အင်္ဂလန်ဘောလုံးဝေဖန်ရေးသမား ပေါလ်မာဆန်က ပြိုင်ပွဲမစခင် လက်ရွေးစင်အသင်းသား ဟန်ဒါဆန်နဲ့ ပတ်သက်လို့ ဝေဖန်ထားတဲ့ ရွိုင်ကိန်းကို တုန့်ပြန်မှု ပြုလုပ်သွားပါတယ်။

ရွိုင်ကိန်းက ရာနှုန်းပြည့် ကြံ့ခိုင်နေခြင်း မရှိတဲ့ ဟန်ဒါဆန်ကို လက်ရွေးစင်အသင်းအတွက် အပါခေါ်သွားခြင်းနဲ့ ပတ်သက်လို့ ဝေဖန်ထားတာပါ။ သူက ဟန်ဒါဆန်ဟာ လက်ရွေးစင်အသင်းနဲ့ ဘာလို့ ပါသွားခဲ့တာလဲ? ဖဲမျက်လှည့်ပြဖို့လား? သီချင်းဆို ဖျော်ဖြေပေးမှာလား? လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းခေါင်းဆောင်က ယူရိုမှာ ဒုတိယအကြိမ်မြောက် လူစားဝင် ကစားခဲ့ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းယူခဲ့ကာ သူ့ရဲ့ လုပ်နိုင်စွမ်းကို ပြသခဲ့တယ်။

ဒါကြောင့်လည်း ပေါလ်မာဆန်က “ ဟန်ဒါဆန်က ပရိုကစားသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ သူက တကယ်ကို ပရော်ဖက်ရှင်နယ်ကောင်းဖြစ်ပြီး သူ့အတွက် ထိုက်တန်တဲ့ မှတ်ချက်ကောင်းတွေလည်း မရထားခဲ့ပါဘူး။ ရွိုင်ကိန်းက ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းကို ကာရာအိုကေဆိုပြီး ဖျော်ဖြေပေးဖို့ လိုက်သွားတာလားလို့ မေးခွန်းထုတ်ခဲ့တာကို ကျနော် သိပါတယ်။

အဲ့တာက အဓိပ္ပာယ်မရှိတဲ့ ဝေဖန်ချက်ဖြစ်ပါတယ်။ ယူရိုမှာ အင်္ဂလန်အသင်းနဲ့အတူ ဟန်ဒါဆန် လိုက်ပါခွင့်ရတာက သူဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်နေလို့ပါပဲ။ သူက ညည်းတွားတတ်သူလည်း မဟုတ်ပါဘူး။ ကျနော်အတွက်တော့ ဟန်ဒါဆန်က ထူးချွန်သူတစ်ဦးပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ယူကရိန်းပွဲအပြီးမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက “ ပြိုင်ပွဲ မစတင်ခင်တည်းက ကျနော် ပြောခဲ့ပါတယ်။ ဟန်ဒိုက ခေါင်းဆောင်တစ်ဦးပါ။ အသင်းနဲ့ အသင်းလူစာရင်းအတွက် စံနမူနာ ကစားသမားလည်း ဖြစ်ပါတယ်။ သူက ကစားရသည်ဖြစ်စေ အရန်ခုံမှာပဲ ထိုင်နေရသည်ဖြစ်စေ ကျနော်တို့အတွက် အများကြီး အကျိုးဖြစ်စေသူပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ကွင်းထဲမှာဆိုရင် အသံကျယ်ကျယ်ဖြင့် ဦးဆောင်နိုင်သူဖြစ်သလို အဝတ်လဲခန်းမှာ လူငယ်ကစားသမားတွေကို မှန်ကန်တဲ့ ခံယူချက်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်နိုင်သူဖြစ်တယ်။ သူကပဲ ယူရို ဆီမီးအဆင့်မှာ ထိပ်တိုက်တွေ့နေတဲ့ ယူကရိန်းကို လေးစားမှုအပြည့်ဖြင့် အားထည့် ယှဉ်ပြိုင်ဖို့ အင်္ဂလန်အသင်းဖော်တွေကို တိုက်တွန်းထားပါတယ်။

ZAWGYI

အဂၤလန္ေဘာလံုးေဝဖန္ေရးသမား ေပါလ္မာဆန္က ျပိဳင္ပြဲမစခင္ လက္ေရြးစင္အသင္းသား ဟန္ဒါဆန္နဲ႔ ပတ္သက္လို႔ ေဝဖန္ထားတဲ့ ရိြဳင္ကိန္းကို တုန္႔ျပန္မႈ ျပဳလုပ္သြားပါတယ္။

