လီဗာပူးအသင်းဟာ ၂၀၁၉ ခုနှစ်က လူငယ်အက်ဖ်အေဖလား အနိုင်ရ အသင်းသားတွေကို ရှင်းထုတ်မှုတွေ လုပ်လာခဲ့ပြီးနောက် ဒီနွေရာသီကြိုမှာ မျက်နှာသစ် လူငယ်တွေဖြင့် အစားထိုးမှုတွေ လုပ်လာတော့မှာပါ။

ဂလေဇယ်၊ လူးဝစ်တို့ကို အငှားချခဲ့ပြီဖြစ်တဲ့ လီဗာပူးဟာ နက်ဖီးလစ်၊ နီကိုး ဝီလီယမ်တို့ကိုလည်း ရောင်းထုတ်ဖို့ လမ်းဖွင့်ထားတယ်။ ဒီနွေမှာပဲ လာရိုစီ၊ မီလာ၊ ဂါရာဘာရာတို့ကိုလည်း ထွက်ခွာခွင့်တွေ ပေးထားပြီဖြစ်ကာ ရာသီကြိုမှာ စီနီယာတွေနဲ့ ပူးပေါင်းရမယ့် လူငယ်တွေက အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

နီကိုးကို ရောင်းထုတ်ခဲ့မယ်ဆိုရင် ညာအစွန်ကို အင်အားဖြည့်မှာ မဟုတ်ဘဲ ဂိုးမက်စ်ကို ညာခြမ်းကစားစေနိုင်သလို လူငယ်အစွန်လူ ဘရတ်ဒလေကိုလည်း စီနီယာအသင်းနဲ့ ရာသီကြို ပါဝင်ခွင့်ပေးမှာဖြစ်တယ်။ ဂိုးသမားသစ် ပီတာလူဂါက ဗန်ဒိုက်နဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီး ကိုမတ်တီယို၊ ဘလာဂီဇီ၊ မြူဇီယန်လိုစကီးတို့ကလည်း စောင့်ကြည့်ရမယ့် ကစားသမားတွေ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က ကာတစ်ဂျုံးနဲ့ အီးလီးယော့တို့ကို ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ခွင့်ပေးမှာဖြစ်ကာ နောက်ထပ် လူငယ်စတားတစ်ဦးကလည်း စီနီယာပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ရလာမယ်လို့ ခန့်မှန်းခံထားရတယ်။ မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနကတော့ လူငယ်လေး ကိတ်ဂေါ်ဒန်ကို အတော်လေး မျှော်လင့်မိကြောင်း ထုတ်ဖော်လာခဲ့တာ ဖြစ်ပါတယ်။

ကိတ်ဂေါ်ဒန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ချန်ပီယံရှစ်ကလပ် ဒါဘီကနေ လီဗာပူးအသင်းထံ ပေါင် ၃ သန်းဖြင့် ပြောင်းလာခဲ့သူဖြစ်တယ်။ ချန်ပီယံရှစ်မှာ ပွဲကစားထားဖူးတဲ့ ဂေါ်ဒန်က အသင်းပြောင်းလာပြီးနောက် လီဗာပူး ယူ-၁၈ အသင်းအတွက် ၈ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်တောင်ပံ၊ ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို ပိုင်နိုင်တဲ့ ဂေါ်ဒန်ဟာ လီဗာပူးနဲ့ ကာလရှည်စာချုပ်လည်း ချုပ်ဆိုထားပြီးဖြစ်တယ်။ လီဗာပူးလူငယ်အသင်း နည်းပြတွေကတော့ ဂေါ်ဒန်ဟာ အီးလီးယော့ထက်တောင် ပါရမီပိုရှိသူဖြစ်ပြီး သူတို့ နှစ်ဦးဟာ အနာဂတ်မှာ စီနီယာပွဲထွက်ခွင့်အတွက် အပြိုင်ဖြစ်လာကြမယ့်သူတွေလို့ပါ မှန်းဆထားကြောင်း မာဆေးဆိုဒ်သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၉ ခုႏွစ္က လူငယ္အက္ဖ္ေအဖလား အႏုိင္ရ အသင္းသားေတြကို ရွင္းထုတ္မႈေတြ လုပ္လာခဲ့ျပီးေနာက္ ဒီေႏြရာသီၾကိဳမွာ မ်က္ႏွာသစ္ လူငယ္ေတြျဖင့္ အစားထိုးမႈေတြ လုပ္လာေတာ့မွာပါ။

