လီဗာပူးအသင်းဟာ ဒီကနေ့မှာပဲ အသင်းသား ၃ ဦးကို တရားဝင် နှုတ်ဆက် လမ်းခွဲခဲ့ရပြီ ဖြစ်ပါတယ်။

ဘောလုံးပြက္ခဒိန်အရ ဇွန်လ ၃၀ ရက်နေ့မှာပဲ နှစ်တစ်နှစ်ရဲ့ စာချုပ်တွေ ပြီးဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်းပြည့်တဲ့ ကစားသမားတွေဟာ ဂျူလိုင်လ ၁ ရက်နေ့ကစလို့ သက်ဆိုင်ရာ ကလပ်တွေကနေ တရားဝင် ထွက်ခွာကြပြီဖြစ်တယ်။

အငှားခေါ်ယူထားတဲ့ ကစားသမားတွေက ဒီကနေ့မှာ အသင်းနဲ့ ဆက်ရှိမှာ မဟုတ်တော့ဘဲ သက်တမ်းကုန်တဲ့ ကစားသမားတွေကလည်း ဒီကနေ့မှာပဲ ထွက်ခွာကြပါလိမ့်မယ်။

လီဗာပူးနဲ့ လမ်းခွဲခဲ့ပြီဖြစ်ကာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ချုပ်ထားတဲ့ ဝိုက်နယ်ဒမ်က အန်ဖီးကစားသမားဘဝ ၅ နှစ်ကြာ ကျင်လည်မှုကို ရပ်တန့်ခဲ့ပါပြီ။ မန်နေဂျာနဲ့ ကစားသမား ကိုယ်တိုင်က သက်တမ်းတိုးဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် ကလပ်နဲ့ ညိနှိုင်းမှုတွေမှာ အဆင်မပြေခဲ့ကြဘူး။ နောက်ပိုင်းမှာ ဘာလို့ လီဗာပူးနဲ့ စာချုပ်သစ် မချုပ်ခဲ့သလဲဆိုတာကို ဖွင့်ပြောပါမယ်လို့ ဝိုက်နယ်ဒမ်က ဆိုထားပါတယ်။

ဝိုက်နယ်ဒမ်ဟာ လီဗာပူးကစားသမားဘဝ ၂၃၇ ပွဲမှာ သွင်းဂိုး ၂၂ ဂိုး သွင်းယူခဲ့ကာ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ်များ ကမ္ဘာဖလားတို့ကို အောင်မြင်ခဲ့ပါတယ်။

ထပ်ပြီးလည်း အသက် ၂၀ အရွယ် ဘယ်အစွန်လူ လာရိုစီဟာ လီဗာပူးဘက်က သက်တမ်းတိုးစာချုပ် ပေးခဲ့ပေမယ့် လက်မခံဘဲ အသင်းသစ် ရှာဖွေသွားပါမယ်။ စီနီယာအဆင့်ပွဲတွေမှာ အနည်းငယ် ပါဝင်ကစားဖူးတဲ့ လာရိုစီဟာ လီဗာပူးမှာ နေရာမရနိုင်တဲ့ အခြေအနေကြောင့် ပုံမှန် ကစားခွင့်ရ အသင်းတစ်သင်းထံပဲ ပြောင်းရွှေ့သွားမှာ ဖြစ်တယ်။

နောက်ဆုံး အနေနဲ့ ဖေဖော်ဝါရီလတုန်းက ရှော်ကေးအသင်းကနေ အငှားလာကစားနေတဲ့ ခံစစ်မှူး ခါဘတ်ဟာ အသင်းကို တရားဝင် နှုတ်ဆက် ထွက်ခွာသွားပြီဖြစ်ပါတယ်။ သူဟာ လီဗာပူးအတွက် ၁၃ ပွဲ ကစားပေးခဲ့ကာ ပေါင် ၁၈ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့် ပါဝင်ခဲ့ပေမယ့် အန်ဖီးဘက်က စာချုပ်ပေးပြီး ခေါ်ယူခဲ့ခြင်း မရှိပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔မွာပဲ အသင္းသား ၃ ဦးကို တရားဝင္ ႏႈတ္ဆက္ လမ္းခြဲခဲ့ရျပီ ျဖစ္ပါတယ္။

