လီဗာပူးအသင်းဟာ လူငယ်ကစားသမားတွေကို ရာသီကြိုမှာ စီနီယာအသင်းနဲ့အတူ ခေါ်ယူပြီး လေ့ကျင့်စေခြင်းဖြင့် အကယ်ဒမီကနေ ပရော်ဖက်ရှင်နယ်လိုင်း ကူးခွင့်တွေမှာ အကူအညီပေးနေပါတယ်။

လူငယ်ကစားသမား ရောင်းချရေးဟာ လီဗာပူးရဲ့ ကစားသမား ခေါ်ယူမှုတွေမှာ အရေးပါတဲ့ ပံ့ပိုးမှု ဖြစ်လာခဲ့ပြီး နှစ်တိုင်းမှာ ကြယ်ပွင့် ၂ ဦးကနေ ၃ ဦးလောက်ထိကို ပုံမှန် ရောင်းထုတ်နေရတာဖြစ်တယ်။ ဒီရာသီမှာလည်း ဝီလီယမ်၊ နက်ဖီးလစ်တို့ ထွက်ခွာသွားနိုင်ချေ ရှိနေသလို အချို့သော လူငယ်တွေကို စီနီယာအသင်းထံ ခေါ်ယူဖွယ်ရှိတယ်။

အဝန်နီယီ

အဝန်နီယီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန်မှာ ကစားခွင့်အတွက် အလုပ်ပါမစ် ရသွားခဲ့ပါပြီ။ ၂၀၁၅ တည်းက လီဗာပူးအသင်းကို ရောက်လာခဲ့တဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမားဟာ ကုန်ခဲ့တဲ့ ၆ နှစ်လုံးမှာ အလုပ်ပါမစ် မရှိတာကြောင့် ဥရောပကလပ်တွေထံ အငှားထွက်ခြင်းဖြင့်ပဲ အချိန်ကုန်နေခဲ့ပါတယ်။

မနှစ်တုန်းက သူ့ကို ခေါ်ယူဖို့ ဘယ်ဂျီယံကလပ် အန်းဒါးလက်က ပေါင် ၅ သန်းဖြင့် ကြိုးစားပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့တယ်။ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ တိုက်စစ်သမားကို ရောင်းထုတ်ရမယ်ဆိုရင်တောင် လီဗာပူးဘက်က ပေါင် ၈ သန်းထိ အလိုရှိပါတယ်။

ဒီနွေမှာ အဝန်နီယီဟာ လီဗာပူးအသင်းနဲ့အတူ ရာသီကြို လိုက်ရဖွယ်ရှိပြီး ကလော့ပ်ရဲ့ စနစ်မှာ အံဝင်မယ်ဆိုရင် အသင်းမှာ ဆက်နေခွင့်ရမှာ ဖြစ်ပါတယ်။

ဘရတ်ဒလေ

ဒီနွေမှာ နီကိုးကို ရောင်းထုတ်ခဲ့မယ်ဆိုရင် ညာအစွန်နေရာအတွက် အင်အားဖြည့်မှာ မဟုတ်ဘဲ ဂိုးမက်စ်ကို အဆိုပါနေရာအတွက် ကာဗာ ထားမှာဖြစ်ကာ အကယ်ဒမီမှာ တောက်ပနေတဲ့ ၁၇ နှစ်သားလေး ဘရတ်ဒလေကို စီနီယာအသင်းထံ ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

လူငယ် အက်ဖ်အေဖလား ဗိုလ်လုပွဲရောက် ယူ-၁၈ အသင်းရဲ့ အသင်းသားလေးဟာ မနှစ်ကစပြီး အကယ်ဒမီမှာ နာမည်ထွက်လာခဲ့ပါတယ်။ ယာဂင်အကြိုက် တိုက်စစ်လိုက်နိုင်သူမျိုး ဖြစ်တယ်လို့ သတင်းထွက်ထားပြီး ထရန့်နဲ့ ဂိုးမက်စ်တို့ ပြန်လည် ထူထောင်ရေးတွေ လုပ်နေရသေးခြင်းကြောင့် ရာသီကြိုပွဲစဉ် အချို့ကို ညာအစွန်နေရာက ပါဝင်ကစားပေးခွင့်ရမှာဖြစ်ပါတယ်။

