လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်သမား အချို့ကို ထွက်ခွင့်ပေးမှာဖြစ်ကာ ဘယ်ဂျီယံ တိုက်စစ်မှူး အိုရီဂီကလည်း အသင်း လူစာရင်း ရှင်းထုတ်မှုထဲ ပါဝင်သွားမှာဖြစ်ပါတယ်။

လီဗာပူးသတင်းထောက် Neil Jones က အသင်းဟာ အိုရီဂီကို ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုတယ်။ ဘယ်ဂျီယံ တိုက်စစ်သမားကို ဝုဗ်အသင်းက ကာလရှည် စိတ်ဝင်စားနေခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင်ရဖို့ လီဗာပူးဘက်က မျှော်လင့်ထားပါတယ်။ မှန်ကန်တဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် ရှာကွီရီ၊ မီနာမီနိုတို့ကိုလည်း ရှင်းထုတ်သွားမှာပါ။

ဝဲလ်ဆန်ကိုလည်း ရောင်းထုတ်သွားဖို့ ရှိနေပြီး သူ့အတွက် ပေါ်တူဂီကလပ် ဘင်ဖီကာထံက မေးမြန်းမှုတွေ ရထားပါတယ်။ ဒါပေမယ့်လို့ ဖူလ်ဟမ် (သို့) ဘရန့်ဖိုဒ့်ထံပဲ ရောင်းချဖို့က ပိုမို အခွင့်အရေး များနေပါတယ်။

တိုက်စစ်ပိုင်း ပြန်လည် အားဖြည့်ဖို့အတွက် အက်စတွန်ဗီလာမှ ဝက်ကင်နဲ့ ဝုဗ်မှ နီတိုတို့ နှစ်ဦးကို ကလပ်ဘက်က သဘောတွေ့ထားခဲ့ပါတယ်။ သို့ပေမယ့် ဧပရယ်လတုန်းက အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး နီတိုဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့တာကြောင့် ဒီနွေမှာ သူ့ကို ခေါ်ယူဖို့ လီဗာပူးဘက်က ကြိုးစားတော့မှာ မဟုတ်ပါဘူး။

လိဒ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ဟာနဲ့ သတင်းထွက်နေမှုတွေ ရှိပေမယ့်လည်း ဒီအပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာမယ်လို့ မမြင်သေးကြောင်း Neil Jones က ဆိုတယ်။ ရာဖင်ဟာနဲ့ လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုတို့ဟာ တူညီတဲ့ အေးဂျင့်လက်အောက်မှာ ရှိသူတွေဖြစ်ပါတယ်။

အတိတ်တုန်းက ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာကို ပစ်မှတ်ထားခဲ့ဖူးပေမယ့် ဂျိုတာကို ခေါ်ယူခဲ့ပြီးတည်းက ဆီနီဂေါ တိုက်စစ်သမားကို လုံးဝ ဦးလှည့်တော့မှာ မဟုတ်ပါဘူး။ လက်စတာ တိုက်စစ်သမား ဟာဗေးဘန်းစ်ကိုလည်း လီဗာပူးဘက်က စောင့်ကြည့်ခဲ့သေးပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းခံရမှာဖြစ်လို့ ကမ်းလှမ်းဖို့ မရှိပါဘူး။

