ရာသီသစ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် လိုက်ဇစ် ခံစစ်မှူး ကိုနတေးကို ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ကြယ်ပွင့်တွေအတွက် စိတ်ရှည်ရှည် စောင့်ကြည့်နေပြီး ယူရိုပြိုင်ပွဲ အပြီးမှာ တရားဝင် ကမ်းလှမ်းမှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ကိုနတေးအတွက် ပေါင် ၃၅ သန်း အကုန်အကျခံ ခေါ်ယူထားခဲ့ခြင်းက ဗန်ဒိုက်ရဲ့ ညာခြမ်း ပါတနာနေရာမှာ ဂိုးမက်စ်၊ မာတစ်နဲ့အပြိုင် စိန်ခေါ်စေဖို့ ဖြစ်လာလိမ့်မယ်။ အခြားသော ခေါ်ယူမှုတွေကတေ့ာ ခပ်မြန်မြန် ဖြစ်လာမှာ မဟုတ်ဘဲ ကစားသမား ရောင်းထုတ်မှုအပေါ်ကို အဓိက မှီတည်းနေမယ်လို့ လီဗာပူးသတင်းထောက် Neil Jones က ဆိုပါတယ်။

ဒီနွေမှာ လီဗာပူးကို ထပ်ရောက်လာမယ့် ကစားသမားသစ် ၂ ဦးက ကွင်းလယ်လူနဲ့ တိုက်စစ်သမားတို့ ဖြစ်လာဖို့ ရှိနေတယ်။ တိုက်စစ်အတွက် အက်စတွန်ဗီလာမှ ဝက်ကင်၊ ဝုဗ်မှ နီတိုတို့တွေဖြင့် သတင်းရှိထားကာ လိဒ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ဟာနဲ့ သတင်းချိတ်ဆက်မှုတွေလည်း ရှိပါတယ်။ သို့ပေမယ့် တိုက်စစ်အတွက် လီဗာပူးရဲ့ ပစ်မှတ်က ခန့်မှန်းရ ခက်ခဲနေဆဲဖြစ်တယ်။

ကွင်းလယ်ပိုင်းကတော့ တိုက်စစ်ထက်စာရင် ပိုမို မြင်သာတယ်လို့ ဆိုနိုင်ပါတယ်။ မိုချန်ဂလာဘတ်မှ နွိုက်ဟောက်၊ ဘရိုက်တန်မှ ဘစ်ဆိုးမား၊ အက်စတွန်ဗီလာမှ မက်ဂင်၊ လိုင်လီမှ ဆန်းချက်နဲ့ အေဂျက်မှ ဂါဗန်ဘတ်တို့ဟာ လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားတွေဖြစ်တယ်။

နွိုက်ဟောက်က ဂျာမနီလိဂ်မှာ တစ်ရာသီ ဆက်နေဖို့ အားသန်နေပြီး မက်ဂင်အတွက် အက်စတွန်ဗီလာရဲ့ ပေါင် သန်း ၅၀ လောက် အလိုရှိမှုကို လီဗာပူးဘက်က သဘောမကျပါဘူး။ ဒါကြောင့် ဒီနွေမှာ သက်ဆိုင်ရာကလပ်တွေက ရောင်းထုတ်သွားဖို့ ရှိနေတဲ့ ဘစ်ဆိုမား၊ ဆန်းချက်နဲ့ ဂါဗန်ဘတ်တို့ကပဲ လီဗာပူးရဲ့ ကွင်းလယ် ပစ်မှတ်တွေ ဖြစ်လာဖို့ ရှိနေတယ်။

ပြင်သစ်သတင်းဌာနတွေကတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ဆန်းချက်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားလာကာ ရေပန်းအစားဆုံးလည်းဖြစ်ကြောင်း ဖော်ပြထားတယ်။ နှစ်သင်းလုံးက ဘစ်ဆိုမားကိုလည်း မျက်စိတွေ့နေကြပြီး အခုချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှုတွေ မရှိထားဘူးလို့ သိရပါတယ်။

ZAWGYI

ရာသီသစ္အတြက္ ပထမဆံုး ေခၚယူမႈအျဖစ္ လိုက္ဇစ္ ခံစစ္မွဴး ကိုနေတးကို ေခၚယူထားတဲ့ လီဗာပူးအသင္းဟာ ေနာက္ထပ္ ၾကယ္ပြင့္ေတြအတြက္ စိတ္ရွည္ရွည္ ေစာင့္ၾကည့္ေနျပီး ယူရိုျပိဳင္ပြဲ အျပီးမွာ တရားဝင္ ကမ္းလွမ္းမႈေတြ ရွိလာေတာ့မွာ ျဖစ္ပါတယ္။

