ဘရာဇီးတိုက်စစ်သမား နေမာက ဘောလုံးလောကမှာ သူ့ထက်ပိုပြီး နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ ကစားသမားတွေ ရှိပါတယ်လို့ ဖွင့်ဟသွားပါတယ်။

ဘရာဇီးအကျော်အမော် နေမာဟာ ငယ်စဉ်တည်းက သူ့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးသူဖြစ်တယ်။ အခုလို သူကိုယ်တိုင်က အသိအမှတ်ပြုရတဲ့ ကစားသမားတွေ ရှိတာက ဒီကစားသမားတွေရဲ့ နည်းစနစ် ထူးချွန်မှုက မေးခွန်းထုတ်စရာ မလိုတဲ့ အနေအထား ဖြစ်ပါတယ်။

ကမ္ဘာဘောလုံးလောကရဲ့ နည်းစနစ်အကောင်းဆုံး ကစားသမားတွေအကြောင်း ဖြေဆိုရာမှာ နေမာက ” ကမ္ဘာပေါ်မှာ နည်းစနစ်အကောင်းဆုံး ကစားသမား ၅ ဦးလား? ကျနော် မပါဘဲ အကောင်းဆုံး ကစားသမားတွေက မက်ဆီ၊ ဟာဇက်၊ ဒီဘရိုင်း၊ ဗာရတ်တီနဲ့ သီယာဂိုတို့ပါပဲ ” လို့ ဖြေဆိုပါတယ်။

နေမာဟာ မက်ဆီနဲ့ ဘာစီလိုနာမှာ တွဲဘက်ကစားခဲ့ပြီး ဗာရတ်တီနဲ့တော့ ပီအက်စ်ဂျီမှာ တွဲကစားနေတာဖြစ်တယ်။ ဘရာဇီးတိုက်စစ်သမား ဟာဇက်၊ ဒီဘရိုင်းနဲ့ သီယာဂိုတို့နဲ့အတူ တွဲကစားခဲ့ဖူးခြင်း မရှိပေမယ့် ဒီကစားသမားတွေက သူ့ထက်ပိုပြီး နည်းစနစ်ကောင်းကြောင်း ဝန်ခံပါတယ်။

“ ကျနော်ထက်ပိုပြီး သူတို့က နည်းစနစ်ပိုင်း ကောင်းမွန်ပါတယ် ” လို့ နေမာက ဆိုခဲ့တာဖြစ်ပါတယ်။ နေမာကိုယ်တိုင် ချီးကျူးရတဲ့ သီယာဂိုဟာ စပိန်ရဲ့ အဓိက ကွင်းလယ်ကစားသမား ဖြစ်ခဲ့ပေမယ့် လက်ရှိ ယှဉ်ပြိုင်နေတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် စပိန်အသင်းမှာ အရန်ခုံမှာပဲ ထိုင်နေရပါတယ်။

ဒီနွေမှာ ယူရိုပြိုင်ပွဲနဲ့အပြိုင် ကိုပါအမေရိကဖလားကို ယှဉ်ပြိုင်နေတာဖြစ်ပြီး နေမာရဲ့ ဘရာဇီးဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဘရာဇီးတိုက္စစ္သမား ေနမာက ေဘာလံုးေလာကမွာ သူ႔ထက္ပိုျပီး နည္းစနစ္ပိုင္း ေကာင္းမြန္တဲ့ ကစားသမားေတြ ရွိပါတယ္လို႔ ဖြင့္ဟသြားပါတယ္။

ဘရာဇီးအေက်ာ္အေမာ္ ေနမာဟာ ငယ္စဥ္တည္းက သူ႔ရဲ႕ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ေတြေၾကာင့္ နာမည္ၾကီးသူျဖစ္တယ္။ အခုလို သူကိုယ္တိုင္က အသိအမွတ္ျပဳရတဲ့ ကစားသမားေတြ ရွိတာက ဒီကစားသမားေတြရဲ႕ နည္းစနစ္ ထူးခၽြန္မႈက ေမးခြန္းထုတ္စရာ မလိုတဲ့ အေနအထား ျဖစ္ပါတယ္။

ကမၻာေဘာလံုးေလာကရဲ႕ နည္းစနစ္အေကာင္းဆံုး ကစားသမားေတြအေၾကာင္း ေျဖဆိုရာမွာ ေနမာက ” ကမၻာေပၚမွာ နည္းစနစ္အေကာင္းဆံုး ကစားသမား ၅ ဦးလား? က်ေနာ္ မပါဘဲ အေကာင္းဆံုး ကစားသမားေတြက မက္ဆီ၊ ဟာဇက္၊ ဒီဘရိုင္း၊ ဗာရတ္တီနဲ႔ သီယာဂိုတို႔ပါပဲ ” လို႔ ေျဖဆိုပါတယ္။

ေနမာဟာ မက္ဆီနဲ႔ ဘာစီလိုနာမွာ တြဲဘက္ကစားခဲ့ျပီး ဗာရတ္တီနဲ႔ေတာ့ ပီအက္စ္ဂ်ီမွာ တြဲကစားေနတာျဖစ္တယ္။ ဘရာဇီးတိုက္စစ္သမား ဟာဇက္၊ ဒီဘရိုင္းနဲ႔ သီယာဂိုတို႔နဲ႔အတူ တြဲကစားခဲ့ဖူးျခင္း မရွိေပမယ့္ ဒီကစားသမားေတြက သူ႔ထက္ပိုျပီး နည္းစနစ္ေကာင္းေၾကာင္း ဝန္ခံပါတယ္။

“ က်ေနာ္ထက္ပိုျပီး သူတို႔က နည္းစနစ္ပိုင္း ေကာင္းမြန္ပါတယ္ ” လို႔ ေနမာက ဆိုခဲ့တာျဖစ္ပါတယ္။ ေနမာကိုယ္တုိင္ ခ်ီးက်ဴးရတဲ့ သီယာဂိုဟာ စပိန္ရဲ႕ အဓိက ကြင္းလယ္ကစားသမား ျဖစ္ခဲ့ေပမယ့္ လက္ရွိ ယွဥ္ျပိဳင္ေနတဲ့ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္ စပိန္အသင္းမွာ အရန္ခံုမွာပဲ ထိုင္ေနရပါတယ္။

ဒီေႏြမွာ ယူရိုျပိဳင္ပြဲနဲ႔အျပိဳင္ ကိုပါအေမရိကဖလားကို ယွဥ္ျပိဳင္ေနတာျဖစ္ျပီး ေနမာရဲ႕ ဘရာဇီးဟာ ဆီမီးဖုိင္နယ္အဆင့္ကို တက္ေရာက္ခဲ့ျပီျဖစ္ပါတယ္။