လီဗာပူးအသင်းဟာ ရာသီသစ်အတွက် ကစားသမား ရှင်းထုတ်မှု ၈ ခုလောက်ထိကို လုပ်နိုင်ဖို့ မျှော်လင့်ထားပေမယ့် ပြန်လည် ခေါ်ယူမှုက ၂ ခုပဲ ရှိသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်း လီဗာပူးသတင်းထောက် Neil Jones က ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီ၊ အိုရီဂီ၊ မီနာမီနို၊ နီကိုး၊ နက်ဖီးလစ်၊ အဝန်နီယီတို့က ထွက်ခွာဖို့ ရေပန်းအစားဆုံး ကစားသမားတွေဖြစ်တယ်။ လီဗာပူးဘက်က ကွင်းလယ်လူ တစ်ဦးနဲ့ တိုက်စစ်သမား တစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ ၎င်းက ဆိုပါတယ်။

မန်နေဂျာကလော့ပ်ဟာ လာမယ့်ရာသီအတွက် သူ့ရဲ့ လူစာရင်းမှာ အီးလီးယော့ကို တစ်နေရာစာ ထည့်သွင်းဖို့ ဆုံးဖြတ်ထားကြောင်း Neil Jones က အတည်ပြုထားတယ်။ တိုက်စစ်အားသန် ကစားသမားဟာ ညာခြမ်းတိုက်စစ်မှာ အဓိက ကစားပေမယ့် ကွင်းလယ် တိုက်စစ် အပါအဝင် တိုက်စစ် နေရာစုံ ကစားနိုင်ပြီး သူ့ကို ဘယ်နေရာမှာထား ကစားမယ်ဆိုတာကို ရာသီကြိုမှာ ကလော့ပ်က ကြည့်ရှုသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ပွဲထွက်သူဖြစ်တဲ့ အီးလီးယော့ဟာ ၂၀၁၉ မှာတော့ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တယ်။ အသင်းမှာ တစ်ရာသီ ရှိခဲ့ပြီးနောက် မနှစ်ကတော့ စီနီယာအဆင့် အတွေ့အကြုံရဖို့ ကလပ်က အငှားချခဲ့ကာ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

အငှားထွက်ကစားခြင်းက အီးလီးယော့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ကာ ချန်ပီယံရှစ်မှာ ပုံမှန်ပွဲကစားခွင့်ရသလို တိုက်ခိုက်လိုစိတ်ရှိတဲ့ တိုက်စစ်သမားအဖြစ်လည်း ထင်ရှားလာခဲ့တယ်။ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းအဖြစ် ဂိုးထောက်ပံံ့မှု လုပ်ပေးနိုင်စွမ်း သိပ်ကောင်းတာကိုလည်း မြင်တွေ့နေရပါတယ်။

လီဗာပူးကွင်းလယ်မှာ ဝိုက်နယ်ဒမ် ထွက်ခွာသွားပြီဖြစ်လို့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့က အဓိက ကွင်းလယ်အတွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ကာတစ်ဂျုံးက ကွင်းလယ်တစ်နေရာအတွက် ချိန်ဘာလိန်၊ ကိတ်တာတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အကယ်လို့ စီနီယာကြီးတွေလို မဟုတ်ဘဲ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ရင် ဂျုံးနဲ့ အီးလီးယော့က တိုက်စစ်ကို ပိုလိုက်ရတဲ့ ကွင်းလယ်လူနေရာအတွက် အဓိက ပြိုင်ဆိုင်ရတာလည်း ဖြစ်သွားနိုင်တယ်။

ရာသီသစ်နဲ့ ပတ်သက်ပြီး အီးလီးယော့ကတော့ “ ရာသီကြိုမှာ အသင်းအတွက် ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားပြီး ပူးပေါင်းမှာပါ။ ဘယ်လို အခွင့်အရေး ရလာပါစေ အဲ့တာကို အရယူသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုကိစ္စမှ မလွယ်ဘူးဆိုပေမယ့် လူစာရင်းထဲမှာ ရှိနေဖို့အတွက် ကျနော် ကြိုးစားလိုပါတယ်။

