လီဗာပူးအသင်းဟာ လူငယ်တိုက်စစ်သမား အဝန်နီယီအတွက် ဘယ်ဂျီယံ ပရိုလိဂ်ကလပ် အန်းဒါးလက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီဖြစ်ပါတယ်။

ဘယ်ဂျီယံကလပ် KAA Gent နဲ့ Royal Mouscron အသင်းတွေထံ အငှားထွက်ကစားခဲ့ဖူးတဲ့ အဝန်နီယီဟာ လာမယ့်ရာသီကစလို့ ဗြိတိန်မှာ အလုပ်လုပ်ခွင့်ပါမစ် ရရှိသွားပြီဖြစ်တယ်။ ဒါကြောင့် လီဗာပူးဘက်က ကစားသမားရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရမှာ ပိုမို လုပ်နိုင်ကိုင်နိုင် ရှိသွားခဲ့ပါပြီ။

အန်းဒါးလက်ဘက်က အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယား တိုက်စစ်သမားအတွက် ပေါင် ၄.၃ သန်းဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့တယ်။ လီဗာပူးကတော့ အဝန်နီယီအတွက် ပေါင် ၈ သန်းထိ ဈေးသတ်မှတ်ထားတာကြောင့် ဘယ်ဂျီယံကလပ်ရဲ့ ကမ်းလှမ်းမှုကို သဘောမကျဘဲ ငြင်းဆန်ခဲ့ခြင်း ဖြစ်ပါတယ်။

အဝန်နီယီကို ခေါ်ယူဖို့ ယူနီယံ ဘာလင်၊ ဝုဒ်ဘတ်၊ စတုဂတ်၊ ဖူလ်ဟမ်၊ စတုတ်နဲ့ ဝက်စ်ဘရွန်းအသင်းတို့က စိတ်ဝင်စားနေတာကြောင့် ကလပ်ရဲ့ ခေါ်ဈေး ပေါင် ၈ သန်းထိ ရနိုင်မယ်လို့ အသင်းဘက်က ယုံကြည်ထားတယ်။ လက်တလောမှာတော့ သူ့ကို ရာသီကြို အစီအစဉ်မှာ လိုက်ပါခွင့်ပြုမှာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားမှာ အားလပ်ရက် ကုန်ဆုံးခဲ့တဲ့ တိုက်စစ်သမားဟာ ဒီကနေ့မှာ ဗြိတိန်ကို လာရောက်မှာဖြစ်ကာ ကွာရန်တင်း ၁၀ ရက် နေထိုင်မှာဖြစ်တယ်။ ဂျူလိုင်လ ၁၂ ရက်မှာတော့ ခါဘီမှာ လီဗာပူးအသင်းနဲ့အတူ ပူးပေါင်းမှာဖြစ်ပါတယ်။

အဝန်နီယီဟာ ကိုနတေး၊ အီးလီးယော့၊ ကာတစ်ဂျုံးတို့နဲ့အတူ ရာသီကြို အစောပိုင်း ကာလတွေကို ပါဝင်သွားမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကိစ္စကိုတော့ ကမ်းလှမ်းမှုတွေအပေါ် မူတည်ပြီး လီဗာပူးဘက်က စဉ်းစားသွားဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လူငယ္တိုက္စစ္သမား အဝန္နီယီအတြက္ ဘယ္ဂ်ီယံ ပရိုလိဂ္ကလပ္ အန္းဒါးလက္ရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ျပီျဖစ္ပါတယ္။

ဘယ္ဂ်ီယံကလပ္ KAA Gent နဲ႔ Royal Mouscron အသင္းေတြထံ အငွားထြက္ကစားခဲ့ဖူးတဲ့ အဝန္နီယီဟာ လာမယ့္ရာသီကစလို႔ ျဗိတိန္မွာ အလုပ္လုပ္ခြင့္ပါမစ္ ရရွိသြားျပီျဖစ္တယ္။ ဒါေၾကာင့္ လီဗာပူးဘက္က ကစားသမားရဲ႕ အနာဂတ္အတြက္ ဆံုးျဖတ္ရမွာ ပိုမို လုပ္ႏုိင္ကိုင္ႏိုင္ ရွိသြားခဲ့ပါျပီ။

အန္းဒါးလက္ဘက္က အသက္ ၂၃ ႏွစ္အရြယ္ ႏုိင္ဂ်ီးရီးယား တိုက္စစ္သမားအတြက္ ေပါင္ ၄.၃ သန္းျဖင့္ ကမ္းလွမ္းမႈ လုပ္ခဲ့တယ္။ လီဗာပူးကေတာ့ အဝန္နီယီအတြက္ ေပါင္ ၈ သန္းထိ ေစ်းသတ္မွတ္ထားတာေၾကာင့္ ဘယ္ဂ်ီယံကလပ္ရဲ႕ ကမ္းလွမ္းမႈကို သေဘာမက်ဘဲ ျငင္းဆန္ခဲ့ျခင္း ျဖစ္ပါတယ္။

အဝန္နီယီကို ေခၚယူဖို႔ ယူနီယံ ဘာလင္၊ ဝုဒ္ဘတ္၊ စတုဂတ္၊ ဖူလ္ဟမ္၊ စတုတ္နဲ႔ ဝက္စ္ဘရြန္းအသင္းတို႔က စိတ္ဝင္စားေနတာေၾကာင့္ ကလပ္ရဲ႕ ေခၚေစ်း ေပါင္ ၈ သန္းထိ ရႏုိင္မယ္လို႔ အသင္းဘက္က ယံုၾကည္ထားတယ္။ လက္တေလာမွာေတာ့ သူ႔ကို ရာသီၾကိဳ အစီအစဥ္မွာ လိုက္ပါခြင့္ျပဳမွာ ျဖစ္ပါတယ္။

ႏုိင္ဂ်ီးရီးယားမွာ အားလပ္ရက္ ကုန္ဆံုးခဲ့တဲ့ တိုက္စစ္သမားဟာ ဒီကေန႔မွာ ျဗိတိန္ကို လာေရာက္မွာျဖစ္ကာ ကြာရန္တင္း ၁၀ ရက္ ေနထိုင္မွာျဖစ္တယ္။ ဂ်ဴလိုင္လ ၁၂ ရက္မွာေတာ့ ခါဘီမွာ လီဗာပူးအသင္းနဲ႔အတူ ပူးေပါင္းမွာျဖစ္ပါတယ္။

အဝန္နီယီဟာ ကိုနေတး၊ အီးလီးေယာ့၊ ကာတစ္ဂ်ံဳးတို႔နဲ႔အတူ ရာသီၾကိဳ အေစာပိုင္း ကာလေတြကို ပါဝင္သြားမွာျဖစ္ျပီး သူ႔ရဲ႕ အနာဂတ္ကိစၥကိုေတာ့ ကမ္းလွမ္းမႈေတြအေပၚ မူတည္ျပီး လီဗာပူးဘက္က စဥ္းစားသြားဖို႔ ရွိေနပါတယ္။