ထရန့်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အပြီးသတ် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပွဲကြို ချစ်ကြည်ရေးပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသူဖြစ်တယ်။

သူ့နေရာမှာ ဘရိုက်တန်အသင်းမှ ခံစစ်မှူး ဘမ်ဝိုက် အစားဝင်ခဲ့ပါတယ်။ လီဗာပူး ညာအစွန်လူက လက်ရွေးစင်အသင်း ယူရိုမှာ အခြေအနေ ကောင်းနေတာအတွက် ပြုံးပျော်မိကြောင်းနဲ့ မိမိကိုယ်တိုင် ပါဝင်ကစားရခြင်း မရှိတာအတွက်တော့ စိတ်ပျက်ရတယ်လို့ ရင်ဖွင့်ပါသေးတယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်သမားလေးက ‘ ယူရိုမှာ ကိုယ်တိုင် မပါဝင်တာအတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့်လို့ အသင်းဖော်တွေ အဆင်ပြေနေတာ မြင်ရတာအတွက် ကျနော် ပြုံးပျော်နေမိပါပြီ။ နိုင်ငံက သူတို့နောက်မှာ ရှိနေပါတယ်။ အားပေးသူတွေကလည်း အစွမ်းကုန် အားပေး ထောက်ခံနေကြတာ ဖြစ်ပါတယ်။ သူတို့က ကျနေ်ာတို့ကို သိပ် ဂုဏ်ယူရစေပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

အင်္ဂလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ရဲ့ ပွဲစဉ် ဒုတိယပိုင်းမှာ ဘီဘီစီက ထရန့်နဲ့ အင်တာဗျူး လုပ်ခဲ့မှုအတွင်း ညာအစွန်လူက အထက်ပါအတိုင်း ဖြေဆိုခဲ့တာပါ။ ထရန့်ရဲ့ ဒဏ်ရာက ခွဲစိတ်ဖို့ မလိုပေမယ့် ကလပ်အသင်း ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်ဖို့ အဆင်ပြေမလား စောင့်ကြည့်ရမှာဖြစ်တယ်။

ထရန့်ကပဲ ‘ နေ့တိုင်းက ခြေလှမ်းသစ်တွေနဲ့ပါပဲ။ ပိုကောင်းလာတယ်၊ ပိုကြံ့ခိုင်လာတယ်။ ရာသီကြိုကို သွားနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ကျနော် သီတင်းပတ် အနည်းငယ် အနားရထားပြီး ပြီးရင်တော့ ရာသီကြို ပြင်ဆင်မှုကို သွားရောက် ပူးပေါင်းမှာပါ။ အဲ့မှာ အကောင်းဆုံး လုပ်နိုင်ဖို့ တွန်းအားပေး ကြိုးစားပါမယ် ’ လို ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ နောက်လ သြဂုတ်လ ၁၄ ရက်မှာ နော့ဝစ်အသင်းနှင့် ယှဉ်ပြိုင်ခြင်းဖြင့် ပရီးမီးယားလိဂ် ရာသီသစ်ကို စတင်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ထရန္႔ဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲအတြက္ အျပီးသတ္ လူစာရင္းမွာ ပါဝင္ခဲ့ေပမယ့္ ပြဲၾကိဳ ခ်စ္ၾကည္ေရးပြဲမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ျပိဳင္ပြဲကေန ႏုတ္ထြက္ခဲ့ရသူျဖစ္တယ္။

သူ႔ေနရာမွာ ဘရိုက္တန္အသင္းမွ ခံစစ္မွဴး ဘမ္ဝိုက္ အစားဝင္ခဲ့ပါတယ္။ လီဗာပူး ညာအစြန္လူက လက္ေရြးစင္အသင္း ယူရိုမွာ အေျခအေန ေကာင္းေနတာအတြက္ ျပံဳးေပ်ာ္မိေၾကာင္းနဲ႔ မိမိကိုယ္တိုင္ ပါဝင္ကစားရျခင္း မရွိတာအတြက္ေတာ့ စိတ္ပ်က္ရတယ္လို႔ ရင္ဖြင့္ပါေသးတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ခံစစ္သမားေလးက ‘ ယူရိုမွာ ကိုယ္တိုင္ မပါဝင္တာအတြက္ စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္လို႔ အသင္းေဖာ္ေတြ အဆင္ေျပေနတာ ျမင္ရတာအတြက္ က်ေနာ္ ျပံဳးေပ်ာ္ေနမိပါျပီ။ ႏုိင္ငံက သူတို႔ေနာက္မွာ ရွိေနပါတယ္။ အားေပးသူေတြကလည္း အစြမ္းကုန္ အားေပး ေထာက္ခံေနၾကတာ ျဖစ္ပါတယ္။ သူတို႔က က်ေန္ာတို႔ကို သိပ္ ဂုဏ္ယူရေစပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

အဂၤလန္အသင္းနဲ႔ ယူကရိန္းအသင္းတို႔ရဲ႕ ပြဲစဥ္ ဒုတိယပိုင္းမွာ ဘီဘီစီက ထရန္႔နဲ႔ အင္တာဗ်ဴး လုပ္ခဲ့မႈအတြင္း ညာအစြန္လူက အထက္ပါအတုိုင္း ေျဖဆိုခဲ့တာပါ။ ထရန္႔ရဲ႕ ဒဏ္ရာက ခြဲစိတ္ဖို႔ မလိုေပမယ့္ ကလပ္အသင္း ရာသီၾကိဳ ျပင္ဆင္မႈမွာ ပါဝင္ဖို႔ အဆင္ေျပမလား ေစာင့္ၾကည့္ရမွာျဖစ္တယ္။

ထရန္႔ကပဲ ‘ ေန႔တိုင္းက ေျခလွမ္းသစ္ေတြနဲ႔ပါပဲ။ ပိုေကာင္းလာတယ္၊ ပိုၾကံ႕ခိုင္လာတယ္။ ရာသီၾကိဳကို သြားႏုိင္ဖို႔ အေျခအေန ေကာင္းေနပါတယ္။ က်ေနာ္ သီတင္းပတ္ အနည္းငယ္ အနားရထားျပီး ျပီးရင္ေတာ့ ရာသီၾကိဳ ျပင္ဆင္မႈကို သြားေရာက္ ပူးေပါင္းမွာပါ။ အဲ့မွာ အေကာင္းဆံုး လုပ္ႏုိင္ဖို႔ တြန္းအားေပး ၾကိဳးစားပါမယ္ ’ လို ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ ေနာက္လ ၾသဂုတ္လ ၁၄ ရက္မွာ ေနာ့ဝစ္အသင္းႏွင့္ ယွဥ္ျပိဳင္ျခင္းျဖင့္ ပရီးမီးယားလိဂ္ ရာသီသစ္ကို စတင္သြားရမွာ ျဖစ္ပါတယ္။