ပြင်သစ်ကလပ် ရီးနက်စ်အသင်းမှ တိုက်စစ်သမား ဒိုကူရဲ့ ဘယ်ဂျီယံအသင်းက ကွာတားဖိုင်နယ်မှာ အီတလီကို အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရပြီဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲအတွင်း ဒိုကူရဲ့ ခြေစွမ်းတွေကို မြင်ရတော့မှာ မဟုတ်ပေမယ့် သူဟာ အနာဂတ်မှာ လီဗာပူးကို ပြောင်းလာနိုင်ချေရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ လီဗာပူးအသင်းဟာ ကစားသမား ၁၅ နှစ်အရွယ်တည်းက အသင်းထံ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး သီးသန့် ပြောဆိုမှုတွေပါ ရှိခဲ့ပါတယ်။

ဒိုကူဟာ ယာဂင်ကလောပ်၊ မာနေး၊ ဝိုက်နယ်ဒမ်၊ စတီဗင်ဂျရတ်တို့ဖြင့် ဆွေးနွေးခွင့်ပါ ရခဲ့ပြီး တစ်ရက်မှာ ပိုကောင်းလာမယ့်သူ့ကို လီဗာပူးက ပြန်ခေါ်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုးတက်မှုရှာဖို့ ဘယ်ဂျီယံကနေ ပြင်သစ်ကိုပဲ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲ မစခင်တုန်းက ဒိုကူက ” ကျနော် အသက် ၁၆ နှစ်မှာ ပထမဆုံး ပရိုစာချုပ် ချုပ်လို့ရတဲ့အချိန် ကလပ်တွေ အများကြီးက ကျနော်ကို ချိတ်ဆက်ကြတယ်။ လူတိုင်းက လီဗာပူးသွားဖို့ ပြောကြတယ် ဘာလို့လည်းဆိုတော့ ကျနေ်ာကို စိတ်ဝင်စားမှု အရှိဆုံးက လီဗာပူးအသင်းလေ။ အာဆင်နယ်နဲ့ ချယ်ဆီးကလည်း ကျနော်ကို စိတ်ဝင်စားခဲ့တယ်။

ကျနော် ယာဂင်၊ မာနေး၊ ဝိုက်နယ်ဒမ်တို့အပြင် စတီဗင်နဲ့ပါ ဆွေးနွေးခဲ့ပါတယ်။ မာနေးနဲ့ စကားတွေ အများကြီး ပြောခဲ့ပြီး ဘောလုံးထက် အခြားအကြောင်းတွေ အများကြီး ပါခဲ့ပါတယ်။

မာနေးက ကျနော်က ငယ်သေးတယ်လို့ ပြောခဲ့တယ်။ ကျနော်မှာ အချိန်တွေ ရှိသေးတယ်လို့ သတိပေးခဲ့ပြီး ‘လီဗာပူးကို ပြောင်းလာ ဒီမှာဆို မင်းအောင်မြင်မယ်’ ဆိုပြီး အတင်း ဆွဲဆောင်တာမျိုး မလုပ်ခဲ့ပါဘူး။

ကျနော်လည်း ဂရုစိုက် ရွေးချယ်ခဲ့တာပေါ့။ ပြီးမှ အန်းဒါးလက်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို နောင်တရလားဆိုရင် မရပါဘူး။ ဘယ်တော့မှ မရဘူး။ ဘာလို့လည်းဆိုတော့ လီဗာပူးက ကျနော် ၁၅ နှစ်သားမှာတင် လာရောက် ချိတ်ဆက်တာလေ။ အကယ်လို့ သူတို့ ကျနော်ကို သဘောကျတယ်ဆိုရင် ထပ်ပြီး လာချိတ်ဆက်ဦးမှာပါ။ ကျနော် ကောင်းကောင်းကစားနေဖို့ပဲ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

တိုက်စစ်သမားသစ် ရှာနေတဲ့ လီဗာပူးဟာ နွေဈေးကွက်မှာ ပြင်သစ်ကလပ် ရီးနက်စ်အသင်းသား ဒိုကူကို ကမ်းလှမ်းမှု ပြန်လုပ်မလား မသိနိုင်ပါဘူး။ ဒါပေမယ့် အသင်းဟာ ကစားသမားလေးရဲ့ တိုးတက်မှုကို ဒီဘက်နှစ်တွေမှာ တောက်လျှောက် စောင့်ကြည့်ထားတယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ျပင္သစ္ကလပ္ ရီးနက္စ္အသင္းမွ တိုက္စစ္သမား ဒိုကူရဲ႕ ဘယ္ဂ်ီယံအသင္းက ကြာတားဖိုင္နယ္မွာ အီတလီကို အေရးနိမ့္ခဲ့တာေၾကာင့္ ျပိဳင္ပြဲကေန ထြက္ခြာရျပီျဖစ္ပါတယ္။

