲ့ျပီး ဒါက စေကာ့တလန္ ေဘာလံုးေလာကအတြက္ ေကာင္းမြန္မႈ ျဖစ္ေၾကာင္း မန္ေနဂ်ာသစ္ ေဒးဗစ္က ခ်ီးက်ဴးခဲ့ပါတယ္။

” အဂၤလိပ္ အသင္းေတြက ကစားသမား ေခၚယူမႈ ပံုစံ ေျပာင္းလဲေနျပီ။ သူတို႔က ျပည္ပ ကစားသမားေတြကို ေခၚတယ္ ဒါေပမယ့္ အခု စေကာ့တလန္ဘက္ကို ၾကည့္လာတာ ေကာင္းတဲ့ အခ်က္ပဲ။ လီဗာပူး က လူငယ္ေတြကို ဒီလာ ကစားဖို႔ ဆြဲေဆာင္နုိင္တာ ကလပ္အတြက္ ေကာင္းမြန္ျခင္းပဲ။ ” လို႔ မန္ေနဂ်ာသစ္ ေဒးဗစ္က ဆိုပါတယ္။