ITV ရုပ်သံဌာနရဲ့ သတင်းထောက် ဂျိုနသန် ဆွိမ်းဟာ ဝင်ဘာလေမှာ အင်္ဂလန်အသင်းကို လာအားပေးတဲ့ ယာဂင် အတုကို အစစ်ထင်ပြီး ကြေညာခဲ့တာကြောင့် ဟားစရာဖြစ်ခဲ့ရပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ပုံစံတူ ဝတ်ဆင်ထားတဲ့ ပရိသတ် တစ်ဦးက အင်္ဂလန်ပရိသတ်တွေနဲ့အတူ ကွင်းထဲ ဝင်ရောက်ခဲ့တာပါ။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံသဏ္ဍာန်ဟာ ကလော့ပ်နဲ့ ဆင်တူလွန်းခဲ့ပြီး သူ စကားပြောတာကို မကြားခင်ထိဆိုရင် ကလော့ပ် ကိုယ်တိုင် ပွဲလာကြည့်တယ်လို့ပဲ ထင်မိကြမှာပါ။

ဆွိမ်းကိုယ်တိုင်ကလည်း သူမြင်ခဲ့ရသူက ယာဂင်ကလော့ပ်ပါလို့ ယုံကြည်ခဲ့တာကြောင့် ပွဲတင်ဆက်မှုမှာ အင်္ဂလန်ပရိသတ်တွေနဲ့ ရင်းနှီးစွာ စကားပြောနေတဲ့ ကလော့ပ်လို့ ထည့်သွင်း စကားပြောခဲ့တယ်။

ဂျိုနသန် ဆွိမ်းက ‘ ကျနော် ကွင်းထဲကိုသွားတုန်းက ဂျာမာန်သား လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကိုတောင် တွေ့ခဲ့သေးတယ်။ သူက အားကစားစိတ်ဓါတ်ကောင်းတွေ ပြသခဲ့ပြီး များစွာသော အင်္ဂလန်ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပွဲအပြီးမှာဆိုရင် အင်္ဂလန်ပရိသတ်တွေရဲ့ ပုခုံးပေါ် ခွထိုင်ပြီး ဘီယာတောင် သောက်နေလိုက်သေးတယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့သူလဲ ‘ လို့ ကြေညာခဲ့တာပါ။

ဆွိမ်းက တီဗီအစီအစဉ်ကနေ အားတက်သရော ကြေညာနေပေမယ့် ပရိသတ်တွေကတော့ သူမှားနေပြီဆိုတာ သိလိုက်ကြတယ်။ ကလော့ပ်အတုနဲ့ selfie ပါ ဆွဲခဲ့သေးတဲ့ ဆွိမ်းကိုယ်တိုင်ကတော့ သူ့ရဲ့ အစီအစဉ်ကို ပြန်မကြည့်ခင်ထိ သူ အမှားကြီး လုပ်ခဲ့မိတာကို သတိမပြုမိခဲ့ပါဘူး။

ဒီမနက်မှာတော့ သတင်းထောက်ကြီးရဲ့ အမှားဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အချို့က ကလော့ပ်နဲ့ တကယ်ကို တူလွန်းကြောင်း မှတ်ချက်ပေးနေကြသလို၊ တော်တော်များများက မင်းကိုယ်တိုင် တွေ့ခဲ့တဲ့သူက ကလော့ပ်ဆိုတာ သေချာရဲ့လားလို့လည်း ဟားနေကြတာဖြစ်ပါတယ်။

ZAWGYI

ITV ရုပ္သံဌာနရဲ႕ သတင္းေထာက္ ဂ်ိဳနသန္ ဆြိမ္းဟာ ဝင္ဘာေလမွာ အဂၤလန္အသင္းကို လာအားေပးတဲ့ ယာဂင္ အတုကို အစစ္ထင္ျပီး ေၾကညာခဲ့တာေၾကာင့္ ဟားစရာျဖစ္ခဲ့ရပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ ပံုစံတူ ဝတ္ဆင္ထားတဲ့ ပရိသတ္ တစ္ဦးက အဂၤလန္ပရိသတ္ေတြနဲ႔အတူ ကြင္းထဲ ဝင္ေရာက္ခဲ့တာပါ။ သူ႔ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ ပံုသ႑ာန္ဟာ ကေလာ့ပ္နဲ႔ ဆင္တူလြန္းခဲ့ျပီး သူ စကားေျပာတာကို မၾကားခင္ထိဆိုရင္ ကေလာ့ပ္ ကိုယ္တိုင္ ပြဲလာၾကည့္တယ္လို႔ပဲ ထင္မိၾကမွာပါ။

ဆိြမ္း ကိုယ္တိုင္ကလည္း သူျမင္ခဲ့ရသူက ယာဂင္ကေလာ့ပ္ပါလို႔ ယံုၾကည္ခဲ့တာေၾကာင့္ ပြဲတင္ဆက္မႈမွာ အဂၤလန္ပရိသတ္ေတြနဲ႔ ရင္းႏွီးစြာ စကားေျပာေနတဲ့ ကေလာ့ပ္လို႔ ထည့္သြင္း စကားေျပာခဲ့တယ္။

ဂ်ိဳနသန္ ဆြိမ္းက ‘ က်ေနာ္ ကြင္းထဲကိုသြားတုန္းက ဂ်ာမာန္သား လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကိုေတာင္ ေတြ႔ခဲ့ေသးတယ္။ သူက အားကစားစိတ္ဓါတ္ေကာင္းေတြ ျပသခဲ့ျပီး မ်ားစြာေသာ အဂၤလန္ပရိသတ္ေတြနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ ပြဲအျပီးမွာဆိုရင္ အဂၤလန္ပရိသတ္ေတြရဲ႕ ပုခံုးေပၚ ခြထိုင္ျပီး ဘီယာေတာင္ ေသာက္ေနလိုက္ေသးတယ္။ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္တဲ့သူလဲ ‘ လို႔ ေၾကညာခဲ့တာပါ။

ဆိြမ္းက တီဗီအစီအစဥ္ကေန အားတက္သေရာ ေၾကညာေနေပမယ့္ ပရိသတ္ေတြကေတာ့ သူမွားေနျပီဆိုတာ သိလိုက္ၾကတယ္။ ကေလာ့ပ္အတုနဲ႔ selfie ပါ ဆြဲခဲ့ေသးတဲ့ ဆိြမ္းကိုယ္တိုင္ကေတာ့ သူ႔ရဲ႕ အစီအစဥ္ကို ျပန္မၾကည့္ခင္ထိ သူ အမွားၾကီး လုပ္ခဲ့မိတာကို သတိမျပဳမိခဲ့ပါဘူး။

ဒီမနက္မွာေတာ့ သတင္းေထာက္ၾကီးရဲ႕ အမွားဟာ လူမႈကြန္ယက္ေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ျပီး အခ်ိဳ႔က ကေလာ့ပ္နဲ႔ တကယ္ကို တူလြန္းေၾကာင္း မွတ္ခ်က္ေပးေနၾကသလို၊ ေတာ္ေတာ္မ်ားမ်ားက မင္းကုိယ္တုိင္ ေတြ႔ခဲ့တဲ့သူက ကေလာ့ပ္ဆိုတာ ေသခ်ာရဲ႕လားလို႔လည္း ဟားေနၾကတာျဖစ္ပါတယ္။