ဆဲလ်ဘတ်အသင်းရဲ့ အမေရိကန် လူငယ်လေး ဘရန်ဒန် အာရွန်ဆန်က သူဟာ လီဗာပူးပရိသတ်ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံမှုအပေါ် လီဗာပူးပရိသတ်တွေ သဘောကျနေပါတယ်။

လက်ရှိ သြစတြီးယားကလပ် ဆဲလ်ဘတ်မှာ ကစားနေတဲ့ အသက် ၂၀ အရွယ် ညာအစွန်လူက ဂန္တဝင်ကြီး စတီဗင်ဂျရတ်ဟာ သူ့ရဲ့ဟီးရိုး ဖြစ်ကြောင်းနဲ့ လီဗာပူးအသင်းကို အားပေးသူဖြစ်ကြောင်း ဝန်ခံခဲ့တာပါ။ သူဟာ မနှစ်ကရာသီ ဆဲလ်ဘတ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲအတွင်း သွင်းဂိုး ၁၂ ဂိုးထိ ရယူခဲ့သူ ဖြစ်ပါတယ်။

ESPN YouTube channel နဲ့ အင်တာဗျူးမှာ အာရွန်ဆန်က သူ ကြီးပြင်းလာတဲ့ တစ်လျှောက်မှာ အကြိုက်ဆုံး ဘောလုံးသမားအဖြစ် ချစ်ခင်ခဲ့ရသူက စတီဗင်ဂျရတ်ပါလို့ ဆိုတယ်။ တစ်ဆက်တည်းမှာ သူဟာ လီဗာပူးကို အားပေးတဲ့ ပရိသတ်တစ်ဦးလို့လည်း ဝန်ခံခဲ့တာဖြစ်တယ်။

လက်ရှိ လီဗာပူးမှာက စတီဗင်ဂျရတ် မရှိတော့တာကြောင့် ဘယ်ကစားသမားကို အနှစ်သက်ဆုံးလည်း မေးခံရချိန်မှာတော့ လက်ရှိ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို သဘောကျတယ်လို့ ဆိုပါတယ်။ ထပ်ပြီးလည်း လီဗာပူးကနေ ထွက်ခွာသွားတဲ့ ဝိုက်နယ်ဒမ်ကလည်း သူ့အကြိုက် ကစားသမားဖြစ်ပြီး နယ်သာလန်သားရဲ့ ကစားအား၊ ဘောလုံးကိုင်ကစားနိုင်ပုံတွေကို စောင့်ကြည့်ဖြစ်တယ်လို့ ထပ်လောင်း ပြောဆိုပါတယ်။

အာရွန်ဆန်ရဲ့ အင်တာဗျူးကို မြင်အပြီးမှာ လီဗာပူးပရိသတ်တွေကတော့ အသက် ၂၀ အရွယ် ညာအစွန်လူကို သဘောတွေ့နေကြတယ်။ သူက အလားအလာရှိသူဖြစ်သလို ကလပ်ရဲ့ ရတ်ဘူးလ်အဖွဲ့နဲ့ ဆက်ဆံရေးကောင်းတွေကြောင့် အနာဂတ်မှာ အသင်းက ခေါ်ယူလို့ အဆင်ပြေမယ်လို့ မှတ်ချက်ပေးကြတယ်။

လီဗာပူးအသင်းဟာ အမေရိကန်မှာ ပရိုမိုးရှင်းဆင်းဖို့ အစီအစဉ်လည်း ရှိထားတာကြောင့် အမေရိကန် ကစားသမားတစ်ဦးကို ခေါ်ယူခြင်းက ကလပ်ရဲ့ ဈေးကွက်ချဲ့မှုပိုင်းမှာ အထောက်အကူ ဖြစ်စေမယ်လို့လည်း တုန့်ပြန်နေကြပါတယ်။

