မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ဒဏ်ရာပြဿနာ ရိုက်ခတ်မှုကြီးတွေနဲ့အတူ အတော်လေး ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်ဖို့ လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့်လို့ ရာသီသစ်မှာ ဗန်ဒိုက်၊ သီယာဂို၊ ဖာဘင်ညိုတို့နဲ့တကွ အဓိက တိုက်စစ်သမားတွေ ဒဏ်ရာကင်းစင်နေမယ်ဆိုရင် လီဗာပူးရဲ့ စိန်ခေါ်နိုင်စွမ်းက ထိပ်တန်းမှာ ရှိနေဆဲဖြစ်တယ်။ ယူရိုပြိုင်ပွဲ မပြီးဆုံးသေးပေမယ့် ခံစစ်မှူး ဗန်ဒိုက်က သူ့ရဲ့ ရာသီကြို လေ့ကျင့်ရေး ပူးပေါင်းမှု မစတင်ခင် တစ်ဦးတည်း လေ့ကျင့်နေမှု ဗီဒီယိုကို ထုတ်ပြခဲ့ပါတယ်။

ရာသီကြို မစတင်ခင် ရာနှုန်းပြည့် ကြံ့ခိုင်မှုအတွက် တောက်လျှောက် လေ့ကျင့်ရေးဆင်းနေတဲ့ ဗန်ဒိုက်နဲ့အတူ လီဗာပူူး လူငယ်ဂိုးသမားလေး ပီတာလူးဂါလည်း ရှိနေတာဖြစ်တယ်။ သူတို့နဲ့အတူ သီးသန့် ထရိန်နာတွေလည်း ပါဝင်သေးတာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ သူ့ရဲ့ဒဏ်ရာ တိုးတက်မှု အခြေအနေကို ပုံမှန် ဖော်ပြလေ့ရှိပေမယ့် ဒီတစ်ကြိမ်ကတော့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သဘောမျိုးကို ထုတ်ပြလာခြင်းဖြစ်တယ်။ အောက်တိုဘာလတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဗန်ဒိုက်ဟာ သူ့ကစားသမားဘဝ နောက်ထပ် ဒဏ်ရာတွေ မရတော့ဖို့အတွက် ရည်ရွယ်ပြီး ယူရိုပြိုင်ပွဲကနေလည်း နုတ်ထွက်ထားခဲ့ပါတယ်။

ပုံမှန် ပြေးနိုင်စွမ်း၊ ဘောလုံးပေးနိုင်စွမ်း၊ ကျော်ဖြတ် ကန်သွင်းနိုင်စွမ်းတွေပါတဲ့ ဗီဒီယိုနဲ့အတူ ဗန်ဒိုက်က ” ရာသီသစ်အကြောင်း စပြီးစဉ်းစားနေမိပါပြီ။ ပရိသတ်တွေနဲ့အတူ ကိုယ်တိုင် ပြန်ပြီး ဘောလုံးကစားနိုင်ဖို့ပေါ့။ ကလပ်ကော လက်ရွေးစင်နဲ့ပါ အောင်မြင်မှု ယူနိုင်ဖို့ မျှော်လင့်ထားတယ်။ ဒါက စိတ်လှုပ်ရှားစရာပါပဲ ” ဆိုပြီးလည်း ထည့်သွင်း ပြောဆိုသွားတာပါ။

ဗန်ဒိုက်ဟာ အသက် ၃၀ အရွယ်ကို ရောက်လာပြီဖြစ်လို့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်စွမ်းက အရေးပါလာခဲ့ပြီဖြစ်တယ်။ ကစားသမားဘဝ အကောင်းဆုံး အသက်အရွယ်ကို ရောက်လာချိန်မှာ ကြံ့ခိုင်မှုကောင်းကောင်းဖြင့် ဆက်ကစားနိုင်ဖို့ လက်ရွေးစင်ကနေပါ နုတ်ထွက်ထားတဲ့ ဗန်ဒိုက်ရဲ့ ပြင်ဆင်မှုကြောင့် ရာသီသစ်မှာ ပြိုင်ဘက်တွေ ဂရုစိုက်ထားကြတော့လို့ ပရိသတ်တွေဘက်က မှတ်ချက်ပေးနေခဲ့ကြပါတယ်။

ZAWGYI

မႏွစ္ကရာသီမွာ လီဗာပူးအသင္းဟာ ဒဏ္ရာျပႆနာ ရိုက္ခတ္မႈၾကီးေတြနဲ႔အတူ အေတာ္ေလး ရုန္းကန္ခဲ့ရျပီး ပရီးမီးယားလိဂ္ခ်န္ပီယံကို ကာကြယ္ဖို႔ လြဲေခ်ာ္ခဲ့ပါတယ္။

