ဆာလာဟာ ဒီနွေမှာ ယှဉ်ပြိုင်မယ့် အိုလံပစ် ပြိုင်ပွဲအတွက် သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေက ခေါ်ယူလိုနေတဲ့ လီဗာပူး အသင်းသား ၃ ဦးထဲ ပါဝင်နေပါတယ်။

ဆာလာကို အီဂျစ်အသင်းက ခေါ်ယူလိုနေခြင်းအပြင် ပြင်သစ်အသင်းနဲ့ ဂျပန်အသင်းတို့ကလည်း ကိုနတေးနဲ့ မီနာမီနိုတို့ကို ၎င်းတို့ရဲ့ အိုလံပစ်ပြိုင်ပွဲဝင် ယူ-၂၃ အသင်းတွေအတွက် ခေါ်ယူလိုနေတာဖြစ်တယ်။

ဂျူလိုင်လ ၂၃ ရက်နေ့မှာ စတင်ပြီး သြဂုတ်လ ၈ ရက်နေ့မှာ ပြီးဆုံးမယ့် အိုလံပစ်ပြိင်ပွဲကို စေလွှတ်ပေးရင် ကစားသမားတွေက ရာသီအစောပိုင်း ပွဲစဉ်တွေကို လွဲချော်နိုင်တယ်။ ဒါကြောင့်လည်း မည့်သည့် စီနီယာအသင်းသားကိုမှ အိုလံပစ်ပြိုင်ပွဲထံ သွားရောက် ယှဉ်ပြိုင်စေခြင်း မပြုဖို့ လီဗာပူးဘက်က ဆုံးဖြတ်ထားတယ်။

ဒါပေမယ့်လို့ ဆာလာကိုယ်တိုင်က အိုလံပစ်ထံ ပါဝင်ယှဉ်ပြိုင်လိုစိတ် ပြင်းပြနေတယ်။ ဒါကြောင့်လည်း အီဂျစ်ဘက်က လီဗာပူးနဲ့ ညိနှိုင်းနေပြီး သူတို့ ကစားသမားကို ပါဝင်ခွင့်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

အီဂျစ်အသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “ လီဗာပူးနဲ့ ညိနှိုင်းမှုတွေက မအောင်မြင်ပါဘူး။ လီဗာပူးဘက်က ဆာလာကို ဆက်ထိန်းလိုနေတယ်။ ဆာလာ ကိုယ်တိုင်ကတော့ တိုကျိုမှာ ယှဉ်ပြိုင်မယ့် အိုလံပစ်ပြိင်ပွဲမှာ ပါဝင်လိုစိတ် ပြင်းပြနေပါတယ်။ ဒါပေမယ့် အခြေအနေက သူ့ရဲ့ သဘောဆန္ဒအတိုင်း လုပ်ပိုင်ခွင့် မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘောလုံး ဥပဒေရေးရာအရတော့ ဆာလာကို အိုလံပစ်ပြိုင်ပွဲထံ သွားခွင့် ပြု မပြုက လီဗာပူးအပေါ်မှာပဲ မူတည်ပါတယ်။ ဆာလာကို အိုလံပစ်ထံ စေလွှတ်ခြင်း မလုပ်လို့လည်း သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်ထံက အရေးယူခြင်းတွေကို လီဗာပူးအသင်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။

အိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သက်လို့ ဖီဖာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ” အမျိုုသား အိုလံပစ် ဘောလုံးပြိုင်ပွဲနဲ့ ဖီဖာရဲ့ သက်တမ်းအလိုက် ပြိုင်ပွဲတွေက အမျိုးသား နိုင်ငံတကာပွဲစဉ်တွေရဲ့ ၂၀၁၈ ကနေ ၂၀၂၄ ဘောလုံး ပြက္ခဒိန်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါကြောင့် ကလပ်အသင်းတွေက အဲဒီ ပြိုင်ပွဲတွေ အတွက် ကစားသမားတွေကို မဖြစ် မနေ စေလွှတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူး” လို့ ဆိုထားပါတယ်။

ZAWGYI

ဆာလာဟာ ဒီေႏြမွာ ယွဥ္ျပိဳင္မယ့္ အိုလံပစ္ ျပိဳင္ပြဲအတြက္ သက္ဆုိင္ရာ လက္ေရြးစင္အသင္းေတြက ေခၚယူလိုေနတဲ့ လီဗာပူး အသင္းသား ၃ ဦးထဲ ပါဝင္ေနပါတယ္။

