စပိန်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ပီဒရီက လက်ရွေးစင်အသင်းမှာ သီယာဂိုနဲ့ တွဲဘက်ပြီး ကစားခွင့်ရတာက ကံကောင်းပါတယ်လို့ ဝန်ခံပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ဆီမီးအဆင့်မှာ အီတလီအသင်းနဲ့ ထိပ်တိုက်တွေ့နေတာပါ။ ယူရို ၂၀၂၀ မှာတော့ ပီဒရီက သီယာဂိုကို ကျော်ပြီး ပွဲထွက်ခွင့်တွေ ရနေတာဖြစ်တယ်။ ဒါပေမယ့်လည်း လေ့ကျင့်ရေးမှာတော့ သီယာဂိုထံက အများကြီး သင်ယူနေတဲ့အကြောင်းကို ပီဒရီက ဖွင့်ဟလာခဲ့တာဖြစ်တယ်။

အသက် ၃၀ အရွယ် သီယာဂိုဟာ နည်းစနစ်ကောင်းမှုကြောင့် နာမည်ကြီးသူဖြစ်တယ်။ ဘရာဇီးတိုက်စစ်မှူး နေမာကလည်း သူ့ထက် ပိုပြီး နည်းစနစ်ကောင်းတဲ့ ကစားသမား (၅) ဦးထဲမှာ သီယာဂိုကို ထည့်သွင်း မှတ်ချက်ပေးခဲ့ပါတယ်။

သီယာဂိုဟာ မနှစ်က နွေမှာ လီဗာပူးကို ပြောင်းလာပြီးနောက် ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှုပိုင်း ရုန်းကန်ခဲ့ရရာက စပိန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးလာခဲ့သူ ဖြစ်ပါတယ်။

ပီဒရီက ” သီယာဂိုနဲ့ တွဲကစားခွင့်ရတာ ကျနော် ကံကောင်းပါတယ်။ လေ့ကျင့်ရေးမှာ သူကို မြင်ရပြီး သူနဲ့အတူ တွဲကစားရတာက အံသြစရာကောင်းပါတယ်။ သူက သိပ်ကို ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ဒါကို ရုပ်သံကနေ လူတိုင်း မြင်မိကြမယ် ထင်ပါတယ်။

သီယာဂိုလို သိပ်ကောင်းတဲ့ အသင်းဖော်တွေ စပိန်လူစာရင်းမှာ ရှိနေတယ်။ သူတို့အားလုံးထံက သင်ယူမှုတွေလုပ်ဖို့ ကျနော် ကြိုးစားနေပါတယ်။ ကျနော်က ခြားနားတဲ့ ကစားသမားတွေကို အမြဲတမ်း လေ့လာလေ့ရှိတယ်။ ဘောလုံးပွဲတွေ ကြည့်ရတာကို ကျနော် သဘောကျပါတယ်။ ကျနော်နဲ့ ကစားဟန်တူတဲ့ ကစားသမားတွေရဲ့ ကစားပုံကိုလည်း အမြဲ စောင့်ကြည့်ဖြစ်ပါတယ်။

လူတိုင်းထံကနေ သင်ယူမှု ရယူနိုင်လို့ အီတလီကစားသမားတွေ အပါအဝင် ကစားသမားတိုင်းရဲ့ ပွဲတွေကို ကြည့်ဖို့ ကြိုးစားလေ့ ရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စပိန္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူ ပီဒရီက လက္ေရြးစင္အသင္းမွာ သီယာဂိုနဲ႔ တြဲဘက္ျပီး ကစားခြင့္ရတာက ကံေကာင္းပါတယ္လို႔ ဝန္ခံပါတယ္။

စပိန္အသင္းဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲ ဆီမီးအဆင့္မွာ အီတလီအသင္းနဲ႔ ထိပ္တိုက္ေတြ႔ေနတာပါ။ ယူရို ၂၀၂၀ မွာေတာ့ ပီဒရီက သီယာဂိုကို ေက်ာ္ျပီး ပြဲထြက္ခြင့္ေတြ ရေနတာျဖစ္တယ္။ ဒါေပမယ့္လည္း ေလ့က်င့္ေရးမွာေတာ့ သီယာဂိုထံက အမ်ားၾကီး သင္ယူေနတဲ့အေၾကာင္းကို ပီဒရီက ဖြင့္ဟလာခဲ့တာျဖစ္တယ္။

အသက္ ၃၀ အရြယ္ သီယာဂိုဟာ နည္းစနစ္ေကာင္းမႈေၾကာင့္ နာမည္ၾကီးသူျဖစ္တယ္။ ဘရာဇီးတိုက္စစ္မွဴး ေနမာကလည္း သူ႔ထက္ ပိုျပီး နည္းစနစ္ေကာင္းတဲ့ ကစားသမား (၅) ဦးထဲမွာ သီယာဂိုကို ထည့္သြင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

သီယာဂိုဟာ မႏွစ္က ေႏြမွာ လီဗာပူးကို ေျပာင္းလာျပီးေနာက္ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ၾကံ႕ခိုင္မႈပိုင္း ရုန္းကန္ခဲ့ရရာက စပိန္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆံုးလာခဲ့သူ ျဖစ္ပါတယ္။

ပီဒရီက ” သီယာဂိုနဲ႔ တြဲကစားခြင့္ရတာ က်ေနာ္ ကံေကာင္းပါတယ္။ ေလ့က်င့္ေရးမွာ သူကို ျမင္ရျပီး သူနဲ႔အတူ တြဲကစားရတာက အံၾသစရာေကာင္းပါတယ္။ သူက သိပ္ကို ထူးခၽြန္တဲ့ ကစားသမားျဖစ္ျပီး ဒါကို ရုပ္သံကေန လူတိုင္း ျမင္မိၾကမယ္ ထင္ပါတယ္။

သီယာဂိုလို သိပ္ေကာင္းတဲ့ အသင္းေဖာ္ေတြ စပိန္လူစာရင္းမွာ ရွိေနတယ္။ သူတို႔အားလံုးထံက သင္ယူမႈေတြလုပ္ဖို႔ က်ေနာ္ ၾကိဳးစားေနပါတယ္။ က်ေနာ္က ျခားနားတဲ့ ကစားသမားေတြကို အျမဲတမ္း ေလ့လာေလ့ရွိတယ္။ ေဘာလံုးပြဲေတြ ၾကည့္ရတာကို က်ေနာ္ သေဘာက်ပါတယ္။ က်ေနာ္နဲ႔ ကစားဟန္တူတဲ့ ကစားသမားေတြရဲ႕ ကစားပံုကိုလည္း အျမဲ ေစာင့္ၾကည့္ျဖစ္ပါတယ္။

လူတိုင္းထံကေန သင္ယူမႈ ရယူႏုိင္လို႔ အီတလီကစားသမားေတြ အပါအဝင္ ကစားသမားတိုင္းရဲ႕ ပြဲေတြကို ၾကည့္ဖို႔ ၾကိဳးစားေလ့ ရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။