ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း ၁၆ သင်းအဆင့်ထိ ပြီးဆုံးချိန်မှာ ပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်းကို WhoScored က ထုတ်ပြန်ပေးခဲ့တယ်။ အဆိုပါ အသင်းမှာတော့ ညာအစွန်နေရာမှာ လီဗာပူး လူငယ်ခံစစ်မှူး နီကိုး ဝီလီယမ် ပါဝင်သွားခဲ့ပါတယ်။

လီဗာပူးအသင်းက စိတ်ဝင်စားမှုတွေ ပြသထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဆွီဒင်အသင်းမှ အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမား Isak ဟာ ဆိုစီဒက်မှာ ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ်သစ်ကို လက်မှတ်ထိုးခဲ့ပါပြီ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြင်သစ်ကလပ်နဲ့ သက်တမ်းတိုးမှာ မဟုတ်ဘဲ ၂၀၂၂ နွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာပါမယ်။ လီဗာပူးက ပြင်သစ်သား တိုက်စစ်သမားနဲ့ သတင်းတွေ ထွက်နေပေမယ့် မြင့်မားတဲ့ လုပ်ခပိုင်းကို တတ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လီဗာပူးရဲ့ အဖြူရောင်နဲ့ အစိမ်းရောင် ကော်လံပါ အဝေးကွင်းဂျာစီ ဒီဇိုင်းက အတည်ပြုနိုင်ပြီဖြစ်ပြီး စတိုးတွေထံမှာ စတင် မြင်တွေ့နေရပါပြီ။ အဆိုပါ အဝေးကွင်းဂျာစီရဲ့ old school ဒီဇိုင်းဟာ လူကြီး လူငယ် အားလုံး ဝတ်နိုင်ခြင်းကြောင့် လူကြိုက်များနေပါတယ်။

လူငယ်ခံစစ်မှူး ဗန်ဒန်ဘတ်ဟာ ရာသီသစ်အတွက် ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းနဲ့ ရာသီကြို ပြင်ဆင်ဖို့ သွားရောက် ပူးပေါင်းခဲ့ပါပြီ။

လီဗာပူးကွင်းလယ်လူ ရှာကွီရီဟာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရို ကွာတားပွဲစဉ်အတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပါမယ်။ သူ့ရဲ့ အသင်းဖော် လက်ရွေးစင်အသင်းခေါင်းဆောင် ရှာကာက တစ်ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဆဲလ်ဘတ်အသင်း ညာအစွန်လူ အမေရိကန် လူငယ်ကစားသမားလေး ဘရန်ဒန် အာရွန်ဆန်က သူဟာ လီဗာပူးပရိသတ် တစ်ဦးပါလို့ ဝန်ခံလိုက်ပါတယ်။

ZAWGYI

ယူရို ၂၀၂၀ ျပိဳင္ပြဲအတြင္း ၁၆ သင္းအဆင့္ထိ ျပီးဆံုးခ်ိန္မွာ ျပိဳင္ပြဲရဲ႕ အညံ့ဆံုး အသင္းကို WhoScored က ထုတ္ျပန္ေပးခဲ့တယ္။ အဆိုပါ အသင္းမွာေတာ့ ညာအစြန္ေနရာမွာ လီဗာပူး လူငယ္ခံစစ္မွဴး နီကိုး ဝီလီယမ္ ပါဝင္သြားခဲ့ပါတယ္။

လီဗာပူးအသင္းက စိတ္ဝင္စားမႈေတြ ျပသထားတဲ့ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ ဆီြဒင္အသင္းမွ အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္သမား Isak ဟာ ဆိုစီဒက္မွာ ၂၀၂၆ ခုႏွစ္ထိ ဆက္ရွိေနမယ့္ သက္တမ္းတိုး စာခ်ဳပ္သစ္ကို လက္မွတ္ထိုးခဲ့ပါျပီ။

ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘတ္ပီဟာ ျပင္သစ္ကလပ္နဲ႔ သက္တမ္းတိုးမွာ မဟုတ္ဘဲ ၂၀၂၂ ေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာပါမယ္။ လီဗာပူးက ျပင္သစ္သား တိုက္စစ္သမားနဲ႔ သတင္းေတြ ထြက္ေနေပမယ့္ ျမင့္မားတဲ့ လုပ္ခပိုင္းကို တတ္ႏုိင္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

လီဗာပူးရဲ႕ အျဖဴေရာင္နဲ႔ အစိမ္းေရာင္ ေကာ္လံပါ အေဝးကြင္းဂ်ာစီ ဒီဇိုင္းက အတည္ျပဳႏုိင္ျပီျဖစ္ျပီး စတိုးေတြထံမွာ စတင္ ျမင္ေတြ႔ေနရပါျပီ။ အဆိုပါ အေဝးကြင္းဂ်ာစီရဲ႕ old school ဒီဇိုင္းဟာ လူၾကီး လူငယ္ အားလံုး ဝတ္ႏုိင္ျခင္းေၾကာင့္ လူၾကိဳက္မ်ားေနပါတယ္။

လူငယ္ခံစစ္မွဴး ဗန္ဒန္ဘတ္ဟာ ရာသီသစ္အတြက္ ခ်န္ပီယံရွစ္ကလပ္ ပရီစတန္အသင္းနဲ႔ ရာသီၾကိဳ ျပင္ဆင္ဖို႔ သြားေရာက္ ပူးေပါင္းခဲ့ပါျပီ။

လီဗာပူးကြင္းလယ္လူ ရွာကီြရီဟာ စပိန္အသင္းနဲ႔ ယွဥ္ျပိဳင္မယ့္ ယူရို ကြာတားပြဲစဥ္အတြက္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူပါမယ္။ သူ႔ရဲ႕ အသင္းေဖာ္ လက္ေရြးစင္အသင္းေခါင္းေဆာင္ ရွာကာက တစ္ပြဲပယ္ေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။

ဆဲလ္ဘတ္အသင္း ညာအစြန္လူ အေမရိကန္ လူငယ္ကစားသမားေလး ဘရန္ဒန္ အာရြန္ဆန္က သူဟာ လီဗာပူးပရိသတ္ တစ္ဦးပါလို႔ ဝန္ခံလိုက္ပါတယ္။