လီဗာပူး အသင်း နည်းပြဟောင်းကြီ ဖြစ်တဲ့ ရာဖေး ဘင်နီတက်ဇ်ကတော့ မာဆေးဆိုဒ် ပြိုင်ဘက် အသင်း ဖြစ်တဲ့ အဲဗာတန် အသင်း မန်နေဂျာသစ် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက် အဲဗာတန်ရဲ့ တာဝန်ရှိသူ နည်းပြ အဖြစ်သာ အန်းဖီးလ်ကွင်းထံ ဘင်နီတက်ဇ် ပြန်လာရင် ပရိသတ်တွေက ခါတိုင်းလို ကြိုဆိုမှာ ဖြစ်ပေမယ့် ဘယ်လို တုန့်ပြန်မှုတွေ ရှိနိုင်ဦးမလဲ ဆိုတာကို ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ လော်ရိုး က သုံးသပ် မှတ်ချက်ပြုလာခဲ့ပါတယ်။

” ကျနော့်မှာ အဲဗာတန် အမာခံ ပရိသတ် ယောက်ဖ နှစ်ယောက်တောင် ရှိပါတယ်။ သူတို့ကလည်း ဘင်နီတက်ဇ် ကို ငါတို့ မလိုချင်ဘူး အလိုမရှိဘူး ဆိုတာချည်းပဲ။

ကျနော်ကတော့ ဒါတွေ ခေါင်းထဲက ထုတ်လိုက်ဖို့ပဲ တွေးတယ်။ ဘောလုံးက ဘယ်လိုလဲ ဆိုတာ ကျနော်တို့ သိတယ်၊ ပရိသတ်တွေ့လည်း ဘယ်လိုဆိုတာ သိကြတာပဲ။ ကျေနာ်တို့ အားလုံးက တူတူပါပဲ။ ဘင်နီတက်ဇ်သာ ဘောလုံးရာသီ အစပွဲ ၆ ပွဲလောက် နိုင်လိုက်၊ သူက တကယ့် ဉာဏ်ကြီးရှင် ဖြစ်သွားမှာ။

ကျနော်ကတော့ သူ အဆင်ပြေပြေ ရှိဖို့ပဲ မျှော်လင့်တယ်။ အဲဗာတန်က လီဗာပူးကို သွား ကစားမယ် ဆိုရင်တော့ ပရိသတ်တွေက နိုင်လိုဇော ပိုကြီးတော့မှာပေါ့ ရာဖာ၊ ဒါကိုတော့ နားလည်ပေးရမှာ။ ပရိသတ်တွေကတော့ သူ့ကို ၅-၀ လောက်တောင် အပြတ် နိုင်ချင်ကြမှာ၊ ဒါကိုတော့ သံသယ မရှိပါဘူး။ ” လို့ လော်ရိုးက သုံးသပ် မှတ်ချက်ပြုခဲ့ပါတယ်။

ဘင်နီတက်ဇ်ဟာ အန်းဖီးလ်မှာ ၆ နှစ်တာ နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီ လီဗာပူး အသင်း အတွက် ငါးကြိမ်မြောက် ချန်ပီယ့လိဂ် ဖလားကို ရယူပေးခဲ့ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား၊ စူပါကပ်နဲ့ ကွန်မြူနတီဒိုင်းတို့ပါ ဆွတ်ခူးခဲ့တာပါ။

စပိန်သား နည်းပြကြီးကို လီဗာပူး ဂန္တဝင် တစ်ဦး အဖြစ် မှတ်ယူကြတာကြောင့် အဲဗာတန် အသင်း ပရိသတ်တွေကတော့ ဘင်နီတက်ဇ် နည်းပြ ဖြစ်လာမှာ ခါးခါးသီးသီး ငြင်းဆန် ကန့်ကွက်ခဲ့ကြပါတယ်။

လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီမှာ လီဗာပူးအသင်းဟာ အဲဗာတန်နဲ့ နိုဝင်ဘာ ၃၀ မှာ အဝေးကွင်း၊ ဧပြီ ၂၃ မှာ အိမ်ကွင်း ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူး အသင္း နည္းျပေဟာင္းၾကီ ျဖစ္တဲ့ ရာေဖး ဘင္နီတက္ဇ္ကေတာ့ မာေဆးဆိုဒ္ ျပိဳင္ဘက္ အသင္း ျဖစ္တဲ့ အဲဗာတန္ အသင္း မန္ေနဂ်ာသစ္ ျဖစ္လာခဲ့ျပီ ျဖစ္ပါတယ္။