အရန်လူစာရင်းကနေ ထလာပြီး ကစားပေးရမယ်ဆိုရင် အဲ့အခွင့်အရေးကို ကျနော် အရယူလိုပါတယ်။ ပွဲအပေါ် လွှမ်းမိုးမှုရှိအောင် စတင်ကြိုးစားမှာဖြစ်ပြီး အဲ့တာက ကျနော်ရဲ့ နေရာပါ။ ကျနော်ရဲ့ ကစားရတဲ့ နေရာက ဂိုးသွင်းဖို့နဲ့ အခွင့်အရေး ဖန်တီးဖို့ပါ။

ကျနော် လုပ်နိုင်တာတွေကို အကောင်းဆုံး ကြိုးစားနိုင်မယ်ဆိုရင် ကစားဖို့ အခွင့်အရေး ရမယ်လို့ ထင်ပါတယ်။ ရလာတဲ့ အခွင့်အရေးတွေကို အရယူသွားမှာပါ ” လို့ ဆိုခဲ့တယ်။

ဂျူလိုင်လ ၁၂ ရက်နေ့မှာတော့ အီးလီးယော့ဟာ ကစားသမားသစ် ကိုနာတေးနဲ့အတူ ရာသီကြိုကို ပူးပေါင်းသွားမှာဖြစ်တယ်။ ချစ်ကြည်ရေးပွဲစဉ်တွေမှာ သူပါဝင်ခွင့်ရမှာဖြစ်ပြီး ဒဏ်ရာ ကင်းစင်စွာ ပူးပေါင်းနိုင်ရင် ရာသီသစ်မှာ စီနီယာအသင်းနဲ့အတူ အီးလီးယော့ ပါဝင်သွားနိုင်ဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ ကစားသမား ရွင္းထုတ္မႈ ၈ ခုေလာက္ထိကို လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ျပန္လည္ ေခၚယူမႈက ၂ ခုပဲ ရွိသြားမွာ ျဖစ္ပါတယ္။

ဒီအေၾကာင္း လီဗာပူးသတင္းေထာက္ Neil Jones က ထုတ္ေျပာခဲ့ျခင္းျဖစ္ျပီး ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ရွာကီြရီ၊ အိုရီဂီ၊ မီနာမီႏို၊ နီကိုး၊ နက္ဖီးလစ္၊ အဝန္နီယီတို႔က ထြက္ခြာဖို႔ ေရပန္းအစားဆံုး ကစားသမားေတြျဖစ္တယ္။ လီဗာပူးဘက္က ကြင္းလယ္လူ တစ္ဦးနဲ႔ တိုက္စစ္သမား တစ္ဦးကို ထပ္မံ ေခၚယူသြားဖို႔ စီစဥ္ထားတယ္လို႔ ၄င္းက ဆိုပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ လာမယ့္ရာသီအတြက္ သူ႔ရဲ႕ လူစာရင္းမွာ အီးလီးေယာ့ကို တစ္ေနရာစာ ထည့္သြင္းဖို႔ ဆံုးျဖတ္ထားေၾကာင္း Neil Jones က အတည္ျပဳထားတယ္။ တိုက္စစ္အားသန္ ကစားသမားဟာ ညာျခမ္းတိုက္စစ္မွာ အဓိက ကစားေပမယ့္ ကြင္းလယ္ တိုက္စစ္ အပါအဝင္ တိုက္စစ္ ေနရာစံု ကစားႏုိင္ျပီး သူ႔ကို ဘယ္ေနရာမွာထား ကစားမယ္ဆိုတာကို ရာသီၾကိဳမွာ ကေလာ့ပ္က ၾကည့္ရႈသြားမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အသက္အငယ္ဆံုး ပြဲထြက္သူျဖစ္တဲ့ အီးလီးေယာ့ဟာ ၂၀၁၉ မွာေတာ့ လီဗာပူးအသင္းကို ေျပာင္းေရႊ႔လာခဲ့တယ္။ အသင္းမွာ တစ္ရာသီ ရွိခဲ့ျပီးေနာက္ မႏွစ္ကေတာ့ စီနီယာအဆင့္ အေတြ႔အၾကံဳရဖို႔ ကလပ္က အငွားခ်ခဲ့ကာ ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းမွာ ကိုယ္တိုင္ ၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။

