လီဗာပူး ကစားသမားဟောင်း ပေါလ် ရော်ဘင်ဆန်ကလည်း ပီအက်စ်ဗီ တိုက်စစ်သမား မာလန်ကို ခေါ်ယူခြင်းက ကလပ်အတွက် အကျိုးဖြစ်မယ်လို့ ထောက်ခံလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားဟာ ဒီနွေမှာ လီဗာပူးအသင်းနဲ့ သတင်းကြီးနေပြီး သူကိုယ်တိုင်ကတော့ စိန်ခေါ်မှုသစ်တွေအတွက် ပီအက်စ်ဗီကနေ ထွက်ခွာလိုနေပါတယ်။

အက်သလက်တီကိုမက်ဒရစ်က အူဒီးနီကွင်းလယ်လူ ရိုဒရီဂိုကို ခေါ်ယူဖို့ သဘောတူညီမှုရတဲ့နောက် ဆောကို ထွက်ခွာခွင့်ပေးတော့မှာဖြစ်တယ်။ ဆောကို လီဗာပူးဘက်က ချိတ်ဆက်မယ်လို့ စပိန်သတင်းတွေက ဖော်ပြနေကြပြီး လီဗာပူးသတင်းထောက်တွေကတော့ ထူးထူးခြားခြား ဖော်ပြလာခြင်း မရှိသေးပါဘူး။

လိုင်လီ ကွင်းလယ်လူ ဆန်းချက်ကို ခေါ်ယူဖို့ လီဗာပူးဘက်က အတော်လေး စိတ်ဝင်စားနေကြောင်းကို အပြောင်းအရွှေ့ သတင်းထောက် အတော်များများက ဖော်ပြနေပါတယ်။ အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မရှိသေးပေမယ့် လိုင်လီဘက်က ၎င်းတို့ရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းဖို့ ဆန်းချက်ကိုလည်း ရောင်းထုတ်လိုတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြတယ်။

ဆောက်သမ်တန်က တိုက်စစ်မှူး ဒန်နီအင့်ကို ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားအဖြစ် တိုးမြင့်ကမ်းလှမ်းမှု ပါဝင်တဲ့ ၄ နှစ်ခွဲ စာချုပ်ကို ပေးပို့ခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချပါတယ်။ ဒန်နီအင့်ဟာ ဒီနွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်သင်းထံ ပြောင်းလိုနေပြီး လီဗာပူးဟာ ကစားသမားရဲ့ အနာဂတ် ပြောင်းရွှေ့ကြေးကနေ ၂၀% ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ပေါ်တိုက ၎င်းတို့ ကွင်းလယ်လူ အိုထိဗီယိုအတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုဆိုရင် လက်ခံပေးမယ်အကြောင်း ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောလာပါတယ်။ လီဗာပူးက ကွင်းလယ်လူကို သဘောကျထားပြီး ဂရုဂျစ် အလိုက်ပါတဲ့ ကမ်းလှမ်းမှု ပေးခဲ့တယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။

တိုက်စစ်မှူးဆာလာဟာ ဒီနွေမှာ အီဂျစ်အသင်းနဲ့အတူ တိုကျိုအိုလံပစ် ပြိုင်ပွဲထံ ပါဝင်သွားလိုစိတ် ထက်သန်နေပါတယ်။ လီဗာပူးကတော့ မည့်သည့် အသင်းသားကိုမှ အိုလံပစ် ပြိုင်ပွဲအတွက် လက်လွတ်မှာ မဟုတ်ပါဘူး။

ZAWGYI

လီဗာပူး ကစားသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆန္ကလည္း ပီအက္စ္ဗီ တိုက္စစ္သမား မာလန္ကို ေခၚယူျခင္းက ကလပ္အတြက္ အက်ိဳးျဖစ္မယ္လို႔ ေထာက္ခံလိုက္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဒီေႏြမွာ လီဗာပူးအသင္းနဲ႔ သတင္းၾကီးေနျပီး သူကိုယ္တိုင္ကေတာ့ စိန္ေခၚမႈသစ္ေတြအတြက္ ပီအက္စ္ဗီကေန ထြက္ခြာလိုေနပါတယ္။