မာနေး၊ ဆာလာ၊ ဖာမင်နိုတို့နဲ့အတူ ဂျိုတာက ပွဲထွက်လူစာရင်း တစ်နေရာအတွက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အသင်းက အီးလီးယော့ကိုလည်း စီနီယာပွဲထွက်ခွင့် အခွင့်အရေး ပေးမှာဖြစ်ကာ တိုက်စစ်သမားသစ် တစ်ဦးကတော့ ရောက်လာဖို့ ရှိနေပါသေးတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ တိုက္စစ္သမား အခ်ိဳ႔ကို ထြက္ခြင့္ေပးမွာျဖစ္ကာ ဘယ္ဂ်ီယံ တိုက္စစ္မွဴး အိုရီဂီကလည္း အသင္း လူစာရင္း ရွင္းထုတ္မႈထဲ ပါဝင္သြားမွာျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ Neil Jones က အသင္းဟာ အိုရီဂီကို ထြက္ခြာခြင့္ျပဳမယ္လို႔ အတည္ျပဳတယ္။ ဘယ္ဂ်ီယံ တိုက္စစ္သမားကို ဝုဗ္အသင္းက ကာလရွည္ စိတ္ဝင္စားေနခဲ့ျပီး ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၂၀ ဝန္းက်င္ရဖို႔ လီဗာပူးဘက္က ေမွ်ာ္လင့္ထားပါတယ္။ မွန္ကန္တဲ့ ကမ္းလွမ္းမႈရမယ္ဆိုရင္ ရွာကီြရီ၊ မီနာမီႏိုတို႔ကိုလည္း ရွင္းထုတ္သြားမွာပါ။

ဝဲလ္ဆန္ကိုလည္း ေရာင္းထုတ္သြားဖို႔ ရွိေနျပီး သူ႔အတြက္ ေပၚတူဂီကလပ္ ဘင္ဖီကာထံက ေမးျမန္းမႈေတြ ရထားပါတယ္။ ဒါေပမယ့္လို႔ ဖူလ္ဟမ္ (သို႔) ဘရန္႔ဖိုဒ့္ထံပဲ ေရာင္းခ်ဖို႔က ပိုမို အခြင့္အေရး မ်ားေနပါတယ္။

တိုက္စစ္ပိုင္း ျပန္လည္ အားျဖည့္ဖို႔အတြက္ အက္စတြန္ဗီလာမွ ဝက္ကင္နဲ႔ ဝုဗ္မွ နီတိုတို႔ ႏွစ္ဦးကို ကလပ္ဘက္က သေဘာေတြ႔ထားခဲ့ပါတယ္။ သို႔ေပမယ့္ ဧပရယ္လတုန္းက အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္မွဴး နီတိုဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရခဲ့တာေၾကာင့္ ဒီေႏြမွာ သူ႔ကို ေခၚယူဖို႔ လီဗာပူးဘက္က ၾကိဳးစားေတာ့မွာ မဟုတ္ပါဘူး။

လိဒ္ယူႏုိက္တက္ တိုက္စစ္သမား ရာဖင္ဟာနဲ႔ သတင္းထြက္ေနမႈေတြ ရွိေပမယ့္လည္း ဒီအေျပာင္းအေရႊ႔ အမွန္တကယ္ျဖစ္လာမယ္လို႔ မျမင္ေသးေၾကာင္း Neil Jones က ဆိုတယ္။ ရာဖင္ဟာနဲ႔ လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳတို႔ဟာ တူညီတဲ့ ေအးဂ်င့္လက္ေအာက္မွာ ရွိသူေတြျဖစ္ပါတယ္။

အတိတ္တုန္းက ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာကို ပစ္မွတ္ထားခဲ့ဖူးေပမယ့္ ဂ်ိဳတာကို ေခၚယူခဲ့ျပီးတည္းက ဆီနီေဂါ တိုက္စစ္သမားကို လံုးဝ ဦးလွည့္ေတာ့မွာ မဟုတ္ပါဘူး။ လက္စတာ တိုက္စစ္သမား ဟာေဗးဘန္းစ္ကိုလည္း လီဗာပူးဘက္က ေစာင့္ၾကည့္ခဲ့ေသးေပမယ့္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး ေတာင္းခံရမွာျဖစ္လို႔ ကမ္းလွမ္းဖို႔ မရွိပါဘူး။

မာေနး၊ ဆာလာ၊ ဖာမင္ႏိုတို႔နဲ႔အတူ ဂ်ိဳတာက ပြဲထြက္လူစာရင္း တစ္ေနရာအတြက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အသင္းက အီးလီးေယာ့ကိုလည္း စီနီယာပြဲထြက္ခြင့္ အခြင့္အေရး ေပးမွာျဖစ္ကာ တိုက္စစ္သမားသစ္ တစ္ဦးကေတာ့ ေရာက္လာဖို႔ ရွိေနပါေသးတယ္။