ပြင်သစ်သား ခံစစ်မှူး ကိုနာတေးဟာ ဒီကနေ့ ဂျူလိုင်လ ၁ ရက်နေ့မှာပဲ လီဗာပူးအသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာခဲ့ပါပြီ။

ကိုနာတေးက ပြင်သစ်ကနေ လီဗာပူးကို လာရောက်နေပြီဖြစ်ကာ ဂျူလိုင်လ ၁၂ ရက်နေ့မှာ စတင်မယ့် အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေအတွင်း စတင် ပူးပေါင်းသွားမှာဖြစ်တယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ကာလရှည် ဒဏ်ရာတွေ ရထားခဲ့တာကြောင့် ကိုနာတေးဟာ လီဗာပူးရဲ့ ရာသီစောပွဲစဉ်တွေအတွက် အရေးပါသူ ဖြစ်လာဖို့ ရှိနေပါတယ်။

ယာဂင်ရဲ့ မျက်လုံးလို့ နာမည်ကြီးတဲ့ နည်းစနစ်ပိုင်း အဓိက သုံးသပ်သူ လက်ထောက်နည်းပြ ပီတာခါဗီစ်က ကိုနားတေးထံကနေ ဘာတွေကို မျှော်လင့်နိုင်သလဲအပေါ် ဖြေဆိုမှု လုပ်သွားပါသေးတယ်။

ပီတာ ခါဗီစ်က “ ကိုနာတေးထံကနေ ဗဟိုခံစစ်ပိုင်းမှာ ကမ္ဘာအဆင့်ထိ တိုးတက်လာနိုင်မယ့် အလားအလာကောင်းတွေ မြင်ထားရတယ်။ ” ဆိုပြီး နွေ လက်မှတ်ထိုး ခေါ်ယူမှုအသစ်အပေါ် မှတ်ချက်ပေးပါတယ်။

ဆက်ပြီးလည်း “ သူက လူငယ်ကစားသမားဖြစ်သလို အတွေ့အကြုံရှိ ကစားသမားလည်း ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာ နှစ်အနည်းငယ်ကြာ ကစားခဲ့ပြီး ပြင်သစ် လက်ရွေးစင်အတွက် ရွေးချယ်ခံရမယ့်သူလည်း ဖြစ်တယ်။

သူ့အရည်အသွေးက အတော်လေးကို သိသာပါတယ်။ စမတ်ကျတဲ့ ခံစစ်မှူးဖြစ်ပြီး ခံစစ်ပိုင်းတွေမှာ ထူးချွန်တယ်။ နောက်ပြီး ခံစစ်မှူးတစ်ယောက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်သူဖြစ်တယ်။ အင်္ဂလန်လိဂ်မှာ ဘယ်လို အရည်အချင်းတွေနဲ့ ခံစစ်မှူးမျိုးကို ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို ကျနေ်ာတို့ သိပါတယ်။

အရပ်အမောင်းကောင်းရမယ်၊ လျှင်မြန်ရမယ်။ အမြင့်ဘောလည်း သန်မာရမယ်။ ဒါတွေက ကျနေ်ာတို့ရဲ့ နည်းစနစ်အတွက်လည်း ကိုက်ညီပါတယ်။ ကိုနာတေးမှာ ဒီအရည်အချင်းတွေအားလုံး မြင်ထားရပါတယ်။

လိုက်ဇစ်မှာ ခံစစ်ကာကွယ်မှုနဲ့ ပတ်သက်ပြီး သူ ကောင်းကောင်းသင်ယူနိုင်ခဲ့တယ်။ ကျနေ်ာတို့အသင်းရဲ့ ဗဟိုခံစစ်မှူးအနေနဲ့ ရှိရမယ့် အဓိက အချက်တွေကို သူ သင်ယူနိုင်ခဲ့တယ်လို့ မြင်ပါတယ်။

ဘောလုံးကိုင်ထားဖို့လည်း သက်သောင့်သက်သာရှိတာက ကျနေ်ာတို့ရဲ့ ကစားဟန်အတွက် အရေးကြီးပါတယ်။ ဒီလို တည်ငြိမ်ခြင်းကပဲ တိုက်စစ်အခြေအနေတွေအတွက် ကစားကွက် တည်ဆောက်မှုကိုလည်း စိတ်ချရစေတယ်။ ဒီလို အရည်အချင်းတွေရှိလို့လည်း သူ့ကို ခေါ်ယူခဲ့တာပါ။

အခုချိန်မှာ သူ့ကို ကျနေ်ာတို့ရဲ့ ခံစစ်သမားတွေထဲ ထည့်သွင်းဖို့ စောင့်ဆိုင်းနေပါတယ်။ သူနဲ့ ပတ်သက်ပြီး အတော်လေး အကောင်းမြင်ထားသလို ကျနေ်ာတို့ လိုအပ်တဲ့ တိုးတက်မှုတွေမှာ သူပါဝင်နိုင်မယ်လို့ မြင်တယ်။ တိုးတက်လာဖို့ သင်ယူရမှာဖြစ်ကာ သူက အရည်အချင်းရှိ ကစားသမားဆိုတာ မြင်သာပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ျပင္သစ္သား ခံစစ္မွဴး ကိုနာေတးဟာ ဒီကေန႔ ဂ်ဴလိုင္လ ၁ ရက္ေန႔မွာပဲ လီဗာပူးအသင္းရဲ႕ တရားဝင္ ကစားသမား ျဖစ္လာခဲ့ပါျပီ။