ဒါေပမယ့္လို႔ ရာသီသစ္မွာ ဗန္ဒိုက္၊ သီယာဂို၊ ဖာဘင္ညိဳတို႔နဲ႔တကြ အဓိက တိုက္စစ္သမားေတြ ဒဏ္ရာကင္းစင္ေနမယ္ဆိုရင္ လီဗာပူးရဲ႕ စိန္ေခၚႏုိင္စြမ္းက ထိပ္တန္းမွာ ရွိေနဆဲျဖစ္တယ္။ ယူရိုျပိဳင္ပြဲ မျပီးဆံုးေသးေပမယ့္ ခံစစ္မွဴး ဗန္ဒိုက္က သူ႔ရဲ႕ ရာသီၾကိဳ ေလ့က်င့္ေရး ပူးေပါင္းမႈ မစတင္ခင္ တစ္ဦးတည္း ေလ့က်င့္ေနမႈ ဗီဒီယိုကို ထုတ္ျပခဲ့ပါတယ္။

ရာသီၾကိဳ မစတင္ခင္ ရာႏႈန္းျပည့္ ၾကံ႕ခိုင္မႈအတြက္ ေတာက္ေလွ်ာက္ ေလ့က်င့္ေရးဆင္းေနတဲ့ ဗန္ဒိုက္နဲ႔အတူ လီဗာပူူး လူငယ္ဂိုးသမားေလး ပီတာလူးဂါလည္း ရွိေနတာျဖစ္တယ္။ သူတို႔နဲ႔အတူ သီးသန္႔ ထရိန္နာေတြလည္း ပါဝင္ေသးတာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ သူ႔ရဲ႕ဒဏ္ရာ တိုးတက္မႈ အေျခအေနကို ပံုမွန္ ေဖာ္ျပေလ့ရွိေပမယ့္ ဒီတစ္ၾကိမ္ကေတာ့ ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနျပီဆိုတဲ့ သေဘာမ်ိဳးကို ထုတ္ျပလာျခင္းျဖစ္တယ္။ ေအာက္တိုဘာလတည္းက ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဗန္ဒိုက္ဟာ သူ႔ကစားသမားဘဝ ေနာက္ထပ္ ဒဏ္ရာေတြ မရေတာ့ဖို႔အတြက္ ရည္ရြယ္ျပီး ယူရိုျပိဳင္ပြဲကေနလည္း ႏုတ္ထြက္ထားခဲ့ပါတယ္။

ပံုမွန္ ေျပးႏုိင္စြမ္း၊ ေဘာလံုးေပးႏုိင္စြမ္း၊ ေက်ာ္ျဖတ္ ကန္သြင္းႏုိင္စြမ္းေတြပါတဲ့ ဗီဒီယိုနဲ႔အတူ ဗန္ဒိုက္က ” ရာသီသစ္အေၾကာင္း စျပီးစဥ္းစားေနမိပါျပီ။ ပရိသတ္ေတြနဲ႔အတူ ကိုယ္တိုင္ ျပန္ျပီး ေဘာလံုးကစားႏုိင္ဖို႔ေပါ့။ ကလပ္ေကာ လက္ေရြးစင္နဲ႔ပါ ေအာင္ျမင္မႈ ယူႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္။ ဒါက စိတ္လႈပ္ရွားစရာပါပဲ ” ဆိုျပီးလည္း ထည့္သြင္း ေျပာဆိုသြားတာပါ။

ဗန္ဒိုက္ဟာ အသက္ ၃၀ အရြယ္ကို ေရာက္လာျပီျဖစ္လို႔ သူ႔ဒဏ္ရာနဲ႔ ပတ္သက္ျပီး ကိုင္တြယ္ႏုိင္စြမ္းက အေရးပါလာခဲ့ျပီျဖစ္တယ္။ ကစားသမားဘဝ အေကာင္းဆံုး အသက္အရြယ္ကို ေရာက္လာခ်ိန္မွာ ၾကံ႕ခိုင္မႈေကာင္းေကာင္းျဖင့္ ဆက္ကစားႏုိင္ဖို႔ လက္ေရြးစင္ကေနပါ ႏုတ္ထြက္ထားတဲ့ ဗန္ဒိုက္ရဲ႕ ျပင္ဆင္မႈေၾကာင့္ ရာသီသစ္မွာ ျပိဳင္ဘက္ေတြ ဂရုစိုက္ထားၾကေတာ့လို႔ ပရိသတ္ေတြဘက္က မွတ္ခ်က္ေပးေနခဲ့ၾကပါတယ္။