အငွားထြက္ကစားျခင္းက အီးလီးေယာ့အတြက္ မွန္ကန္တဲ့ ေရြးခ်ယ္မႈျဖစ္ခ့ဲကာ ခ်န္ပီယံရွစ္မွာ ပံုမွန္ပြဲကစားခြင့္ရသလို တိုက္ခိုက္လိုစိတ္ရွိတဲ့ တိုက္စစ္သမားအျဖစ္လည္း ထင္ရွားလာခဲ့တယ္။ သူ႔ရဲ႕ အေကာင္းဆံုး အရည္အခ်င္းအျဖစ္ ဂိုးေထာက္ပံံ့မႈ လုပ္ေပးႏုိင္စြမ္း သိပ္ေကာင္းတာကိုလည္း ျမင္ေတြ႔ေနရပါတယ္။

လီဗာပူးကြင္းလယ္မွာ ဝိုက္နယ္ဒမ္ ထြက္ခြာသြားျပီျဖစ္လို႔ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဟန္ဒါဆန္တို႔က အဓိက ကြင္းလယ္အတြဲ ျဖစ္လာဖို႔ ရွိေနပါတယ္။ ကာတစ္ဂ်ံဳးက ကြင္းလယ္တစ္ေနရာအတြက္ ခ်ိန္ဘာလိန္၊ ကိတ္တာတို႔နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အကယ္လို႔ စီနီယာၾကီးေတြလို မဟုတ္ဘဲ ၾကံ႕ခိုင္မႈကို ထိန္းသိမ္းႏုိင္ရင္ ဂ်ံဳးနဲ႔ အီးလီးေယာ့က တိုက္စစ္ကို ပိုလိုက္ရတဲ့ ကြင္းလယ္လူေနရာအတြက္ အဓိက ျပိဳင္ဆိုင္ရတာလည္း ျဖစ္သြားႏုိင္တယ္။

ရာသီသစ္နဲ႔ ပတ္သက္ျပီး အီးလီးေယာ့ကေတာ့ “ ရာသီၾကိဳမွာ အသင္းအတြက္ ဘာလုပ္ႏိုင္လဲဆိုတာကို စဥ္းစားျပီး ပူးေပါင္းမွာပါ။ ဘယ္လို အခြင့္အေရး ရလာပါေစ အဲ့တာကို အရယူသြားမွာ ျဖစ္ပါတယ္။ ဘယ္လိုကိစၥမွ မလြယ္ဘူးဆိုေပမယ့္ လူစာရင္းထဲမွာ ရွိေနဖို႔အတြက္ က်ေနာ္ ၾကိဳးစားလိုပါတယ္။

အရန္လူစာရင္းကေန ထလာျပီး ကစားေပးရမယ္ဆိုရင္ အဲ့အခြင့္အေရးကို က်ေနာ္ အရယူလိုပါတယ္။ ပြဲအေပၚ လႊမ္းမိုးမႈရွိေအာင္ စတင္ၾကိဳးစားမွာျဖစ္ျပီး အဲ့တာက က်ေနာ္ရဲ႕ ေနရာပါ။ က်ေနာ္ရဲ႕ ကစားရတဲ့ ေနရာက ဂိုးသြင္းဖို႔နဲ႔ အခြင့္အေရး ဖန္တီးဖို႔ပါ။

က်ေနာ္ လုပ္ႏိုင္တာေတြကို အေကာင္းဆံုး ၾကိဳးစားႏုိင္မယ္ဆိုရင္ ကစားဖို႔ အခြင့္အေရး ရမယ္လို႔ ထင္ပါတယ္။ ရလာတဲ့ အခြင့္အေရးေတြကို အရယူသြားမွာပါ ” လို႔ ဆိုခဲ့တယ္။

ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာေတာ့ အီးလီးေယာ့ဟာ ကစားသမားသစ္ ကိုနာေတးနဲ႔အတူ ရာသီၾကိဳကို ပူးေပါင္းသြားမွာျဖစ္တယ္။ ခ်စ္ၾကည္ေရးပြဲစဥ္ေတြမွာ သူပါဝင္ခြင့္ရမွာျဖစ္ျပီး ဒဏ္ရာ ကင္းစင္စြာ ပူးေပါင္းႏိုင္ရင္ ရာသီသစ္မွာ စီနီယာအသင္းနဲ႔အတူ အီးလီးေယာ့ ပါဝင္သြားႏုိင္ဖို႔ ရွိေနပါတယ္။