ဆာလာကို အီဂ်စ္အသင္းက ေခၚယူလိုေနျခင္းအျပင္ ျပင္သစ္အသင္းနဲ႔ ဂ်ပန္အသင္းတို႔ကလည္း ကိုနေတးနဲ႔ မီနာမီႏိုတို႔ကို ၄င္းတို႔ရဲ႕ အိုလံပစ္ျပိဳင္ပြဲဝင္ ယူ-၂၃ အသင္းေတြအတြက္ ေခၚယူလိုေနတာျဖစ္တယ္။

ဂ်ဴလိုင္လ ၂၃ ရက္ေန႔မွာ စတင္ျပီး ၾသဂုတ္လ ၈ ရက္ေန႔မွာ ျပီးဆံုးမယ့္ အိုလံပစ္ျပိင္ပြဲကို ေစလႊတ္ေပးရင္ ကစားသမားေတြက ရာသီအေစာပိုင္း ပြဲစဥ္ေတြကို လြဲေခ်ာ္ႏုိင္တယ္။ ဒါေၾကာင့္လည္း မည့္သည့္ စီနီယာအသင္းသားကိုမွ အိုလံပစ္ျပိဳင္ပြဲထံ သြားေရာက္ ယွဥ္ျပိဳင္ေစျခင္း မျပဳဖို႔ လီဗာပူးဘက္က ဆံုးျဖတ္ထားတယ္။

ဒါေပမယ့္လို႔ ဆာလာကိုယ္တုိင္က အိုလံပစ္ထံ ပါဝင္ယွဥ္ျပိဳင္လိုစိတ္ ျပင္းျပေနတယ္။ ဒါေၾကာင့္လည္း အီဂ်စ္ဘက္က လီဗာပူးနဲ႔ ညိႏိႈင္းေနျပီး သူတို႔ ကစားသမားကို ပါဝင္ခြင့္ေပးဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။

အီဂ်စ္အသင္း ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က “ လီဗာပူးနဲ႔ ညိႏိႈင္းမႈေတြက မေအာင္ျမင္ပါဘူး။ လီဗာပူးဘက္က ဆာလာကို ဆက္ထိန္းလိုေနတယ္။ ဆာလာ ကိုယ္တုိင္ကေတာ့ တိုက်ိဳမွာ ယွဥ္ျပိဳင္မယ့္ အိုလံပစ္ျပိင္ပြဲမွာ ပါဝင္လိုစိတ္ ျပင္းျပေနပါတယ္။ ဒါေပမယ့္ အေျခအေနက သူ႔ရဲ႕ သေဘာဆႏၵအတိုင္း လုပ္ပိုင္ခြင့္ မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေဘာလံုး ဥပေဒေရးရာအရေတာ့ ဆာလာကို အိုလံပစ္ျပိဳင္ပြဲထံ သြားခြင့္ ျပဳ မျပဳက လီဗာပူးအေပၚမွာပဲ မူတည္ပါတယ္။ ဆာလာကို အိုလံပစ္ထံ ေစလႊတ္ျခင္း မလုပ္လို႔လည္း သက္ဆုိင္ရာ ေဘာလံုးအဖြဲ႔ခ်ဳပ္ထံက အေရးယူျခင္းေတြကို လီဗာပူးအသင္း ရင္ဆိုင္ရမွာ မဟုတ္ပါဘူး။

အိုလံပစ္ျပိဳင္ပြဲနဲ႔ ပတ္သက္လို႔ ဖီဖာ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္က ” အမ်ိဳုသား အိုလံပစ္ ေဘာလံုးျပိဳင္ပြဲနဲ႕ ဖီဖာရဲ႕ သက္တမ္းအလိုက္ ျပိဳင္ပြဲေတြက အမ်ိဳးသား နုိင္ငံတကာပြဲစဥ္ေတြရဲ႕ ၂၀၁၈ ကေန ၂၀၂၄ ေဘာလံုး ျပကၡဒိန္မွာ ထည့္သြင္းထားျခင္း မရွိပါဘူး။ ဒါေၾကာင့္ ကလပ္အသင္းေတြက အဲဒီ ျပိဳင္ပြဲေတြ အတြက္ ကစားသမားေတြကို မျဖစ္ မေန ေစလႊတ္ေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ မရွိဘူး” လို႔ ဆိုထားပါတယ္။