ကိုနာေတးက ျပင္သစ္ကေန လီဗာပူးကို လာေရာက္ေနျပီျဖစ္ကာ ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာ စတင္မယ့္ အသင္းရဲ႕ ရာသီၾကိဳ ျပင္ဆင္မႈေတြအတြင္း စတင္ ပူးေပါင္းသြားမွာျဖစ္တယ္။ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ကာလရွည္ ဒဏ္ရာေတြ ရထားခဲ့တာေၾကာင့္ ကိုနာေတးဟာ လီဗာပူးရဲ႕ ရာသီေစာပြဲစဥ္ေတြအတြက္ အေရးပါသူ ျဖစ္လာဖို႔ ရွိေနပါတယ္။

ယာဂင္ရဲ႕ မ်က္လံုးလို႔ နာမည္ၾကီးတဲ့ နည္းစနစ္ပိုင္း အဓိက သံုးသပ္သူ လက္ေထာက္နည္းျပ ပီတာခါဗီစ္က ကိုနားေတးထံကေန ဘာေတြကို ေမွ်ာ္လင့္ႏုိင္သလဲအေပၚ ေျဖဆိုမႈ လုပ္သြားပါေသးတယ္။

ပီတာ ခါဗီစ္က “ ကိုနာေတးထံကေန ဗဟိုခံစစ္ပိုင္းမွာ ကမၻာအဆင့္ထိ တိုးတက္လာႏိုင္မယ့္ အလားအလာေကာင္းေတြ ျမင္ထားရတယ္။ ” ဆိုျပီး ေႏြ လက္မွတ္ထိုး ေခၚယူမႈအသစ္အေပၚ မွတ္ခ်က္ေပးပါတယ္။

ဆက္ျပီးလည္း “ သူက လူငယ္ကစားသမားျဖစ္သလို အေတြ႔အၾကံဳရွိ ကစားသမားလည္း ျဖစ္ပါတယ္။ ဘြန္ဒက္လီဂါမွာ ႏွစ္အနည္းငယ္ၾကာ ကစားခဲ့ျပီး ျပင္သစ္ လက္ေရြးစင္အတြက္ ေရြးခ်ယ္ခံရမယ့္သူလည္း ျဖစ္တယ္။

သူ႔အရည္အေသြးက အေတာ္ေလးကို သိသာပါတယ္။ စမတ္က်တဲ့ ခံစစ္မွဴးျဖစ္ျပီး ခံစစ္ပိုင္းေတြမွာ ထူးခၽြန္တယ္။ ေနာက္ျပီး ခံစစ္မွဴးတစ္ေယာက္အေနနဲ႔ ရုပ္ပိုင္းဆိုင္ရာလည္း ေကာင္းမြန္သူျဖစ္တယ္။ အဂၤလန္လိဂ္မွာ ဘယ္လို အရည္အခ်င္းေတြနဲ႔ ခံစစ္မွဴးမ်ိဳးကို ေခၚယူဖို႔ လိုအပ္တယ္ဆိုတာကို က်ေန္ာတို႔ သိပါတယ္။

အရပ္အေမာင္းေကာင္းရမယ္၊ လွ်င္ျမန္ရမယ္။ အျမင့္ေဘာလည္း သန္မာရမယ္။ ဒါေတြက က်ေန္ာတို႔ရဲ႕ နည္းစနစ္အတြက္လည္း ကိုက္ညီပါတယ္။ ကိုနာေတးမွာ ဒီအရည္အခ်င္းေတြအားလံုး ျမင္ထားရပါတယ္။

လိုက္ဇစ္မွာ ခံစစ္ကာကြယ္မႈနဲ႔ ပတ္သက္ျပီး သူ ေကာင္းေကာင္းသင္ယူႏုိင္ခဲ့တယ္။ က်ေန္ာတို႔အသင္းရဲ႕ ဗဟိုခံစစ္မွဴးအေနနဲ႔ ရွိရမယ့္ အဓိက အခ်က္ေတြကို သူ သင္ယူႏုိင္ခဲ့တယ္လို႔ ျမင္ပါတယ္။

ေဘာလံုးကိုင္ထားဖို႔လည္း သက္ေသာင့္သက္သာရွိတာက က်ေန္ာတို႔ရဲ႕ ကစားဟန္အတြက္ အေရးၾကီးပါတယ္။ ဒီလို တည္ျငိမ္ျခင္းကပဲ တိုက္စစ္အေျခအေနေတြအတြက္ ကစားကြက္ တည္ေဆာက္မႈကိုလည္း စိတ္ခ်ရေစတယ္။ ဒီလို အရည္အခ်င္းေတြရွိလို႔လည္း သူ႔ကို ေခၚယူခဲ့တာပါ။

အခုခ်ိန္မွာ သူ႔ကို က်ေန္ာတို႔ရဲ႕ ခံစစ္သမားေတြထဲ ထည့္သြင္းဖို႔ ေစာင့္ဆိုင္းေနပါတယ္။ သူနဲ႔ ပတ္သက္ျပီး အေတာ္ေလး အေကာင္းျမင္ထားသလို က်ေန္ာတို႔ လိုအပ္တဲ့ တိုးတက္မႈေတြမွာ သူပါဝင္ႏုိင္မယ္လုိ႔ ျမင္တယ္။ တိုးတက္လာဖို႔ သင္ယူရမွာျဖစ္ကာ သူက အရည္အခ်င္းရွိ ကစားသမားဆိုတာ ျမင္သာပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။