အက္သလက္တီကိုမက္ဒရစ္က အူဒီးနီကြင္းလယ္လူ ရိုဒရီဂိုကို ေခၚယူဖို႔ သေဘာတူညီမႈရတဲ့ေနာက္ ေဆာကို ထြက္ခြာခြင့္ေပးေတာ့မွာျဖစ္တယ္။ ေဆာကို လီဗာပူးဘက္က ခ်ိတ္ဆက္မယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပေနၾကျပီး လီဗာပူးသတင္းေထာက္ေတြကေတာ့ ထူးထူးျခားျခား ေဖာ္ျပလာျခင္း မရွိေသးပါဘူး။

လိုင္လီ ကြင္းလယ္လူ ဆန္းခ်က္ကို ေခၚယူဖို႔ လီဗာပူးဘက္က အေတာ္ေလး စိတ္ဝင္စားေနေၾကာင္းကို အေျပာင္းအေရႊ႔ သတင္းေထာက္ အေတာ္မ်ားမ်ားက ေဖာ္ျပေနပါတယ္။ အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈ မရွိေသးေပမယ့္ လိုင္လီဘက္က ၄င္းတို႔ရဲ႕ ဘ႑ာေရး ျပႆနာကို ေျဖရွင္းဖို႔ ဆန္းခ်က္ကိုလည္း ေရာင္းထုတ္လိုတယ္လို႔ ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပတယ္။

ေဆာက္သမ္တန္က တိုက္စစ္မွဴး ဒန္နီအင့္ကို ကလပ္ရဲ႕ လုပ္ခ အျမင့္ဆံုး ကစားသမားအျဖစ္ တိုးျမင့္ကမ္းလွမ္းမႈ ပါဝင္တဲ့ ၄ ႏွစ္ခြဲ စာခ်ဳပ္ကို ေပးပို႔ခဲ့ေပမယ့္ ကစားသမားဘက္က ပယ္ခ်ပါတယ္။ ဒန္နီအင့္ဟာ ဒီေႏြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းတစ္သင္းထံ ေျပာင္းလိုေနျပီး လီဗာပူးဟာ ကစားသမားရဲ႕ အနာဂတ္ ေျပာင္းေရႊ႔ေၾကးကေန ၂၀% ခံစားခြင့္ရမွာ ျဖစ္ပါတယ္။

ေပၚတိုက ၄င္းတို႔ ကြင္းလယ္လူ အိုထိဗီယိုအတြက္ မွန္ကန္တဲ့ ကမ္းလွမ္းမႈဆိုရင္ လက္ခံေပးမယ္အေၾကာင္း ကစားသမားရဲ႕ ေအးဂ်င့္က ထုတ္ေျပာလာပါတယ္။ လီဗာပူးက ကြင္းလယ္လူကို သေဘာက်ထားျပီး ဂရုဂ်စ္ အလိုက္ပါတဲ့ ကမ္းလွမ္းမႈ ေပးခဲ့တယ္လို႔လည္း သတင္းေတြ ထြက္ထားပါတယ္။

တိုက္စစ္မွဴးဆာလာဟာ ဒီေႏြမွာ အီဂ်စ္အသင္းနဲ႔အတူ တိုက်ိဳအိုလံပစ္ ျပိဳင္ပြဲထံ ပါဝင္သြားလိုစိတ္ ထက္သန္ေနပါတယ္။ လီဗာပူးကေတာ့ မည့္သည့္ အသင္းသားကိုမွ အိုလံပစ္ ျပိဳင္ပြဲအတြက္ လက္လြတ္မွာ မဟုတ္ပါဘူး။