လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ရာသီကြို ပြင်ဆင်မှုကို ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိက ပြိုင်ပွဲတို့ ပြီးဆုံးပြီး နောက်တစ်ရက်ဖြစ်တဲ့ ဂျူလိုင်လ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

ရာသီကြို အစောပိုင်းမှာ ဟန်ဒါဆန်၊ သီယာဂို၊ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အခြားသော ယူရို ပြိုင်ပွဲဝင် အသင်းသားတွေဖြစ်တဲ့ ရော်ဘတ်ဆန်၊ ဂျိုတာ၊ ဝဲလ်ဆန်၊ နီကိုးနဲ့ ရှာကွီရီတို့ကတော့ ပထမဆုံး ပူးပေါင်းမှုနဲ့ ၂ ပတ် ဝန်းကျင် နောက်ကျပြီး အသင်းဖြင့် လာရောက် ပူးပေါင်းမှာဖြစ်တယ်။

ဂျူလိုင်လ ၁ ရက်နေ့မှာ ကားရီးယက်စ်၊ အာရိုရာ၊ ဂရုဂျစ်၊ ဝုဒ်ဘမ်း၊ ရိုဂျိုနဲ့ အိုရီဂီတို့က အသင်းထံ ရောက်ရှိကြောင်း သတင်းပို့ရမှာဖြစ်တယ်။ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ထရန့်တို့လို ဒဏ်ရာ ပြဿနာတွေရှိထားတဲ့ အသင်းသားတွေကတော့ သူတို့ရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပရိုဂရမ်တွေအရပဲ လေ့ကျင့်ရေး ပြန်ဝင်ဖွယ်ရှိတယ်။

အဆိုပါရက်မှာ ကိုနတေးက အသင်းနဲ့ တရားဝင် ပူးပေါင်းမှာဖြစ်ပြီး တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလာ၊ အီးလီးယော့၊ မီနာမီနိုတို့တွေက ချိန်ဘာလိန်၊ ကိတ်တာနည်းတူ ခါဘီကို ပြန်လည် ပူးပေါင်းကြမှာဖြစ်ပါတယ်။

ရာသီကြိုတွေရဲ့ ထုံးစံအတိုင်း အကယ်ဒမီ အသင်းသားအချို့ဟာ စီနီယာအသင်းနည်းတူ အသင်းထံ ပြန်ရောက်ကြောင်း သတင်းပို့ကြမှာဖြစ်တယ်။ မနှစ်က ယူ-၂၃ မှာ တောက်ပခဲ့တဲ့ လူငယ်အချို့ကို ရာသီကြိုမှာ မြင်တွေ့ရမယ်လို့ သတင်းတွေ ကြားထားရပါတယ်။

ဂျူလိုင် ၁ ရက်နေ့မှာ စတင်မယ့် လေ့ကျင့်ရေးတွေနည်းတူ ရာသီကြို ချစ်ကြည်ရေးပွဲတွေလည်း ကစားရဖို့ ရှိနေပါသေးတယ်။ ကလပ်ဘက်က ချန်ပီယံရှစ်ကလပ်တွေ အင်္ဂလန်ပြင်ပ ကလပ်တွေဖြင့် ရက်ညိနှိုင်းမှုတွေ လုပ်နေပေမယ့် တရားဝင် ထုတ်ပြန်ချက်တွေတော့ မရှိသေးပါဘူး။

Liverpool pre-season squad

Goalkeepers: Adrian, Caoimhin Kelleher, Loris Karius, Marcelo Pitaluga

Defenders: Ibrahima Konate, Virgil van Dijk, Joel Matip, Joe Gomez, Trent Alexander-Arnold, Kostas Tsimikas, Ben Davies, Rhys Williams, Nat Phillips, Anderson Arroyo

Midfielders: James Milner, Naby Keita, Alex Oxlade-Chamberlain, Curtis Jones, Marko Grujic, Ben Woodburn

Fowards: Mohamed Salah, Sadio Mane, Takumi Minamino, Divock Origi, Harvey Elliott, Taiwo Awoniyi, Sheyi Ojo