ဘလာဂီဇီ

The Guardian သတင်းဌာနက လီဗာပူးအသင်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် ဘလာဂီဇီကို ရွေးချယ်ထားခဲ့တာဖြစ်တယ်။ မန်ချက်စတာဖွား လူငယ်လေးဟာ သူ့အသက် ၁၁ နှစ် အရွယ်မှာ မန်စီးတီး အကယ်ဒမီကနေ လီဗာပူးအကယ်ဒမီကို ပြောင်းရွှေ့လာခဲ့ပြီး လူငယ်အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

ဂျိမ်း ဘလာဂီဇီဟာ လီဗာပူး ယူ-၂၁ အသင်းမှာ ဘယ်ခြမ်းဘက်ကို ပြောင်းလဲ ကစားနေသူဖြစ်တယ်။ တိုက်စစ်သမားဟောင်းဖြစ်ပေမယ့် ကွင်းလယ်လူတစ်ဦးအဖြစ် တိုးတက်လာနေတဲ့ ဘလာဂီဇီဟာ အရပ်မြင့်မားသလို ကစားအားကောင်းပြီး ပြေးနှုန်းကောင်းသူဖြစ်တယ်။ သူ့ရဲ့ အဓိက အရည်အချင်းက သွင်းဂိုးကို မြင်နိုင်စွမ်း ရှိအောင် ပါးနပ်ခြင်းလို့လည်း သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လူငယ္ကစားသမားေတြကို ရာသီၾကိဳမွာ စီနီယာအသင္းနဲ႔အတူ ေခၚယူျပီး ေလ့က်င့္ေစျခင္းျဖင့္ အကယ္ဒမီကေန ပေရာ္ဖက္ရွင္နယ္လိုင္း ကူးခြင့္ေတြမွာ အကူအညီေပးေနပါတယ္။

လူငယ္ကစားသမား ေရာင္းခ်ေရးဟာ လီဗာပူးရဲ႕ ကစားသမား ေခၚယူမႈေတြမွာ အေရးပါတဲ့ ပံ့ပိုးမႈ ျဖစ္လာခဲ့ျပီး ႏွစ္တုိင္းမွာ ၾကယ္ပြင့္ ၂ ဦးကေန ၃ ဦးေလာက္ထိကို ပံုမွန္ ေရာင္းထုတ္ေနရတာျဖစ္တယ္။ ဒီရာသီမွာလည္း ဝီလီယမ္၊ နက္ဖီးလစ္တို႔ ထြက္ခြာသြားႏုိင္ေခ် ရွိေနသလို အခ်ိဳ႔ေသာ လူငယ္ေတြကို စီနီယာအသင္းထံ ေခၚယူဖြယ္ရွိတယ္။

အဝန္နီယီ

အဝန္နီယီဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ အဂၤလန္မွာ ကစားခြင့္အတြက္ အလုပ္ပါမစ္ ရသြားခဲ့ပါျပီ။ ၂၀၁၅ တည္းက လီဗာပူးအသင္းကို ေရာက္လာခဲ့တဲ့ ႏုိင္ဂ်ီးရီးယား တိုက္စစ္သမားဟာ ကုန္ခဲ့တဲ့ ၆ ႏွစ္လံုးမွာ အလုပ္ပါမစ္ မရွိတာေၾကာင့္ ဥေရာပကလပ္ေတြထံ အငွားထြက္ျခင္းျဖင့္ပဲ အခ်ိန္ကုန္ေနခဲ့ပါတယ္။

မႏွစ္တုန္းက သူ႔ကို ေခၚယူဖို႔ ဘယ္ဂ်ီယံကလပ္ အန္းဒါးလက္က ေပါင္ ၅ သန္းျဖင့္ ၾကိဳးစားေပမယ့္ လီဗာပူးဘက္က ပယ္ခ်ခဲ့တယ္။ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတဲ့ တိုက္စစ္သမားကို ေရာင္းထုတ္ရမယ္ဆိုရင္ေတာင္ လီဗာပူးဘက္က ေပါင္ ၈ သန္းထိ အလိုရွိပါတယ္။

