လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ လူငယ် ကစားသမား အထွက်စာရင်းက များနေပြီး စီနီယာအသင်းအတွက် ကိုနတေး တစ်ဦးတည်းကို ပြန်လည် ခေါ်ယူထားသေးတာဖြစ်တယ်။

ဂလေဇယ်၊ ဗန်ဒန်ဘတ်၊ အဒမ် လူးဝစ်တို့ကို အငှားချထားတဲ့ လီဗာပူးဟာ မီလာကို ဘေလ်ဆယ်အသင်းထံ ပေါင် ၁.၃ သန်း၊ ဂိုးသမား ဂါရာဘာရာကို ကိုပင်ဟေဂင်ထံ ပေါင် ၃ သန်းတို့ဖြင့် အပြီးသတ် ရောင်းထုတ်ထားခဲ့ပြီဖြစ်တယ်။ ထပ်ပြီးလည်း အဝန်နီယီအတွက် ဈေးညိနေသလို နီကိုးကိုလည်း ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့် ရောင်းထုတ်ဖွယ် ရှိနေတယ်။

ကလပ် ခေါ်ယူမယ်လို့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ ဆန်းချက်၊ နွိုက်ဟောက်၊ ဝက်ကင်၊ ဘစ်ဆိုမားတို့ ပါဝင်ထားပြီး အခုချိန်ထိတော့ ကလပ်ဘက်က လှုပ်ရှားမှုတွေဟာ တိုးတိတ်နေဆဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာပဲ ဘောလုံးအေးဂျင့် Saad Wadia က ခါဘီမှာ တရားဝင် လက်မှတ်ထိုးနေမှု ဓါတ်ပုံတစ်ခုကို ဖော်ပြခဲ့ပါတယ်။ သူကတော့ “ လီဗာပူးလေ့ကျင့်ရေးကွင်းက စိတ်လှုပ်ရှားစရာ နေ့ရက်လေးပါပဲ။ တရားဝင် ကြေညာမှုက နောက်အပတ်မှာ ဖြစ်လာပါလိမ့်မယ် ” လို့ ရေးသားသွားခဲ့တယ်။

များစွာသော လီဗာပူးပရိသတ်တွေက Saad Wadia က ဘယ်သူလဲနဲ့ သူ ကိုင်တွယ်တဲ့ ဘယ်ကစားသမားကို လီဗာပူးက လက်မှတ်ထိုးမှာလဲဆိုတာကို ရှာဖွေခဲ့ကြတယ်။

Wadia ဟာ အိန္ဒိယမှာ လီဗာပူး အကယ်ဒမီနဲ့ အလုပ်တွဲလုပ်နေတဲ့ Avalon Sports Group ကို ကိုယ်စားပြုသူဖြစ်တယ်။ ဂန္တဝင်ကြီး အီရန်ရှပ်က အကယ်ဒမီရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။ Wadia ဟာ အီရန်ရှပ်ရဲ့ မန်နေဂျာဖြစ်သလို ရှပ်ရဲ့ တူတောင်မောင် လီဗာပူးအသင်းသား အိုဝင်ဘက်ရဲ့ မန်နေဂျာလည်း ဖြစ်ပါတယ်။

၂၀၂၀ မှာ စတုတ် ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ အိုဝင်ဘက်ဟာ လက်ရှိ လီဗာပူး ယူ-၂၃ အသင်းမှာ ခြေစွမ်းပြနေသူပါ။ ဝေလ်းဘယ်အစွန်လူဟာ လီဗာပူးရဲ့ ရာသီကြိုမှာ ပါဝင်ရမယ့်သူဖြစ်ကာ ရော်ဘတ်ဆန် မပါတဲ့ ရာသီကြို အစောပိုင်း ကာလတွေမှာ ယာဂင် ဦးစားပေးမယ့် ကစားသမားလို့လည်း နာမည်ထွက်နေပါတယ်။

ပရိသတ်တွေကတော့ Wadia ရဲ့ စကားအသွားအလာ၊ သူနဲ့ အီရန်ရှပ် တူဝရီးကြား ပတ်သက်မှုအရ ကလပ်ဟာ အိုဝင်ဘက်ကို ကာလရှည် သက်တမ်းတိုးလိုက်တာပဲ ဖြစ်လိမ့်မယ်လို့ မှန်းဆနေကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြအေျပာင္းအေရႊ႔မွာ လူငယ္ ကစားသမား အထြက္စာရင္းက မ်ားေနျပီး စီနီယာအသင္းအတြက္ ကိုနေတး တစ္ဦးတည္းကို ျပန္လည္ ေခၚယူထားေသးတာျဖစ္တယ္။