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ ရာသီၾကိဳ ျပင္ဆင္မႈကို ယူရိုျပိဳင္ပြဲနဲ႔ ကိုပါအေမရိက ျပိဳင္ပြဲတို႔ ျပီးဆံုးျပီး ေနာက္တစ္ရက္ျဖစ္တဲ့ ဂ်ဴလိုင္လ ၁၂ ရက္ေန႔မွာ စတင္မွာျဖစ္ပါတယ္။

ရာသီၾကိဳ အေစာပိုင္းမွာ ဟန္ဒါဆန္၊ သီယာဂို၊ အယ္လီဆန္၊ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အျခားေသာ ယူရို ျပိဳင္ပြဲဝင္ အသင္းသားေတြျဖစ္တဲ့ ေရာ္ဘတ္ဆန္၊ ဂ်ိဳတာ၊ ဝဲလ္ဆန္၊ နီကိုးနဲ႔ ရွာကီြရီတို႔ကေတာ့ ပထမဆံုး ပူးေပါင္းမႈနဲ႔ ၂ ပတ္ ဝန္းက်င္ ေနာက္က်ျပီး အသင္းျဖင့္ လာေရာက္ ပူးေပါင္းမွာျဖစ္တယ္။

ဂ်ဴလိုင္လ ၁ ရက္ေန႔မွာ ကားရီးယက္စ္၊ အာရိုရာ၊ ဂရုဂ်စ္၊ ဝုဒ္ဘမ္း၊ ရိုဂ်ိဳနဲ႔ အိုရီဂီတို႔က အသင္းထံ ေရာက္ရွိေၾကာင္း သတင္းပို႔ရမွာျဖစ္တယ္။ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ထရန္႔တို႔လို ဒဏ္ရာ ျပႆနာေတြရွိထားတဲ့ အသင္းသားေတြကေတာ့ သူတို႔ရဲ႕ ၾကံ႕ခိုင္မႈပိုင္းဆိုင္ရာ ပရိုဂရမ္ေတြအရပဲ ေလ့က်င့္ေရး ျပန္ဝင္ဖြယ္ရွိတယ္။

အဆိုပါရက္မွာ ကိုနေတးက အသင္းနဲ႔ တရားဝင္ ပူးေပါင္းမွာျဖစ္ျပီး တိုက္စစ္သမားေတြျဖစ္တဲ့ မာေနး၊ ဆာလာ၊ အီးလီးေယာ့၊ မီနာမီႏိုတို႔ေတြက ခ်ိန္ဘာလိန္၊ ကိတ္တာနည္းတူ ခါဘီကို ျပန္လည္ ပူးေပါင္းၾကမွာျဖစ္ပါတယ္။

ရာသီၾကိဳေတြရဲ႕ ထံုးစံအတိုင္း အကယ္ဒမီ အသင္းသားအခ်ိဳ႔ဟာ စီနီယာအသင္းနည္းတူ အသင္းထံ ျပန္ေရာက္ေၾကာင္း သတင္းပို႔ၾကမွာျဖစ္တယ္။ မႏွစ္က ယူ-၂၃ မွာ ေတာက္ပခဲ့တဲ့ လူငယ္အခ်ိဳ႔ကို ရာသီၾကိဳမွာ ျမင္ေတြ႔ရမယ္လို႔ သတင္းေတြ ၾကားထားရပါတယ္။

ဂ်ဴလိုင္ ၁ ရက္ေန႔မွာ စတင္မယ့္ ေလ့က်င့္ေရးေတြနည္းတူ ရာသီၾကိဳ ခ်စ္ၾကည္ေရးပြဲေတြလည္း ကစားရဖို႔ ရွိေနပါေသးတယ္။ ကလပ္ဘက္က ခ်န္ပီယံရွစ္ကလပ္ေတြ အဂၤလန္ျပင္ပ ကလပ္ေတြျဖင့္ ရက္ညိႏိႈင္းမႈေတြ လုပ္ေနေပမယ့္ တရားဝင္ ထုတ္ျပန္ခ်က္ေတြေတာ့ မရွိေသးပါဘူး။