ZAWGYI

ဆဲလ္ဘတ္အသင္းရဲ႕ အေမရိကန္ လူငယ္ေလး ဘရန္ဒန္ အာရြန္ဆန္က သူဟာ လီဗာပူးပရိသတ္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ဝန္ခံမႈအေပၚ လီဗာပူးပရိသတ္ေတြ သေဘာက်ေနပါတယ္။

လက္ရွိ ၾသစၾတီးယားကလပ္ ဆဲလ္ဘတ္မွာ ကစားေနတဲ့ အသက္ ၂၀ အရြယ္ ညာအစြန္လူက ဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္ဟာ သူ႔ရဲ႕ဟီးရိုး ျဖစ္ေၾကာင္းနဲ႔ လီဗာပူးအသင္းကို အားေပးသူျဖစ္ေၾကာင္း ဝန္ခံခဲ့တာပါ။ သူဟာ မႏွစ္ကရာသီ ဆဲလ္ဘတ္အတြက္ ျပိဳင္ပြဲစံု ၂၅ ပြဲအတြင္း သြင္းဂိုး ၁၂ ဂိုးထိ ရယူခဲ့သူ ျဖစ္ပါတယ္။

ESPN YouTube channel နဲ႔ အင္တာဗ်ဴးမွာ အာရြန္ဆန္က သူ ၾကီးျပင္းလာတဲ့ တစ္ေလွ်ာက္မွာ အၾကိဳက္ဆံုး ေဘာလံုးသမားအျဖစ္ ခ်စ္ခင္ခဲ့ရသူက စတီဗင္ဂ်ရတ္ပါလို႔ ဆိုတယ္။ တစ္ဆက္တည္းမွာ သူဟာ လီဗာပူးကို အားေပးတဲ့ ပရိသတ္တစ္ဦးလို႔လည္း ဝန္ခံခဲ့တာျဖစ္တယ္။

လက္ရွိ လီဗာပူးမွာက စတီဗင္ဂ်ရတ္ မရွိေတာ့တာေၾကာင့္ ဘယ္ကစားသမားကို အႏွစ္သက္ဆံုးလည္း ေမးခံရခ်ိန္မွာေတာ့ လက္ရွိ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို သေဘာက်တယ္လို႔ ဆိုပါတယ္။ ထပ္ျပီးလည္း လီဗာပူးကေန ထြက္ခြာသြားတဲ့ ဝိုက္နယ္ဒမ္ကလည္း သူ႔အၾကိဳက္ ကစားသမားျဖစ္ျပီး နယ္သာလန္သားရဲ႕ ကစားအား၊ ေဘာလံုးကိုင္ကစားႏုိင္ပံုေတြကို ေစာင့္ၾကည့္ျဖစ္တယ္လို႔ ထပ္ေလာင္း ေျပာဆိုပါတယ္။

အာရြန္ဆန္ရဲ႕ အင္တာဗ်ဴးကို ျမင္အျပီးမွာ လီဗာပူးပရိသတ္ေတြကေတာ့ အသက္ ၂၀ အရြယ္ ညာအစြန္လူကို သေဘာေတြ႔ေနၾကတယ္။ သူက အလားအလာရွိသူျဖစ္သလို ကလပ္ရဲ႕ ရတ္ဘူးလ္အဖြဲ႔နဲ႔ ဆက္ဆံေရးေကာင္းေတြေၾကာင့္ အနာဂတ္မွာ အသင္းက ေခၚယူလို႔ အဆင္ေျပမယ္လို႔ မွတ္ခ်က္ေပးၾကတယ္။

လီဗာပူးအသင္းဟာ အေမရိကန္မွာ ပရိုမိုးရွင္းဆင္းဖို႔ အစီအစဥ္လည္း ရွိထားတာေၾကာင့္ အေမရိကန္ ကစားသမားတစ္ဦးကို ေခၚယူျခင္းက ကလပ္ရဲ႕ ေစ်းကြက္ခ်ဲ႔မႈပိုင္းမွာ အေထာက္အကူ ျဖစ္ေစမယ္လို႔လည္း တုန္႔ျပန္ေနၾကပါတယ္။