ဒီေႏြမွာ အဝန္နီယီဟာ လီဗာပူးအသင္းနဲ႔အတူ ရာသီၾကိဳ လိုက္ရဖြယ္ရွိျပီး ကေလာ့ပ္ရဲ႕ စနစ္မွာ အံဝင္မယ္ဆိုရင္ အသင္းမွာ ဆက္ေနခြင့္ရမွာ ျဖစ္ပါတယ္။

ဘရတ္ဒေလ

ဒီေႏြမွာ နီကိုးကို ေရာင္းထုတ္ခဲ့မယ္ဆိုရင္ ညာအစြန္ေနရာအတြက္ အင္အားျဖည့္မွာ မဟုတ္ဘဲ ဂိုးမက္စ္ကို အဆိုပါေနရာအတြက္ ကာဗာ ထားမွာျဖစ္ကာ အကယ္ဒမီမွာ ေတာက္ပေနတဲ့ ၁၇ ႏွစ္သားေလး ဘရတ္ဒေလကို စီနီယာအသင္းထံ ေခၚေဆာင္သြားမွာျဖစ္ပါတယ္။

လူငယ္ အက္ဖ္ေအဖလား ဗိုလ္လုပြဲေရာက္ ယူ-၁၈ အသင္းရဲ႕ အသင္းသားေလးဟာ မႏွစ္ကစျပီး အကယ္ဒမီမွာ နာမည္ထြက္လာခဲ့ပါတယ္။ ယာဂင္အၾကိဳက္ တိုက္စစ္လိုက္ႏုိင္သူမ်ိဳး ျဖစ္တယ္လို႔ သတင္းထြက္ထားျပီး ထရန္႔နဲ႔ ဂိုးမက္စ္တို႔ ျပန္လည္ ထူေထာင္ေရးေတြ လုပ္ေနရေသးျခင္းေၾကာင့္ ရာသီၾကိဳပြဲစဥ္ အခ်ိဳ႔ကို ညာအစြန္ေနရာက ပါဝင္ကစားေပးခြင့္ရမွာျဖစ္ပါတယ္။

ဘလာဂီဇီ

The Guardian သတင္းဌာနက လီဗာပူးအသင္းရဲ႕ အေကာင္းဆံုး လူငယ္ကစားသမားအျဖစ္ ဘလာဂီဇီကို ေရြးခ်ယ္ထားခဲ့တာျဖစ္တယ္။ မန္ခ်က္စတာဖြား လူငယ္ေလးဟာ သူ႔အသက္ ၁၁ ႏွစ္ အရြယ္မွာ မန္စီးတီး အကယ္ဒမီကေန လီဗာပူးအကယ္ဒမီကို ေျပာင္းေရႊ႔လာခဲ့ျပီး လူငယ္အသင္းမွာ ေျခစြမ္းျပေနသူ ျဖစ္ပါတယ္။

ဂ်ိမ္း ဘလာဂီဇီဟာ လီဗာပူး ယူ-၂၁ အသင္းမွာ ဘယ္ျခမ္းဘက္ကို ေျပာင္းလဲ ကစားေနသူျဖစ္တယ္။ တိုက္စစ္သမားေဟာင္းျဖစ္ေပမယ့္ ကြင္းလယ္လူတစ္ဦးအျဖစ္ တိုးတက္လာေနတဲ့ ဘလာဂီဇီဟာ အရပ္ျမင့္မားသလို ကစားအားေကာင္းျပီး ေျပးႏႈန္းေကာင္းသူျဖစ္တယ္။ သူ႔ရဲ႕ အဓိက အရည္အခ်င္းက သြင္းဂိုးကို ျမင္ႏုိင္စြမ္း ရွိေအာင္ ပါးနပ္ျခင္းလို႔လည္း သိထားရပါတယ္။