ေဘာလံုးျပကၡဒိန္အရ ဇြန္လ ၃၀ ရက္ေန႔မွာပဲ ႏွစ္တစ္ႏွစ္ရဲ႕ စာခ်ဳပ္ေတြ ျပီးဆံုးျပီျဖစ္ပါတယ္။ ဒါေၾကာင့္ စာခ်ဳပ္သက္တမ္းျပည့္တဲ့ ကစားသမားေတြဟာ ဂ်ဴလိုင္လ ၁ ရက္ေန႔ကစလို႔ သက္ဆိုင္ရာ ကလပ္ေတြကေန တရားဝင္ ထြက္ခြာၾကျပီျဖစ္တယ္။

အငွားေခၚယူထားတဲ့ ကစားသမားေတြက ဒီကေန႔မွာ အသင္းနဲ႔ ဆက္ရွိမွာ မဟုတ္ေတာ့ဘဲ သက္တမ္းကုန္တဲ့ ကစားသမားေတြကလည္း ဒီကေန႔မွာပဲ ထြက္ခြာၾကပါလိမ့္မယ္။

လီဗာပူးနဲ႔ လမ္းခြဲခဲ့ျပီျဖစ္ကာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတဲ့ ဝိုက္နယ္ဒမ္က အန္ဖီးကစားသမားဘဝ ၅ ႏွစ္ၾကာ က်င္လည္မႈကို ရပ္တန္႔ခဲ့ပါျပီ။ မန္ေနဂ်ာနဲ႔ ကစားသမား ကိုယ္တိုင္က သက္တမ္းတိုးဖို႔ စိတ္ဝင္စားခဲ့ၾကေပမယ့္ ကလပ္နဲ႔ ညိႏိႈင္းမႈေတြမွာ အဆင္မေျပခဲ့ၾကဘူး။ ေနာက္ပိုင္းမွာ ဘာလို႔ လီဗာပူးနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ခဲ့သလဲဆိုတာကို ဖြင့္ေျပာပါမယ္လို႔ ဝိုက္နယ္ဒမ္က ဆိုထားပါတယ္။

ဝိုက္နယ္ဒမ္ဟာ လီဗာပူးကစားသမားဘဝ ၂၃၇ ပြဲမွာ သြင္းဂိုး ၂၂ ဂိုး သြင္းယူခဲ့ကာ ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလားနဲ႔ ဖီဖာ ကလပ္မ်ား ကမၻာဖလားတို႔ကို ေအာင္ျမင္ခဲ့ပါတယ္။

ထပ္ျပီးလည္း အသက္ ၂၀ အရြယ္ ဘယ္အစြန္လူ လာရိုစီဟာ လီဗာပူးဘက္က သက္တမ္းတိုးစာခ်ဳပ္ ေပးခဲ့ေပမယ့္ လက္မခံဘဲ အသင္းသစ္ ရွာေဖြသြားပါမယ္။ စီနီယာအဆင့္ပြဲေတြမွာ အနည္းငယ္ ပါဝင္ကစားဖူးတဲ့ လာရိုစီဟာ လီဗာပူးမွာ ေနရာမရႏုိင္တဲ့ အေျခအေနေၾကာင့္ ပံုမွန္ ကစားခြင့္ရ အသင္းတစ္သင္းထံပဲ ေျပာင္းေရႊ႔သြားမွာ ျဖစ္တယ္။

ေနာက္ဆံုး အေနနဲ႔ ေဖေဖာ္ဝါရီလတုန္းက ေရွာ္ေကးအသင္းကေန အငွားလာကစားေနတဲ့ ခံစစ္မွဴး ခါဘတ္ဟာ အသင္းကို တရားဝင္ ႏႈတ္ဆက္ ထြက္ခြာသြားျပီျဖစ္ပါတယ္။ သူဟာ လီဗာပူးအတြက္ ၁၃ ပြဲ ကစားေပးခဲ့ကာ ေပါင္ ၁၈ သန္းျဖင့္ အျပီးသတ္ ေခၚယူခြင့္ ပါဝင္ခဲ့ေပမယ့္ အန္ဖီးဘက္က စာခ်ဳပ္ေပးျပီး ေခၚယူခဲ့ျခင္း မရွိပါဘူး။