ကိုနေတးအတြက္ ေပါင္ ၃၅ သန္း အကုန္အက်ခံ ေခၚယူထားခဲ့ျခင္းက ဗန္ဒိုက္ရဲ႕ ညာျခမ္း ပါတနာေနရာမွာ ဂိုးမက္စ္၊ မာတစ္နဲ႔အျပိဳင္ စိန္ေခၚေစဖို႔ ျဖစ္လာလိမ့္မယ္။ အျခားေသာ ေခၚယူမႈေတြကေတ့ာ ခပ္ျမန္ျမန္ ျဖစ္လာမွာ မဟုတ္ဘဲ ကစားသမား ေရာင္းထုတ္မႈအေပၚကို အဓိက မွီတည္းေနမယ္လို႔ လီဗာပူးသတင္းေထာက္ Neil Jones က ဆိုပါတယ္။

ဒီေႏြမွာ လီဗာပူးကို ထပ္ေရာက္လာမယ့္ ကစားသမားသစ္ ၂ ဦးက ကြင္းလယ္လူနဲ႔ တိုက္စစ္သမားတို႔ ျဖစ္လာဖို႔ ရွိေနတယ္။ တိုက္စစ္အတြက္ အက္စတြန္ဗီလာမွ ဝက္ကင္၊ ဝုဗ္မွ နီတိုတို႔ေတြျဖင့္ သတင္းရွိထားကာ လိဒ္ယူႏုိက္တက္ တိုက္စစ္သမား ရာဖင္ဟာနဲ႔ သတင္းခ်ိတ္ဆက္မႈေတြလည္း ရွိပါတယ္။ သို႔ေပမယ့္ တိုက္စစ္အတြက္ လီဗာပူးရဲ႕ ပစ္မွတ္က ခန္႔မွန္းရ ခက္ခဲေနဆဲျဖစ္တယ္။

ကြင္းလယ္ပိုင္းကေတာ့ တိုက္စစ္ထက္စာရင္ ပိုမို ျမင္သာတယ္လို႔ ဆိုႏုိင္ပါတယ္။ မိုခ်န္ဂလာဘတ္မွ ႏိြဳက္ေဟာက္၊ ဘရိုက္တန္မွ ဘစ္ဆိုးမား၊ အက္စတြန္ဗီလာမွ မက္ဂင္၊ လိုင္လီမွ ဆန္းခ်က္နဲ႔ ေအဂ်က္မွ ဂါဗန္ဘတ္တို႔ဟာ လီဗာပူးအသင္း ပစ္မွတ္ထားေနတဲ့ ကစားသမားေတြျဖစ္တယ္။

ႏိြဳက္ေဟာက္က ဂ်ာမနီလိဂ္မွာ တစ္ရာသီ ဆက္ေနဖို႔ အားသန္ေနျပီး မက္ဂင္အတြက္ အက္စတြန္ဗီလာရဲ႕ ေပါင္ သန္း ၅၀ ေလာက္ အလိုရွိမႈကို လီဗာပူးဘက္က သေဘာမက်ပါဘူး။ ဒါေၾကာင့္ ဒီေႏြမွာ သက္ဆုိင္ရာကလပ္ေတြက ေရာင္းထုတ္သြားဖို႔ ရွိေနတဲ့ ဘစ္ဆိုမား၊ ဆန္းခ်က္နဲ႔ ဂါဗန္ဘတ္တို႔ကပဲ လီဗာပူးရဲ႕ ကြင္းလယ္ ပစ္မွတ္ေတြ ျဖစ္လာဖို႔ ရွိေနတယ္။

ျပင္သစ္သတင္းဌာနေတြကေတာ့ လီဗာပူးနဲ႔ အာဆင္နယ္တို႔ဟာ ဆန္းခ်က္ကို ေခၚယူဖို႔ အေတာ္ေလး စိတ္ဝင္စားလာကာ ေရပန္းအစားဆံုးလည္းျဖစ္ေၾကာင္း ေဖာ္ျပထားတယ္။ ႏွစ္သင္းလံုးက ဘစ္ဆိုမားကိုလည္း မ်က္စိေတြ႔ေနၾကျပီး အခုခ်ိန္ထိေတာ့ တရားဝင္ ကမ္းလွမ္းမႈေတြ မရွိထားဘူးလို႔ သိရပါတယ္။