ျမိဳ႔ခံျပိဳင္ဘက္ အဲဗာတန္ရဲ႕ တာ၀န္ရွိသူ နည္းျပ အျဖစ္သာ အန္းဖီးလ္ကြင္းထံ ဘင္နီတက္ဇ္ ျပန္လာရင္ ပရိသတ္ေတြက ခါတိုင္းလို ၾကိဳဆိုမွာ ျဖစ္ေပမယ့္ ဘယ္လို တုန္႔ျပန္မႈေတြ ရွိနိုင္ဦးမလဲ ဆိုတာကို ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ေလာ္ရိုး က သံုးသပ္ မွတ္ခ်က္ျပဳလာခဲ့ပါတယ္။

” က်ေနာ့္မွာ အဲဗာတန္ အမာခံ ပရိသတ္ ေယာက္ဖ နွစ္ေယာက္ေတာင္ ရွိပါတယ္။ သူတို႔ကလည္း ဘင္နီတက္ဇ္ ကို ငါတို႔ မလိုခ်င္ဘူး အလိုမရွိဘူး ဆိုတာခ်ည္းပဲ။

က်ေနာ္ကေတာ့ ဒါေတြ ေခါင္းထဲက ထုတ္လိုက္ဖို႔ပဲ ေတြးတယ္။ ေဘာလံုးက ဘယ္လိုလဲ ဆိုတာ က်ေနာ္တို႔ သိတယ္၊ ပရိသတ္ေတြ႕လည္း ဘယ္လိုဆိုတာ သိၾကတာပဲ။ ကေ်နာ္တို႔ အားလံုးက တူတူပါပဲ။ ဘင္နီတက္ဇ္သာ ေဘာလံုးရာသီ အစပြဲ ၆ ပြဲေလာက္ နိုင္လိုက္၊ သူက တကယ့္ ဥာဏ္ၾကီးရွင္ ျဖစ္သြားမွာ။

က်ေနာ္ကေတာ့ သူ အဆင္ေျပေျပ ရွိဖို႔ပဲ ေမွ်ာ္လင့္တယ္။ အဲဗာတန္က လီဗာပူးကို သြား ကစားမယ္ ဆိုရင္ေတာ့ ပရိသတ္ေတြက နုိင္လိုေဇာ ပိုၾကီးေတာ့မွာေပါ့ ရာဖာ၊ ဒါကိုေတာ့ နားလည္ေပးရမွာ။ ပရိသတ္ေတြကေတာ့ သူ႔ကို ၅-၀ ေလာက္ေတာင္ အျပတ္ နုိင္ခ်င္ၾကမွာ၊ ဒါကိုေတာ့ သံသယ မရွိပါဘူး။ ” လို႔ ေလာ္ရိုးက သံုးသပ္ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဘင္နီတက္ဇ္ဟာ အန္းဖီးလ္မွာ ၆ နွစ္တာ နည္းျပ အျဖစ္ တာ၀န္ယူခဲ့ျပီ လီဗာပူး အသင္း အတြက္ ငါးၾကိမ္ေျမာက္ ခ်န္ပီယ့လိဂ္ ဖလားကို ရယူေပးခဲ့ပါတယ္။ ဒါ့အျပင္ အက္ဖ္ေအဖလား၊ စူပါကပ္နဲ႕ ကြန္ျမဴနတီဒိုငး္တို႕ပါ ဆြတ္ခူးခဲ့တာပါ။

စပိန္သား နည္းျပၾကီးကို လီဗာပူး ဂႏၱ၀င္ တစ္ဦး အျဖစ္ မွတ္ယူၾကတာေၾကာင့္ အဲဗာတန္ အသင္း ပရိသတ္ေတြကေတာ့ ဘင္နီတက္ဇ္ နည္းျပ ျဖစ္လာမွာ ခါးခါးသီးသီး ျငင္းဆန္ ကန္႔ကြက္ခဲ့ၾကပါတယ္။

လာမယ့္ ၂၀၂၁-၂၂ ေဘာလံုးရာသီမွာ လီဗာပူးအသငး္ဟာ အဲဗာတန္နဲ႕ နုိ၀င္ဘာ ၃၀ မွာ အေ၀းကြင္း၊ ဧျပီ ၂၃ မွာ အိမ္ကြင္း ရင္ဆုိင္ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။