ယူရိုျပိဳင္ပြဲအတြင္း ဒိုကူရဲ႕ ေျခစြမ္းေတြကို ျမင္ရေတာ့မွာ မဟုတ္ေပမယ့္ သူဟာ အနာဂတ္မွာ လီဗာပူးကို ေျပာင္းလာႏုိင္ေခ်ရွိတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္တယ္။ လီဗာပူးအသင္းဟာ ကစားသမား ၁၅ ႏွစ္အရြယ္တည္းက အသင္းထံ ေခၚယူဖို႔ ၾကိဳးစားခဲ့ျပီး သီးသန္႔ ေျပာဆိုမႈေတြပါ ရွိခဲ့ပါတယ္။

ဒိုကူဟာ ယာဂင္ကေလာပ္၊ မာေနး၊ ဝိုက္နယ္ဒမ္၊ စတီဗင္ဂ်ရတ္တို႔ျဖင့္ ေဆြးေႏြးခြင့္ပါ ရခဲ့ျပီး တစ္ရက္မွာ ပိုေကာင္းလာမယ့္သူ႔ကို လီဗာပူးက ျပန္ေခၚလိမ့္မယ္ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ တိုးတက္မႈရွာဖို႔ ဘယ္ဂ်ီယံကေန ျပင္သစ္ကိုပဲ ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။

ယူရိုျပိဳင္ပြဲ မစခင္တုန္းက ဒိုကူက ” က်ေနာ္ အသက္ ၁၆ ႏွစ္မွာ ပထမဆံုး ပရိုစာခ်ဳပ္ ခ်ဳပ္လို႔ရတဲ့အခ်ိန္ ကလပ္ေတြ အမ်ားၾကီးက က်ေနာ္ကို ခ်ိတ္ဆက္ၾကတယ္။ လူတိုင္းက လီဗာပူးသြားဖို႔ ေျပာၾကတယ္ ဘာလို႔လည္းဆိုေတာ့ က်ေန္ာကို စိတ္ဝင္စားမႈ အရွိဆံုးက လီဗာပူးအသင္းေလ။ အာဆင္နယ္နဲ႔ ခ်ယ္ဆီးကလည္း က်ေနာ္ကို စိတ္ဝင္စားခဲ့တယ္။

က်ေနာ္ ယာဂင္၊ မာေနး၊ ဝိုက္နယ္ဒမ္တို႔အျပင္ စတီဗင္နဲ႔ပါ ေဆြးေႏြးခဲ့ပါတယ္။ မာေနးနဲ႔ စကားေတြ အမ်ားၾကီး ေျပာခဲ့ျပီး ေဘာလံုးထက္ အျခားအေၾကာင္းေတြ အမ်ားၾကီး ပါခဲ့ပါတယ္။

မာေနးက က်ေနာ္က ငယ္ေသးတယ္လို႔ ေျပာခဲ့တယ္။ က်ေနာ္မွာ အခ်ိန္ေတြ ရွိေသးတယ္လို႔ သတိေပးခဲ့ျပီး ‘လီဗာပူးကို ေျပာင္းလာ ဒီမွာဆို မင္းေအာင္ျမင္မယ္’ ဆိုျပီး အတင္း ဆြဲေဆာင္တာမ်ိဳး မလုပ္ခဲ့ပါဘူး။

က်ေနာ္လည္း ဂရုစိုက္ ေရြးခ်ယ္ခဲ့တာေပါ့။ ျပီးမွ အန္းဒါးလက္မွာ ဆက္ေနဖို႔ ဆံုးျဖတ္လိုက္တယ္။ ဒီဆံုးျဖတ္ခ်က္ကို ေနာင္တရလားဆိုရင္ မရပါဘူး။ ဘယ္ေတာ့မွ မရဘူး။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးက က်ေနာ္ ၁၅ ႏွစ္သားမွာတင္ လာေရာက္ ခ်ိတ္ဆက္တာေလ။ အကယ္လို႔ သူတို႔ က်ေနာ္ကို သေဘာက်တယ္ဆိုရင္ ထပ္ျပီး လာခ်ိတ္ဆက္ဦးမွာပါ။ က်ေနာ္ ေကာင္းေကာင္းကစားေနဖို႔ပဲ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တိုက္စစ္သမားသစ္ ရွာေနတဲ့ လီဗာပူးဟာ ေႏြေစ်းကြက္မွာ ျပင္သစ္ကလပ္ ရီးနက္စ္အသင္းသား ဒိုကူကို ကမ္းလွမ္းမႈ ျပန္လုပ္မလား မသိႏုိင္ပါဘူး။ ဒါေပမယ့္ အသင္းဟာ ကစားသမားေလးရဲ႕ တိုးတက္မႈကို ဒီဘက္ႏွစ္ေတြမွာ ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ထားတယ္လို႔ သိထားရတာ ျဖစ္ပါတယ္။