ဂေလဇယ္၊ ဗန္ဒန္ဘတ္၊ အဒမ္ လူးဝစ္တုိ႔ကို အငွားခ်ထားတဲ့ လီဗာပူးဟာ မီလာကို ေဘလ္ဆယ္အသင္းထံ ေပါင္ ၁.၃ သန္း၊ ဂိုးသမား ဂါရာဘာရာကို ကိုပင္ေဟဂင္ထံ ေပါင္ ၃ သန္းတို႔ျဖင့္ အျပီးသတ္ ေရာင္းထုတ္ထားခဲ့ျပီျဖစ္တယ္။ ထပ္ျပီးလည္း အဝန္နီယီအတြက္ ေစ်းညိေနသလို နီကိုးကိုလည္း ေပါင္ ၁၀ သန္း ဝန္းက်င္ျဖင့္ ေရာင္းထုတ္ဖြယ္ ရွိေနတယ္။

ကလပ္ ေခၚယူမယ္လို႔ သတင္းထြက္ေနတဲ့ ကစားသမားေတြထဲမွာ ဆန္းခ်က္၊ ႏိြဳက္ေဟာက္၊ ဝက္ကင္၊ ဘစ္ဆိုမားတို႔ ပါဝင္ထားျပီး အခုခ်ိန္ထိေတာ့ ကလပ္ဘက္က လႈပ္ရွားမႈေတြဟာ တိုးတိတ္ေနဆဲျဖစ္ပါတယ္။

ဒီလိုအေျခအေနမွာပဲ ေဘာလံုးေအးဂ်င့္ Saad Wadia က ခါဘီမွာ တရားဝင္ လက္မွတ္ထိုးေနမႈ ဓါတ္ပံုတစ္ခုကို ေဖာ္ျပခဲ့ပါတယ္။ သူကေတာ့ “ လီဗာပူးေလ့က်င့္ေရးကြင္းက စိတ္လႈပ္ရွားစရာ ေန႔ရက္ေလးပါပဲ။ တရားဝင္ ေၾကညာမႈက ေနာက္အပတ္မွာ ျဖစ္လာပါလိမ့္မယ္ ” လို႔ ေရးသားသြားခဲ့တယ္။

မ်ားစြာေသာ လီဗာပူးပရိသတ္ေတြက Saad Wadia က ဘယ္သူလဲနဲ႔ သူ ကိုင္တြယ္တဲ့ ဘယ္ကစားသမားကို လီဗာပူးက လက္မွတ္ထိုးမွာလဲဆိုတာကို ရွာေဖြခဲ့ၾကတယ္။

Wadia ဟာ အိႏၵိယမွာ လီဗာပူး အကယ္ဒမီနဲ႔ အလုပ္တြဲလုပ္ေနတဲ့ Avalon Sports Group ကို ကိုယ္စားျပဳသူျဖစ္တယ္။ ဂႏၱဝင္ၾကီး အီရန္ရွပ္က အကယ္ဒမီရဲ႕ ကိုယ္စားလွယ္အျဖစ္ တာဝန္ယူေနသူျဖစ္ပါတယ္။ Wadia ဟာ အီရန္ရွပ္ရဲ႕ မန္ေနဂ်ာျဖစ္သလို ရွပ္ရဲ႕ တူေတာင္ေမာင္ လီဗာပူးအသင္းသား အိုဝင္ဘက္ရဲ႕ မန္ေနဂ်ာလည္း ျဖစ္ပါတယ္။

၂၀၂၀ မွာ စတုတ္ ကေန လီဗာပူးကို ေျပာင္းလာခဲ့တဲ့ အိုဝင္ဘက္ဟာ လက္ရွိ လီဗာပူး ယူ-၂၃ အသင္းမွာ ေျခစြမ္းျပေနသူပါ။ ေဝလ္းဘယ္အစြန္လူဟာ လီဗာပူးရဲ႕ ရာသီၾကိဳမွာ ပါဝင္ရမယ့္သူျဖစ္ကာ ေရာ္ဘတ္ဆန္ မပါတဲ့ ရာသီၾကိဳ အေစာပိုင္း ကာလေတြမွာ ယာဂင္ ဦးစားေပးမယ့္ ကစားသမားလို႔လည္း နာမည္ထြက္ေနပါတယ္။

ပရိသတ္ေတြကေတာ့ Wadia ရဲ႕ စကားအသြားအလာ၊ သူနဲ႔ အီရန္ရွပ္ တူဝရီးၾကား ပတ္သက္မႈအရ ကလပ္ဟာ အိုဝင္ဘက္ကို ကာလရွည္ သက္တမ္းတိုးလိုက္တာပဲ ျဖစ္လိမ့္မယ္လို႔ မွန္းဆေနၾကတာျဖစ္ပါတယ္။