ရှော်ကေးကနေ အငှားလာကစားနေတဲ့ အိုဇန်ခါဘတ်ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးပြီဖြစ်လို့ ဒီကနေ့မှာပဲ တူရကီခံစစ်မှူးဟာ လီဗာပူးအသင်းကို နုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ခါဘတ်ဟာ ဖေဖော်ဝါရီကစတင်ကာ လီဗာပူးအသင်းထံ အငှားလာကစားခဲ့ပြီး ၁၃ ပွဲထိ ကစားပေးနိုင်ခဲ့တယ်။ သူဟာ လီဗာပူးအသင်း ပရီးမီးယားလိဂ်မှာ တတိယနေရာက ရာသီသိမ်းဖို့နဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အကူအညီပေးနိုင်ခဲ့တယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ မိခင်ကလပ်ကို ပြန်မှာဖြစ်ပြီး အဲ့ရောက်မှပဲ အနာဂတ်ကိစ္စကို စီစဉ်ပါလိမ့်မယ်။

လီဗာပူးအသင်းကတော့ အနာဂတ်မှာ အဆင်ပြေပါစေဆိုတဲ့ ဆုတောင်းမှုနဲ့အတူ အိုဇန်ရဲ့ ပရိသတ်တွေထံ အိတ်ဖွင့်ပေးစာကို အသင်းဝဘ်ဆိုဒ်ကနေ ဖော်ပြသွားပါတယ်။

ချစ်ခင်ရပါသော လီဗာပူးမိသားစုဝင်များထံသို့

လီဗာပူးအသင်းကို ရောက်လာတဲ့ ပထမဆုံးနေ့ရက်တည်းက အားလုံးရဲ့ ကြင်နာမှုနဲ့ ကျနော်အပေါ် ပေးပို့ကြတဲ့ အားပေးထောက်ခံမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အသင်းမှာ နေထိုင်ခဲ့ရတဲ့ လေးလတာကာလဟာ ကျနော်အတွက် အရမ်း အရေးပါတဲ့ အတွေ့အကြုံတွေဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်နဲ့ ကျနော်ရဲ့ အသင်းဖော် အားလုံးထံကနေ အများကြီး သင်ယူနိုင်ခဲ့ပါတယ်။ ဒီလို ထူးရှယ်မိသားစုမှာ အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့တာအတွက်လည်း သိပ်ကို ဂုဏ်ယူပါတယ်။ ပျော်ရွှင်စရာကောင်းခဲ့ပြီး ကျနော်ကို စပယ်ရှယ် သီချင်းပါ ချီးမြင့်ပေးခဲ့လို့ လီဗာပူးမှာရှိရတဲ့ နေ့ရက်တွေကို အမြဲတမ်း သတိရနေတော့မှာပါ။

YNWA

အိုဇန်

ZAWGYI

ေရွာ္ေကးကေန အငွားလာကစားေနတဲ့ အိုဇန္ခါဘတ္ရဲ႕ စာခ်ဳပ္ဟာ ဇြန္လ ၃၀ ရက္ေန႔မွာ ကုန္ဆံုးျပီျဖစ္လို႔ ဒီကေန႔မွာပဲ တူရကီခံစစ္မွဴးဟာ လီဗာပူးအသင္းကို ႏုတ္ဆက္လိုက္ျပီျဖစ္ပါတယ္။

ခါဘတ္ဟာ ေဖေဖာ္ဝါရီကစတင္ကာ လီဗာပူးအသင္းထံ အငွားလာကစားခဲ့ျပီး ၁၃ ပြဲထိ ကစားေပးႏုိင္ခဲ့တယ္။ သူဟာ လီဗာပူးအသင္း ပရီးမီးယားလိဂ္မွာ တတိယေနရာက ရာသီသိမ္းဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ အကူအညီေပးႏုိင္ခဲ့တယ္။ အသက္ ၂၁ နွစ္အရြယ္ ခံစစ္မွဴးဟာ မိခင္ကလပ္ကို ျပန္မွာျဖစ္ျပီး အဲ့ေရာက္မွပဲ အနာဂတ္ကိစၥကို စီစဥ္ပါလိမ့္မယ္။

လီဗာပူးအသင္းကေတာ့ အနာဂတ္မွာ အဆင္ေျပပါေစဆိုတဲ့ ဆုေတာင္းမႈနဲ႔အတူ အိုဇန္ရဲ႕ ပရိသတ္ေတြထံ အိတ္ဖြင့္ေပးစာကို အသင္းဝဘ္ဆိုဒ္ကေန ေဖာ္ျပသြားပါတယ္။

ခ်စ္ခင္ရပါေသာ လီဗာပူးမိသားစုဝင္မ်ားထံသို႔

လီဗာပူးအသင္းကို ေရာက္လာတဲ့ ပထမဆံုးေန႔ရက္တည္းက အားလံုးရဲ႕ ၾကင္နာမႈနဲ႔ က်ေနာ္အေပၚ ေပးပို႔ၾကတဲ့ အားေပးေထာက္ခံမႈေတြအတြက္ ေက်းဇူးတင္ပါတယ္။ အသင္းမွာ ေနထိုင္ခဲ့ရတဲ့ ေလးလတာကာလဟာ က်ေနာ္အတြက္ အရမ္း အေရးပါတဲ့ အေတြ႔အၾကံဳေတြျဖစ္မယ္လို႔လည္း ယံုၾကည္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ က်ေနာ္ရဲ႕ အသင္းေဖာ္ အားလံုးထံကေန အမ်ားၾကီး သင္ယူႏုိင္ခဲ့ပါတယ္။ ဒီလို ထူးရွယ္မိသားစုမွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ခြင့္ရခဲ့တာအတြက္လည္း သိပ္ကို ဂုဏ္ယူပါတယ္။ ေပ်ာ္ရႊင္စရာေကာင္းခဲ့ျပီး က်ေနာ္ကို စပယ္ရွယ္ သီခ်င္းပါ ခ်ီးျမင့္ေပးခဲ့လို႔ လီဗာပူးမွာရွိရတဲ့ ေန႔ရက္ေတြကို အျမဲတမ္း သတိရေနေတာ့မွာပါ။

YNWA

အိုဇန္