ဂေလဇယ္၊ လူးဝစ္တို႔ကို အငွားခ်ခဲ့ျပီျဖစ္တဲ့ လီဗာပူးဟာ နက္ဖီးလစ္၊ နီကိုး ဝီလီယမ္တို႔ကိုလည္း ေရာင္းထုတ္ဖို႔ လမ္းဖြင့္ထားတယ္။ ဒီေႏြမွာပဲ လာရိုစီ၊ မီလာ၊ ဂါရာဘာရာတို႔ကိုလည္း ထြက္ခြာခြင့္ေတြ ေပးထားျပီျဖစ္ကာ ရာသီၾကိဳမွာ စီနီယာေတြနဲ႔ ပူးေပါင္းရမယ့္ လူငယ္ေတြက အေျပာင္းအလဲေတြ ျဖစ္လာႏုိင္ပါတယ္။

နီကိုးကို ေရာင္းထုတ္ခဲ့မယ္ဆိုရင္ ညာအစြန္ကို အင္အားျဖည့္မွာ မဟုတ္ဘဲ ဂိုးမက္စ္ကို ညာျခမ္းကစားေစႏုိင္သလို လူငယ္အစြန္လူ ဘရတ္ဒေလကိုလည္း စီနီယာအသင္းနဲ႔ ရာသီၾကိဳ ပါဝင္ခြင့္ေပးမွာျဖစ္တယ္။ ဂိုးသမားသစ္ ပီတာလူဂါက ဗန္ဒိုက္နဲ႔အတူ ေလ့က်င့္ေရးဆင္းေနျပီး ကိုမတ္တီယို၊ ဘလာဂီဇီ၊ ျမဴဇီယန္လိုစကီးတို႔ကလည္း ေစာင့္ၾကည့္ရမယ့္ ကစားသမားေတြ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ကာတစ္ဂ်ံဳးနဲ႔ အီးလီးေယာ့တို႔ကို ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္ခြင့္ေပးမွာျဖစ္ကာ ေနာက္ထပ္ လူငယ္စတားတစ္ဦးကလည္း စီနီယာပြဲထြက္ခြင့္အတြက္ ယွဥ္ျပိဳင္ခြင့္ရလာမယ္လို႔ ခန္႔မွန္းခံထားရတယ္။ မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနကေတာ့ လူငယ္ေလး ကိတ္ေဂၚဒန္ကို အေတာ္ေလး ေမွ်ာ္လင့္မိေၾကာင္း ထုတ္ေဖာ္လာခဲ့တာ ျဖစ္ပါတယ္။

ကိတ္ေဂၚဒန္ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီကမွ ခ်န္ပီယံရွစ္ကလပ္ ဒါဘီကေန လီဗာပူးအသင္းထံ ေပါင္ ၃ သန္းျဖင့္ ေျပာင္းလာခဲ့သူျဖစ္တယ္။ ခ်န္ပီယံရွစ္မွာ ပြဲကစားထားဖူးတဲ့ ေဂၚဒန္က အသင္းေျပာင္းလာျပီးေနာက္ လီဗာပူး ယူ-၁၈ အသင္းအတြက္ ၈ ပြဲ ပါဝင္ကစားေပးခဲ့ျပီး ၆ ဂိုးထိ သြင္းယူႏုိင္ခဲ့ပါတယ္။

ဘယ္ေတာင္ပံ၊ ညာေတာင္ပံနဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြကို ပိုင္ႏုိင္တဲ့ ေဂၚဒန္ဟာ လီဗာပူးနဲ႔ ကာလရွည္စာခ်ဳပ္လည္း ခ်ဳပ္ဆိုထားျပီးျဖစ္တယ္။ လီဗာပူးလူငယ္အသင္း နည္းျပေတြကေတာ့ ေဂၚဒန္ဟာ အီးလီးေယာ့ထက္ေတာင္ ပါရမီပိုရိွသူျဖစ္ျပီး သူတို႔ ႏွစ္ဦးဟာ အနာဂတ္မွာ စီနီယာပြဲထြက္ခြင့္အတြက္ အျပိဳင္ျဖစ္လာၾကမယ့္သူေတြလို႔ပါ မွန္းဆထားေၾကာင္း မာေဆးဆိုဒ္သတင္းဌာနက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။