လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ သူ့ရဲ့ အင်္ဂလန်ကစားသမားဘဝ ၆၂ ပွဲမြောက်အဖြစ် ယူကရိန်းကို ၄-၀ ဖြင့် အနိုင်ရတဲ့ ယူရိုပြိုင်ပွဲမှာ လူစားဝင် ကစားပြီး သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့ပါတယ်။

ဒီကလန် ရိုက်နေရာ အစားဝင်တဲ့ ဟန်ဒါဆန် အတွက်ကတော့ သူ့ရဲ့ အင်္ဂလန်စီနီယာအသင်းသားဘဝ ပထမဆုံး သွင်းဂိုး ရခဲ့ခြင်းဖြစ်တယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူက သူ့ပုံစံအတိုင်း အင်အားကောင်းကောင်း၊ စိတ်ဓါတ်ကောင်းကောင်ဖြင့် ကစားခဲ့ပြီး နိုင်ငံအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းကိုလည်း ကျေနပ်ပျော်ရွှင်နေပါတယ်။

ဟန်ဒါဆန်က ” သိပ်ကောင်းတဲ့ ညပါပဲ။ အသင်းက အစောပိုင်းတည်းက ဂိုးစရခဲ့တာက သိပ်ကောင်းပါတယ်။ အသင်းက ခံစစ်ကို အကောင်းဆုံး ကစားခဲ့သလို ဖန်တီးမှုကောင်းတွေလည်း လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပွဲကြီးတစ်ပွဲ ထပ်ကစားရဦးမှာပါ။ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားရပါမယ်။

ဂိုးသွင်းနိုင်ခဲ့တာက သိပ်ကောင်းပါတယ်။ ဒီလို သွင်းနိုင်ဖို့လည်း အချိန် အကြာကြီးကို စောင့်ခဲ့ရတာပါ။ သွင်းဂိုးရယူနိုင်အောင် လုပ်နိုင်ခဲ့တာအတွက် ကျေနပ်ပါတယ်။ အသင်းဖော်တွေရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်အတွက်လည်း ကျနော် အားရမိပါတယ်။

အသင်းအတွက် ဘာတွေကို ကူညီပေးနိုင်မလဲဆိုတဲ့အပေါ် ကျနော် အမြဲတမ်း အာရုံစိုက်နေတယ်။ ကျနော် ဂိုးတွေလည်း ပိုပြီး သွင်းလိုပါတယ်။ အခုလို အသင်းအတွက် ကူညီပေးနိုင်ပြီး ဂိုးသွင်းနိုင်ခဲ့တာကတော့ သိပ်ကို ကောင်းပါတယ်။

ပွဲကစားခွင့် သိပ်မရတဲ့ အသင်းဖော်တွေလည်း ရှိပါတယ်။ သူတို့က အပတ်တိုင်း လေ့ကျင့်ရေးမှာ သိပ်ကောင်းပါတယ်။ အဝတ်လဲခန်းမှာလည်း အားပေးကြတယ်။ ဒါက ပြိုင်ပွဲကြီးမှာ ပါဝင်ရတဲ့ လူစာရင်းကြီးကနေ မြင်ရတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဗိုလ်လုပွဲကို သွားနိုင်ဖို့ ကျနေ်ာတို့ ဘဝရဲ့ အကြီးကျယ်ဆုံးပွဲကို ကစားရပါတော့မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ သူ႔ရဲ႕ အဂၤလန္ကစားသမားဘဝ ၆၂ ပြဲေျမာက္အျဖစ္ ယူကရိန္းကို ၄-၀ ျဖင့္ အႏုိင္ရတဲ့ ယူရိုျပိဳင္ပြဲမွာ လူစားဝင္ ကစားျပီး သြင္းဂိုး ၁ ဂိုး ရယူေပးခဲ့ပါတယ္။

ဒီကလန္ ရိုက္ေနရာ အစားဝင္တဲ့ ဟန္ဒါဆန္ အတြက္ကေတာ့ သူ႔ရဲ႕ အဂၤလန္စီနီယာအသင္းသားဘဝ ပထမဆံုး သြင္းဂိုး ရခဲ့ျခင္းျဖစ္တယ္။ အသက္ ၃၁ ႏွစ္အရြယ္ ကြင္းလယ္လူက သူ႔ပံုစံအတုိင္း အင္အားေကာင္းေကာင္း၊ စိတ္ဓါတ္ေကာင္းေကာင္ျဖင့္ ကစားခဲ့ျပီး ႏုိင္ငံအတြက္ ဂိုးသြင္းယူေပးႏုိင္ခဲ့ျခင္းကိုလည္း ေက်နပ္ေပ်ာ္ရႊင္ေနပါတယ္။

ဟန္ဒါဆန္က ” သိပ္ေကာင္းတဲ့ ညပါပဲ။ အသင္းက အေစာပိုင္းတည္းက ဂိုးစရခဲ့တာက သိပ္ေကာင္းပါတယ္။ အသင္းက ခံစစ္ကို အေကာင္းဆံုး ကစားခဲ့သလို ဖန္တီးမႈေကာင္းေတြလည္း လုပ္ႏုိင္ခဲ့တယ္။ ဒါေပမယ့္ လာမယ့္ ဗုဒၶဟူးေန႔မွာ ပြဲၾကီးတစ္ပြဲ ထပ္ကစားရဦးမွာပါ။ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားရပါမယ္။

ဂိုးသြင္းႏုိင္ခဲ့တာက သိပ္ေကာင္းပါတယ္။ ဒီလို သြင္းႏုိင္ဖို႔လည္း အခ်ိန္ အၾကာၾကီးကို ေစာင့္ခဲ့ရတာပါ။ သြင္းဂိုးရယူႏုိင္ေအာင္ လုပ္ႏုိင္ခဲ့တာအတြက္ ေက်နပ္ပါတယ္။ အသင္းေဖာ္ေတြရဲ႕ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္အတြက္လည္း က်ေနာ္ အားရမိပါတယ္။

အသင္းအတြက္ ဘာေတြကို ကူညီေပးႏုိင္မလဲဆိုတဲ့အေပၚ က်ေနာ္ အျမဲတမ္း အာရံုစိုက္ေနတယ္။ က်ေနာ္ ဂိုးေတြလည္း ပိုျပီး သြင္းလိုပါတယ္။ အခုလို အသင္းအတြက္ ကူညီေပးႏုိင္ျပီး ဂိုးသြင္းႏုိင္ခဲ့တာကေတာ့ သိပ္ကို ေကာင္းပါတယ္။

ပြဲကစားခြင့္ သိပ္မရတဲ့ အသင္းေဖာ္ေတြလည္း ရွိပါတယ္။ သူတို႔က အပတ္တိုင္း ေလ့က်င့္ေရးမွာ သိပ္ေကာင္းပါတယ္။ အဝတ္လဲခန္းမွာလည္း အားေပးၾကတယ္။ ဒါက ျပိဳင္ပြဲၾကီးမွာ ပါဝင္ရတဲ့ လူစာရင္းၾကီးကေန ျမင္ရတဲ့ ကိစၥေတြပဲျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ကေတာ့ ဗိုလ္လုပြဲကို သြားႏုိင္ဖို႔ က်ေန္ာတို႔ ဘဝရဲ႕ အၾကီးက်ယ္ဆံုးပြဲကို ကစားရပါေတာ့မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။