ရိြဳင္ကိန္းက ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနျခင္း မရွိတဲ့ ဟန္ဒါဆန္ကို လက္ေရြးစင္အသင္းအတြက္ အပါေခၚသြားျခင္းနဲ႔ ပတ္သက္လို႔ ေဝဖန္ထားတာပါ။ သူက ဟန္ဒါဆန္ဟာ လက္ေရြးစင္အသင္းနဲ႔ ဘာလို႔ ပါသြားခဲ့တာလဲ? ဖဲမ်က္လွည့္ျပဖို႔လား? သီခ်င္းဆို ေဖ်ာ္ေျဖေပးမွာလား? လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းေခါင္းေဆာင္က ယူရိုမွာ ဒုတိယအၾကိမ္ေျမာက္ လူစားဝင္ ကစားခဲ့ျပီး ကိုယ္တိုင္လည္း ဂိုးသြင္းယူခဲ့ကာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းကို ျပသခဲ့တယ္။

ဒါေၾကာင့္လည္း ေပါလ္မာဆန္က “ ဟန္ဒါဆန္က ပရိုကစားသမားေကာင္း တစ္ဦးပဲ ျဖစ္ပါတယ္။ သူက တကယ္ကို ပေရာ္ဖက္ရွင္နယ္ေကာင္းျဖစ္ျပီး သူ႔အတြက္ ထိုက္တန္တဲ့ မွတ္ခ်က္ေကာင္းေတြလည္း မရထားခဲ့ပါဘူး။ ရိြဳင္ကိန္းက ဟန္ဒါဆန္ဟာ အဂၤလန္အသင္းကို ကာရာအိုေကဆိုျပီး ေဖ်ာ္ေျဖေပးဖို႔ လိုက္သြားတာလားလို႔ ေမးခြန္းထုတ္ခဲ့တာကို က်ေနာ္ သိပါတယ္။

အဲ့တာက အဓိပၸာယ္မရွိတဲ့ ေဝဖန္ခ်က္ျဖစ္ပါတယ္။ ယူရိုမွာ အဂၤလန္အသင္းနဲ႔အတူ ဟန္ဒါဆန္ လိုက္ပါခြင့္ရတာက သူဟာ ထူးခၽြန္တဲ့ ကစားသမား ျဖစ္ေနလို႔ပါပဲ။ သူက ညည္းတြားတတ္သူလည္း မဟုတ္ပါဘူး။ က်ေနာ္အတြက္ေတာ့ ဟန္ဒါဆန္က ထူးခၽြန္သူတစ္ဦးပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္နဲ႔ ယူကရိန္းပြဲအျပီးမွာ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက “ ျပိဳင္ပြဲ မစတင္ခင္တည္းက က်ေနာ္ ေျပာခဲ့ပါတယ္။ ဟန္ဒိုက ေခါင္းေဆာင္တစ္ဦးပါ။ အသင္းနဲ႔ အသင္းလူစာရင္းအတြက္ စံနမူနာ ကစားသမားလည္း ျဖစ္ပါတယ္။ သူက ကစားရသည္ျဖစ္ေစ အရန္ခံုမွာပဲ ထိုင္ေနရသည္ျဖစ္ေစ က်ေနာ္တို႔အတြက္ အမ်ားၾကီး အက်ိဳးျဖစ္ေစသူပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ ကြင္းထဲမွာဆိုရင္ အသံက်ယ္က်ယ္ျဖင့္ ဦးေဆာင္ႏုိင္သူျဖစ္သလို အဝတ္လဲခန္းမွာ လူငယ္ကစားသမားေတြကို မွန္ကန္တဲ့ ခံယူခ်က္ေတြနဲ႔ ပတ္သက္ျပီး လမ္းညႊန္ႏုိင္သူျဖစ္တယ္။ သူကပဲ ယူရို ဆီမီးအဆင့္မွာ ထိပ္တိုက္ေတြ႔ေနတဲ့ ယူကရိန္းကို ေလးစားမႈအျပည့္ျဖင့္ အားထည့္ ယွဥ္ျပိဳင္ဖို႔ အဂၤလန္အသင္းေဖာ္ေတြကို တိုက္တြန္းထားပါတယ္။